Social Trending

Carrier lock ကို level ျမွင့္ေပးမယ့္ Android Q

Zawgyi Version

ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မေျပာင္းလဲဘဲတည္ရွိေနတဲ့အရာကိုျပပါဆိုရင္ ဟုိးကီးပတ္ဖုန္းေတြကတည္းက စမတ္ဖုန္းေတြအထိ carrier ေတြဟာ သူတို႕ရဲ႕၀န္ေဆာင္မႈကိုပဲ သံုးဖို႕အတြက္ သံုးစြဲသူေတြကို lock ခ်ထားၾကပါတယ္။ ဒီေတာ့ အျခား၀န္ေဆာင္မႈကို သံုးလို႕မရေတာ့ပါဘူး။ အခ်ိန္အတုိင္းအတာတစ္ခုအထိေပါ့ေလ။ Android Q ကေတာ့ ဒီျဖစ္ရပ္ကို ပိုမုိေကာင္းမြန္လာေအာင္လုပ္ေဆာင္ေပးမယ့္သူကေတာ့ Android Q ပဲ ျဖစ္ပါတယ္။

Android ဖုန္းေတြမွာ lock လုပ္ဖို႕အတြက္က ျဖစ္ႏုိင္ေခ်ရွိျပီးသားပါ။ Google မွာက ေရြးခ်ယ္စရာမရွိသလို carrier ေတြရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရမွာပါပဲ။ 9to5Google ရဲ႕ ေတြ႕ရွိခ်က္အရ carrier lock လုပ္ေဆာင္မႈကို အဆင့္တစ္ခုအထိ တိုးျမွင့္ေပးလိုက္ျပီလို႕ သိရပါတယ္။

Carrier ေတြဟာ lock ခ်ထားတဲ့ဖုန္းရဲ႕ network ေတြကို blacklist ၊ whitelist သတ္မွတ္ေပးႏုိင္မွာျဖစ္ပါတယ္။ ဒီေတာ့ ျပိဳင္ဘက္ေတြကို အသာစီးရေစမွာပါ။ virtual operators (MVNOs) ေတြကိုလည္း block လုပ္ႏုိင္မွာျဖစ္ပါတယ္။

ေနာက္တစ္ခုကေတာ့ dual SIM support ပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ Android ေတြက carrier lock ကို ေက်ာ္ႏုိင္ေနပါတယ္။ Android Q က ဒါကိုေျပာင္းလဲေပးမွာပါ။ ပထမကဒ္က အတည္ျပဳထားျခင္းမရွိဘူးဆိုရင္ ဒုတိယ SIM ကိုပါ lock လုပ္ထားလို႕ရပါတယ္။ reset ဘယ္ေလာက္ပဲလုပ္လုပ္၊ ဘယ္လိုမ်ိဳးပဲလုပ္လုပ္ ျပဳတ္သြားမွာမဟုတ္ပါဘူး။

Android မွာ carrier lock-in ကို ေထာက္ပံ့ေပးလိုက္ျခင္းက အံ့ၾသစရာမဟုတ္ေပမယ့္လည္း ကန္႕သတ္ခ်က္အသစ္ေတြထြက္လာမွာကေတာ့ စိတ္၀င္စားဖို႕ေကာင္းပါတယ္။ ေက်ာ္မယ့္နည္းလမ္းေတြလည္း အသစ္ထြက္လာမွာပါ။

Unicode Version

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မပြောင်းလဲဘဲတည်ရှိနေတဲ့အရာကိုပြပါဆိုရင် ဟိုးကီးပတ်ဖုန်းတွေကတည်းက စမတ်ဖုန်းတွေအထိ carrier တွေဟာ သူတို့ရဲ့ဝန်ဆောင်မှုကိုပဲ သုံးဖို့အတွက် သုံးစွဲသူတွေကို lock ချထားကြပါတယ်။ ဒီတော့ အခြားဝန်ဆောင်မှုကို သုံးလို့မရတော့ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိပေါ့လေ။ Android Q ကတော့ ဒီဖြစ်ရပ်ကို ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်ပေးမယ့်သူကတော့ Android Q ပဲ ဖြစ်ပါတယ်။
Android ဖုန်းတွေမှာ lock လုပ်ဖို့အတွက်က ဖြစ်နိုင်ချေရှိပြီးသားပါ။ Google မှာက ရွေးချယ်စရာမရှိသလို carrier တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမှာပါပဲ။ 9to5Google ရဲ့ တွေ့ရှိချက်အရ carrier lock လုပ်ဆောင်မှုကို အဆင့်တစ်ခုအထိ တိုးမြှင့်ပေးလိုက်ပြီလို့ သိရပါတယ်။
Carrier တွေဟာ lock ချထားတဲ့ဖုန်းရဲ့ network တွေကို blacklist ၊ whitelist သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ပြိုင်ဘက်တွေကို အသာစီးရစေမှာပါ။ virtual operators (MVNOs) တွေကိုလည်း block လုပ်နိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ dual SIM support ပဲ ဖြစ်ပါတယ်။ တချို့ Android တွေက carrier lock ကို ကျော်နိုင်နေပါတယ်။ Android Q က ဒါကိုပြောင်းလဲပေးမှာပါ။ ပထမကဒ်က အတည်ပြုထားခြင်းမရှိဘူးဆိုရင် ဒုတိယ SIM ကိုပါ lock လုပ်ထားလို့ရပါတယ်။ reset ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လိုမျိုးပဲလုပ်လုပ် ပြုတ်သွားမှာမဟုတ်ပါဘူး။
Android မှာ carrier lock-in ကို ထောက်ပံ့ပေးလိုက်ခြင်းက အံ့သြစရာမဟုတ်ပေမယ့်လည်း ကန့်သတ်ချက်အသစ်တွေထွက်လာမှာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျော်မယ့်နည်းလမ်းတွေလည်း အသစ်ထွက်လာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.