OnePlus ေလးမွာ Notifications ေတြေႏွးေနရင္ ဒါေလးလုပ္ၾကည့္

0
537

Zawgyi Version

OnePlus ကို စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းေတြရဲ႕ေဘာင္ကို ခ်ဲ႕ထြင္ခဲ့သူလို႕ ေျပာရမွာပါ။ OnePlus ဖုန္းေတြရဲ႕အေကာင္းဆံုးအရာေတြထဲမွ တစ္ခုကိုေကာက္ႏုတ္ျပရမယ္ဆိုရင္ ဘတ္ထရီသက္တမ္းပါပဲ။ ဒါေပမယ့္လည္း ဒီလိုေကာင္းေနဖို႕အတြက္ Oxygen OS က deep sleep mode ၀င္တဲ့အခါ notification ေတြကို disable or delay လုပ္ထားပါတယ္။ ဖုန္းကို wake up မလုပ္ခင္အထိ သတိမထားမိႏုိင္ပါဘူး။ ဒါက အခ်ိဳ႕လူေတြအတြက္ အဆင္မေျပျဖစ္ေစပါတယ္။

ဒါ့အျပင္ အခ်ိဳ႕ app ဒါမွမဟုတ္ ၀န္ေဆာင္မႈေတြက background မွာ run ေနႏိုင္ပါတယ္။ deep sleep ျဖစ္ေပၚလာတဲ့အခ်ိန္မွာ ကြန္ရက္ခ်ိတ္ဆက္မႈကိုပိတ္လုိက္တဲ့အတြက္ေၾကာင့္ music player လိုဟာမ်ိဳးေတြက ျပတ္ေတာက္သြားႏုိင္ပါတယ္။ ဒီေတာ့ ဒီေန႕ေျပာျပေပးသြားမယ့္အေၾကာင္းအရာေလးက တစ္ခ်ိန္လံုး network connection active မလုပ္ထားဘဲ အဆင္ေျပေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာပါပဲ။ ဘတ္ထရီသက္တမ္းကိုလည္း ထိခိုက္မႈမရွိပါဘူး။

OnePlus’ Over-Active Battery Optimizations ကို disable လုပ္ျခင္း

ပထမဆံုးအေနနဲ႕ ဖုန္းမွာရွိတဲ့ Settings app ကို ဖြင့္လိုက္ျပီး”Battery” ဆိုတဲ့ေနရာေလးကို သြားလုိက္ပါ။ အဲဒီမွာ “Battery optimization” ကို ႏွိပ္လိုက္ျပီး ညာဘက္အေပၚနားက အစက္သံုးစက္ကိုႏွိပ္ျပီး “Advanced optimization” ကို သြားလုိက္ပါ။

ဒီေနရာမွာ ေရြးခ်ယ္စရာႏွစ္ခုျဖစ္တဲ့ “Sleep standby optimization” နဲ႕ “Deep optimization” ကို ေတြ႕ပါလိမ့္မယ္။ default အရေတာ့ ႏွစ္ခုလံုးကို enable လုပ္ထားပါတယ္။ ဒါေပမယ့္လည္း သင့္မွာထိန္းခ်ဳပ္ႏုိင္စြမ္းရွိပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုတာေျပာျပေပးပါ့မယ္။

Deep optimization

အေရးပါတဲ့ app ေတြက ခ်ိတ္ဆက္မႈလြတ္သြားတာ၊ ဒါမွမဟုတ္ ေႏွာင့္ယွက္ခံေနရတယ္လို႕ထင္ရင္ Disable လုပ္ရမွာပါ။ ဒီ optimization အမ်ိဳးအစားက အေတာ္ေလးျပင္းထန္ပါတယ္။ app နဲ႕ ၀န္ေဆာင္မႈအခ်ိဳ႕ကို kill ပစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း သံုးေနတဲ့အခ်ိန္မွာ အဆင္ေျပရင္ enable လုပ္ထားလို႕ရပါတယ္။

Sleep standby optimization

ဒါေလးကေတာ့ notification ေတြ မရတာ၊ ေႏွးေနတာျဖစ္ေနမယ္ဆိုရင္ေတာ့ disable လုပ္ထားသင့္ပါတယ္။ deep optimization လိုပဲ default ဖြင့္ထားပါတယ္။ ဘတ္ထရီသက္တမ္းေကာင္းေစတယ္ဆိုေပမယ့္လည္း notification ေတြ လြတ္ကုန္တာကေတာ့ အဆင္မေျပပါဘူး။ setting ကို ပိတ္လုိက္လို႕ ဘတ္ထရီအား နည္းနည္းပဲစားမွာဆိုေတာ့ စိတ္မပူပါနဲ႕။

network connection ေလးကလည္း active ျဖစ္ေနမွာျဖစ္ပါတယ္။ deep sleep mode ဖြင့္ထားလည္း အိုေကပါတယ္။ အေရးၾကီးတဲ့ notification ေတြကိုလည္း လြတ္မသြားေတာ့ဘူးေပ့ါ။ ဒါေတာင္ အဆင္မေျပျဖစ္ေနတယ္ဆုိရင္ေတာ့ “Deep optimization” setting ကိုလည္း ပိတ္ထားလိုက္ပါ။ အဆင္ေျပပါေစ။

