iPhone ကို အကြည့်နဲ့ထိန်းချုပ်ကြမလား
0
1260
Zawgyi Version
Unicode Version
ဒီနှစ် WWDC ရဲ့ keynote မှာ Apple က iOS 12 ကို မိတ်ဆက်ခဲ့ပါတယ်။ ARKit 2 ကို အသုံးပြုထားတဲ့ eye tracking feature တွေကိုလည်း သွေးတိုးစမ်းအနေနဲ့ ထည့်သွင်းထားတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် iPhone X, XS, XS Max နဲ့ XR မှာရှိတဲ့ TrueDepth ကင်မရာကို Developer တွေ အသုံးပြုနိုင်နေပါပြီ။ ဒါကြောင့် သင့်မျက်စိက ဘယ်နေရာကိုကြည့်နေတာလဲဆိုတာ သိနိုင်မှာဖြစ်တဲ့အတွက်ကြောင့် app အသစ်တွေအတွက် ခံစားအလန်းတွေကို ပေးစွမ်းနိုင်စေတော့မှာပါ။
iOS အတွက် Hawkeye Access ဟာ မျက်လုံးနဲ့ မျက်နှာလှုပ်ရှားမှုတွေကို သိနိုင်တဲ့အတွက်ကြောင့် ဖုန်းကို လက်နဲ့ထိစရာမလိုဘဲ ထိန်းချုပ်နိုင်စေတော့မှာပါ။ application အတော်များများအတွက် အဆင်မပြေနိုင်သေးပေမယ့်လည်း လက်မအားတဲ့အချိန်မျိုးမှာ အသုံးပြုနိုင်ခြင်းအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုမျိုးအလုပ်လုပ်သလဲဆိုတာကို ကြည့်လိုက်ရအောင်။
အဆင့် (၁) Hawkeye Access ကို ဒေါင်းလုတ်ဆွဲပါ။
ပထမဆုံးအနေနဲ့ Hawkeye Access app လေးကို App Store ကနေ install လုပ်ဖို့လိုအပ်ပါတယ်။ TrueDepth ပါဝင်တဲ့ iPhone X, XR, XS နဲ့ iPhone X, XR, XS တို့မှာသာ အလုပ်လုပ်နိုင်မှာပါ။ iPad Pro အတွက်က iPad App ရှိပါတယ်။
App Store Link: Hawkeye Access (free)
အဆင့် (၂) မျက်လုံးကို လေ့ကျင့်ခြင်း
နောက်တစ်ခုကတော့ Hawkeye Access ကို ဖွင့်ပြီး မျက်လုံးရွေ့လျားမှုကို လေ့ကျင့်ရပါမယ်။ သင့်ရဲ့မျက်နှာတစ်ခုလုံးကို မြင်သာနေရမှာဖြစ်ပြီးတော့ အလင်းသင့်တင့်စွာ ရှိနေရမှာပါ။ အလင်းမကောင်းရင်တော့ အလုပ်မဖြစ်ပါဘူး။ နေရာအမျိုးမျိုးကို စက္ကန့်အနည်းငယ်လောက်အထိ စိုက်ကြည့်ပေးရမှာပါ။ checkmark လေးပေါ်လာရင် နောက်တစ်နေရာကိုကြည့်ပေးရမှာပါ။ ဒီလိုနဲ့ အပြီးအထိ လုပ်ဆောင်ပေးရမှာပါ။
အဆင့် (၃) Selection Mode ရွေးခြင်း
အပေါ်ကအဆင့်ပြီးရင် app လေးက selection mode ရွေးခိုင်းမှာဖြစ်ပါတယ်။ “Smile,” “Blink,” or “Hold Gaze” တို့ကို ရွေးလို့ရပါတယ်။ စိတ်ကျေနပ်မှုမရှိဘူးဆိုရင်တော့ app’s settings ထဲမှာ ပြင်လို့ရပါတယ်။ တစ်ခုရွေးလိုက်ပါ။
အဆင့် (၄) အကြည့်နဲ့ထိန်းချုပ်ခြင်း
Hawkeye Access ကတော့ bookmark လုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို လွယ်လွယ်လေးဝင်လို့ရအောင်လုပ်ပေးမယ့် web browser တစ်ခုပါ။ app လေးရဲ့ home page ကနေ အလွယ်တကူဝင်ရောက်နိုင်စေမှာပါ။ လူသုံးများတဲ့ website နဲ့ app တွေဖြစ်တဲ့ Google, Twitter, YouTube, Instagram, Facebook, Amazon နဲ့ Wikipedia တို့ ပါဝင်ပါတယ်။
iPhone လေးကို အကြည့်နဲ့ထိန်းချင်တဲ့အခါ Hawkeye Access app လေးကိုဖွင့်လိုက်ပါ။ cursor လေးကိုပြောင်းချင်ရင် အကြည့်လွှဲလိုက်ပါ။ website လေးတွေဟာ ထိန်းချုပ်ရအဆင်ပြေအောင် တစ်မျက်နှာမှာ ခြောက်ခုလောက်ပဲ ပြပေးမှာပါ။ selection mode အပေါ်မူတည်ပြီးတော့ blink, smile, or hold gaze လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ blink selection mode ကို ကြိုက်ပါတယ်။
Web ကိုသွားပြီးတော့ URL ရှိတဲ့နေရာကိုရွေးလိုက်ပါ။ speech-to-text အသုံးပြုပြီးတော့ တခုခုရှာလို့လည်းရပါတယ်။
Page တစ်လျှောက်ရွှေ့ချင်တယ်ဆိုရင်တော့ အကြည့်တွေကို အပေါ်အောက် သွားတာမျိုးလုပ်ရမှာပါ။ selection mode ကို အသုံးပြုပြီးတော့ လုပ်ဆောင်ရမှာပါ။ အရှေ့၊ အနောက်တွေကိုလည်း သွားလို့ရပါသေးတယ်။ home ကိုသွားချင်တယ်ဆိုရင် ညာဘက်အောက်နားလေးကို ကြည့်ရမှာပါ။
bookmark website တွေသုံးမယ်ဆိုရင် speech-to-text လည်း သုံးနေစရာမလိုအပ်ပါဘူး။
နောက်ပိုင်းမှာ ဒီထက်ပိုကောင်းလာနိုင်ပါတယ်။
Leave a Reply