Smartphone Trending

iPhone XS Max ထက္ ပိုေကာင္းတဲ့ Xiaomi Mi Mix 3 ရဲ႕ Selfie Camera

စမတ္ဖုန္းမ်ားရဲ႕ ကင္မရာမ်ားကို စမ္းသပ္ရာမွာ DxOMark က နာမည္ႀကီးပါတယ္။ အခုေတာ့ DxOMark က ဆဲလ္ဖီး ကင္မရာမ်ားကိုပါ စမ္းသပ္လိုက္ၿပီ ျဖစ္ပါတယ္။ ကဲ ဘယ္ဖုန္းရဲ႕ ဆဲလ္ဖီး ကင္မရာက အေကာင္းဆံုးလဲဆိုတာ ဆက္ဖတ္ပါ။ DxOMark က အားလံုးေပါင္း စမတ္ဖုန္း ၁၀ လံုးကို စမ္းသပ္ထားပါတယ္။ ဖုန္းမ်ားကေန ဓါတ္ပံုေပါင္း ၁၅၀၀ နဲ႔ ၂ နာရီေက်ာ္ၾကာ ဗီဒီယိုမ်ားကို ရိုက္ကူးျခင္းျဖင့္ စမ္းသပ္လိုက္တာ ျဖစ္ပါတယ္။ အဲဒီ ရလဒ္မ်ားကို ေအာက္ကပံုမွာ ၾကည့္ပါ။

ဆဲလ္ဖီး ကင္မရာ အေကာင္းဆံုး စမတ္ဖုန္း ၁၀ လံုးမွာ သရဖူေဆာင္းသြားတာက Google Pixel 3  ျဖစ္ပါတယ္။ DxOMark က Google Pixel 3 ဟာ အေကာင္းဆံုး Selfie မ်ားကို ဖမ္းယူေပးႏုိင္ၿပီး ဓါတ္ပံုမ်ားက အေသးစိတ္က်တယ္လို႔ ေျပာပါတယ္။ Noise လည္း နည္းပါးပါတယ္။ နံပါတ္ ၂ ေနရာက Samsung Galaxy Note 9 ဟာ ဗီဒီယိုအပိုင္းမွာ အေကာင္းဆံုး Selfie Camera လို႔ ေျပာပါတယ္။ သူဟာ Stabilization နဲ႔ Rendering အပိုင္းမွာ အလြန္ ေကာင္းပါတယ္။

Xiaomi Mi Mix 3 ဟာ Apple iPhone XS Max ထက္ အမွတ္မ်ားၿပီး နံပါတ္ ၃ ေနရာကို သိမ္းပိုက္ထားပါတယ္။ Mi Mix 3 ဟာ Selfie Portrait အပိုင္းမွာ အလြန္ ေကာင္းတယ္လို႔ သိရပါတယ္။

unicode

iPhone XS Max ထက် ပိုကောင်းတဲ့ Xiaomi Mi Mix 3 ရဲ့ Selfie Camera

စမတ်ဖုန်းများရဲ့ ကင်မရာများကို စမ်းသပ်ရာမှာ DxOMark က နာမည်ကြီးပါတယ်။ အခုတော့ DxOMark က ဆဲလ်ဖီး ကင်မရာများကိုပါ စမ်းသပ်လိုက်ပြီ ဖြစ်ပါတယ်။ ကဲ ဘယ်ဖုန်းရဲ့ ဆဲလ်ဖီး ကင်မရာက အကောင်းဆုံးလဲဆိုတာ ဆက်ဖတ်ပါ။ DxOMark က အားလုံးပေါင်း စမတ်ဖုန်း ၁၀ လုံးကို စမ်းသပ်ထားပါတယ်။ ဖုန်းများကနေ ဓါတ်ပုံပေါင်း ၁၅၀၀ နဲ့ ၂ နာရီကျော်ကြာ ဗီဒီယိုများကို ရိုက်ကူးခြင်းဖြင့် စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရလဒ်များကို အောက်ကပုံမှာ ကြည့်ပါ။

ဆဲလ်ဖီး ကင်မရာ အကောင်းဆုံး စမတ်ဖုန်း ၁၀ လုံးမှာ သရဖူဆောင်းသွားတာက Google Pixel 3 ဖြစ်ပါတယ်။ DxOMark က Google Pixel 3 ဟာ အကောင်းဆုံး Selfie များကို ဖမ်းယူပေးနိုင်ပြီး ဓါတ်ပုံများက အသေးစိတ်ကျတယ်လို့ ပြောပါတယ်။ Noise လည်း နည်းပါးပါတယ်။ နံပါတ် ၂ နေရာက Samsung Galaxy Note 9 ဟာ ဗီဒီယိုအပိုင်းမှာ အကောင်းဆုံး Selfie Camera လို့ ပြောပါတယ်။ သူဟာ Stabilization နဲ့ Rendering အပိုင်းမှာ အလွန် ကောင်းပါတယ်။

Xiaomi Mi Mix 3 ဟာ Apple iPhone XS Max ထက် အမှတ်များပြီး နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ Mi Mix 3 ဟာ Selfie Portrait အပိုင်းမှာ အလွန် ကောင်းတယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.