Unicode Version

OnePlus ကို စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတွေရဲ့ဘောင်ကို ချဲ့ထွင်ခဲ့သူလို့ ပြောရမှာပါ။ OnePlus ဖုန်းတွေရဲ့အကောင်းဆုံးအရာတွေထဲမှ တစ်ခုကိုကောက်နုတ်ပြရမယ်ဆိုရင် ဘတ်ထရီသက်တမ်းပါပဲ။ ဒါပေမယ့်လည်း ဒီလိုကောင်းနေဖို့အတွက် Oxygen OS က deep sleep mode ဝင်တဲ့အခါ notification တွေကို disable or delay လုပ်ထားပါတယ်။ ဖုန်းကို wake up မလုပ်ခင်အထိ သတိမထားမိနိုင်ပါဘူး။ ဒါက အချို့လူတွေအတွက် အဆင်မပြေဖြစ်စေပါတယ်။
ဒါ့အပြင် အချို့ app ဒါမှမဟုတ် ဝန်ဆောင်မှုတွေက background မှာ run နေနိုင်ပါတယ်။ deep sleep ဖြစ်ပေါ်လာတဲ့အချိန်မှာ ကွန်ရက်ချိတ်ဆက်မှုကိုပိတ်လိုက်တဲ့အတွက်ကြောင့် music player လိုဟာမျိုးတွေက ပြတ်တောက်သွားနိုင်ပါတယ်။ ဒီတော့ ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးက တစ်ချိန်လုံး network connection active မလုပ်ထားဘဲ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဘတ်ထရီသက်တမ်းကိုလည်း ထိခိုက်မှုမရှိပါဘူး။
OnePlus’ Over-Active Battery Optimizations ကို disable လုပ်ခြင်း
ပထမဆုံးအနေနဲ့ ဖုန်းမှာရှိတဲ့ Settings app ကို ဖွင့်လိုက်ပြီး”Battery” ဆိုတဲ့နေရာလေးကို သွားလိုက်ပါ။ အဲဒီမှာ “Battery optimization” ကို နှိပ်လိုက်ပြီး ညာဘက်အပေါ်နားက အစက်သုံးစက်ကိုနှိပ်ပြီး “Advanced optimization” ကို သွားလိုက်ပါ။


ဒီနေရာမှာ ရွေးချယ်စရာနှစ်ခုဖြစ်တဲ့ “Sleep standby optimization” နဲ့ “Deep optimization” ကို တွေ့ပါလိမ့်မယ်။ default အရတော့ နှစ်ခုလုံးကို enable လုပ်ထားပါတယ်။ ဒါပေမယ့်လည်း သင့်မှာထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါ့မယ်။




Deep optimization
အရေးပါတဲ့ app တွေက ချိတ်ဆက်မှုလွတ်သွားတာ၊ ဒါမှမဟုတ် နှောင့်ယှက်ခံနေရတယ်လို့ထင်ရင် Disable လုပ်ရမှာပါ။ ဒီ optimization အမျိုးအစားက အတော်လေးပြင်းထန်ပါတယ်။ app နဲ့ ဝန်ဆောင်မှုအချို့ကို kill ပစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သုံးနေတဲ့အချိန်မှာ အဆင်ပြေရင် enable လုပ်ထားလို့ရပါတယ်။
Sleep standby optimization
ဒါလေးကတော့ notification တွေ မရတာ၊ နှေးနေတာဖြစ်နေမယ်ဆိုရင်တော့ disable လုပ်ထားသင့်ပါတယ်။ deep optimization လိုပဲ default ဖွင့်ထားပါတယ်။ ဘတ်ထရီသက်တမ်းကောင်းစေတယ်ဆိုပေမယ့်လည်း notification တွေ လွတ်ကုန်တာကတော့ အဆင်မပြေပါဘူး။ setting ကို ပိတ်လိုက်လို့ ဘတ်ထရီအား နည်းနည်းပဲစားမှာဆိုတော့ စိတ်မပူပါနဲ့။
network connection လေးကလည်း active ဖြစ်နေမှာဖြစ်ပါတယ်။ deep sleep mode ဖွင့်ထားလည်း အိုကေပါတယ်။ အရေးကြီးတဲ့ notification တွေကိုလည်း လွတ်မသွားတော့ဘူးပေ့ါ။ ဒါတောင် အဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ “Deep optimization” setting ကိုလည်း ပိတ်ထားလိုက်ပါ။ အဆင်ပြေပါစေ။

Leave a Reply