Laptop/PC Smartphone Trending

iPhone XI က လက္ပ္ေတာ့နဲ႕ တြဲဖက္သံုးႏုိင္မွာလား

Zawgyi Version

မ်ိဳးဆက္သစ္ iPhone XI ကေတာ့ လက္ပ္ေတာ့ကိုပါ၀ါေပးႏုိုင္မယ့္ ပထမဆံုးဖုန္းတစ္လံုးျဖစ္လာႏုိင္ပါတယ္။ တကယ္လို႕ လုပ္ႏုိင္ခဲ့မယ္ဆုိရင္ေပါ့ေလ။ ဒီေန႕မွာေတာ့ Apple က အနာဂတ္ရဲ႕ mobile desktop ေပါင္းစပ္မႈကို လုပ္ေဆာင္ဖို႕အတြက္ patent တင္ထားတဲ့သတင္းကို ကၽြန္ေတာ္တို႕ရထားပါတယ္။ iPhone XI က desktop ေလာကကို အလားအလာေတြယူေဆာင္ေပးမွာတင္မက ေပါင္းကူးတံတားသဖြယ္လည္း လုပ္ေဆာင္ေပးမွာပါ။ iPad Pro နဲ႕ေတာ့ ေပါင္းကူးမႈေတြ လုပ္ေဆာင္ထားျပီးပါျပီ။

အခုေရာက္ေနတာက ၂၀၁၉ ျဖစ္တဲ့အတြက္ေၾကာင့္ patent ေလးရဲ႕ ဗားရွင္းအသစ္ကိုလည္း ထပ္မံေတြ႕ျမင္ရပါတယ္။ အသက္၀င္လာမယ္လို႕လည္း ေမွ်ာ္လင့္မိပါတယ္။ iPad Pro မေပၚခင္အထိ iPad ကို desktop အေနနဲ႕ သံုးခဲ့ဖူးပါတယ္။

iPad အတြက္ Logitech Slim Combo case ေလးကို မႏွစ္ကတုန္းက ေတြ႕ရွိခဲ့ျပီး ေကာင္းေကာင္းအသံုးျပဳခဲ့မွာပါ။ ၂၀၁၈တုန္းက ကေလးေတြအတြက္လက္ေဆာင္ပစၥည္းေပးဖို႕ အထိုက္တန္ဆံုးအရာေလးအျဖစ္ မွတ္တမ္းတင္ေပးခဲ့ဖူးပါတယ္။ အခုလည္း ၾကည့္လိုက္ရေအာင္လား။

ဖုန္းနဲ႕တြဲဖက္ထားတဲ့ လက္ပ္ေတာ့အေနနဲ႕ဆိုရင္ Razer gaming concept နဲ႕ ဆင္ပါတယ္။ Project Linda ကေတာ့ original Razer Phone နဲ႕ ပူးေပါင္းလုပ္ေဆာင္ထားတာျဖစ္ပါတယ္။ တပ္ဆင္လိုက္တာနဲ႕ touchpad အျဖစ္အသံုးျပဳႏုိင္ျပီးေတာ့ Chroma-brand LED color key ေတြကိုလည္း ခံစားရမွာပါ။

Apple ကေရာ အဲဒီလိုပံုစံလုပ္မွာလား။ ေက်ာ္တက္သြားမွာလား။ လက္ေတြ႕ျမင္ရမွာလား။ ေဒၚလာ၁၀၀၀ေက်ာ္တဲ့စမတ္ဖုန္းကို လက္ပ္ေတာ့နဲ႕တြဲသံုးႏုိင္ေအာင္လုပ္မယ္ဆိုေတာ့ သာမန္ေက်ာင္းသား၊ လုပ္ငန္းရွင္တစ္ေယာက္အတြက္ ထိုက္တန္ပါရဲ႕လား။ Chromebook နဲ႕သံုးေတာ့မွာေပါ့။ ဘာေၾကာင့္ iPhone လိုမွာလဲ။ လံုး၀ကိုကြဲထြက္ေနမွာလား။ ေစာင့္ၾကည့္ရမွာပါပဲ။

Unicode Version

မျိုးဆက်သစ် iPhone XI ကတော့ လက်ပ်တော့ကိုပါဝါပေးနိုင်မယ့် ပထမဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ တကယ်လို့ လုပ်နိုင်ခဲ့မယ်ဆိုရင်ပေါ့လေ။ ဒီနေ့မှာတော့ Apple က အနာဂတ်ရဲ့ mobile desktop ပေါင်းစပ်မှုကို လုပ်ဆောင်ဖို့အတွက် patent တင်ထားတဲ့သတင်းကို ကျွန်တော်တို့ရထားပါတယ်။ iPhone XI က desktop လောကကို အလားအလာတွေယူဆောင်ပေးမှာတင်မက ပေါင်းကူးတံတားသဖွယ်လည်း လုပ်ဆောင်ပေးမှာပါ။ iPad Pro နဲ့တော့ ပေါင်းကူးမှုတွေ လုပ်ဆောင်ထားပြီးပါပြီ။
အခုရောက်နေတာက ၂၀၁၉ ဖြစ်တဲ့အတွက်ကြောင့် patent လေးရဲ့ ဗားရှင်းအသစ်ကိုလည်း ထပ်မံတွေ့မြင်ရပါတယ်။ အသက်ဝင်လာမယ်လို့လည်း မျှော်လင့်မိပါတယ်။ iPad Pro မပေါ်ခင်အထိ iPad ကို desktop အနေနဲ့ သုံးခဲ့ဖူးပါတယ်။


iPad အတွက် Logitech Slim Combo case လေးကို မနှစ်ကတုန်းက တွေ့ရှိခဲ့ပြီး ကောင်းကောင်းအသုံးပြုခဲ့မှာပါ။ ၂၀၁၈တုန်းက ကလေးတွေအတွက်လက်ဆောင်ပစ္စည်းပေးဖို့ အထိုက်တန်ဆုံးအရာလေးအဖြစ် မှတ်တမ်းတင်ပေးခဲ့ဖူးပါတယ်။ အခုလည်း ကြည့်လိုက်ရအောင်လား။


ဖုန်းနဲ့တွဲဖက်ထားတဲ့ လက်ပ်တော့အနေနဲ့ဆိုရင် Razer gaming concept နဲ့ ဆင်ပါတယ်။ Project Linda ကတော့ original Razer Phone နဲ့ ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ပါတယ်။ တပ်ဆင်လိုက်တာနဲ့ touchpad အဖြစ်အသုံးပြုနိုင်ပြီးတော့ Chroma-brand LED color key တွေကိုလည်း ခံစားရမှာပါ။


Apple ကရော အဲဒီလိုပုံစံလုပ်မှာလား။ ကျော်တက်သွားမှာလား။ လက်တွေ့မြင်ရမှာလား။ ဒေါ်လာ၁၀၀၀ကျော်တဲ့စမတ်ဖုန်းကို လက်ပ်တော့နဲ့တွဲသုံးနိုင်အောင်လုပ်မယ်ဆိုတော့ သာမန်ကျောင်းသား၊ လုပ်ငန်းရှင်တစ်ယောက်အတွက် ထိုက်တန်ပါရဲ့လား။
Chromebook နဲ့သုံးတော့မှာပေါ့။ ဘာကြောင့် iPhone လိုမှာလဲ။ လုံးဝကိုကွဲထွက်နေမှာလား။ စောင့်ကြည့်ရမှာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.