256GB onboard storage ပါ၀င္လာႏုိင္တဲ့ Samsung Galaxy S10 X 5G

0
369

Zawgyi Version

Galaxy S10 ဗားရွင္းသံုးမ်ိဳးအေၾကာင္းေတာ့ ေျပာခဲ့ျပီးပါျပီ။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႕သိထားတာနည္းေနေသးတာကေတာ့ 5G ဗားရွင္းျဖစ္ပါတယ္။ 5G ဖုန္းကိုေတာ့ Samsung Galaxy S10 X 5G လို႕ ေခၚပါလိမ့္မယ္။

ကင္မရာေျခာက္လံုးနဲ႕ေတြ႕ျမင္ရမယ္လို႕ သတင္းေတြၾကားထားခဲ့ပါတယ္။ ဆိုလိုတာက အေနာက္ကင္မရာေလးလံုးနဲ႕ အေရွ႕ကင္မရာႏွစ္လံုးပါ။ ဒါကေတာ့ S10 ေတြထြက္လာရင္ ျမင္ရမွာပါ။ ၆.၇လက္မ display ၊ 5000mAh ဘတ္ထရီ္တုိ႕ကိုလည္း ေမွ်ာ္လင့္ထားလို႕ရပါတယ္။ notch ေတာ့ ပါလိမ့္မယ္မထင္ပါဘူး။ ကင္မရာေပါက္ပဲကြင္းထားတဲ့နည္းပညာက ရေနျပီမဟုတ္လား။

5G Samsung Galaxy S10 model ေလးကေတာ့ 256GB onboard storage ပါမယ္လို႕ ယံုၾကည္ထားပါတယ္။ 1TB ထိေရာက္မလားမေသခ်ာေပမယ့္လည္း Galaxy S10+ ကေတာ့ ပါႏုိင္ေခ်ရွိတယ္လို႕ သတင္းေတြထြက္ေနပါတယ္။

Galaxy S10 5G ရဲ႕ အခ်က္အလက္ေတြကို ျပန္ေျပာျပရမယ္ဆုိရင္ေတာ့ ၆.၇လက္မမ်က္ႏွာျပင္၊ အေနာက္ကင္မရာေလးလံုး၊ 5000mAh ဘတ္ထရီ၊ 8GB RAM ၊ 5G connectivity တို႕ ပါ၀င္မွာပါ။ ေစ်းႏႈန္းကေတာ့ Samsung Galaxy S10 X 5G က ေဒၚလာ၁၅၀၀ ကေန ၁၇၀၀ အထိ ရွိႏုိင္ပါတယ္။

ေဒၚလာ၂၀၀၀ ေလာက္အထိ နားလည္ေပးလို႕ရပါတယ္။ ဒါေပမယ့္လည္း လအနည္းငယ္အၾကာမွာ ေစ်းႏႈန္းနည္းဖို႕ေတာ့ ေမွ်ာ္လင့္ထားပါတယ္။ ဘာေၾကာင့္္လဲဆိုေတာ့ တရုတ္ေတြက 5G ဖုန္းေတြ ထုတ္ေတာ့မွာမဟုတ္လား။ Huawei ၊ Xiaomi တို႕ဆီက ေမွ်ာ္လင့္လို႕ရပါတယ္။

Samsung Galaxy S10 X 5G စမတ္ဖုန္းေတြကို မတ္လမွာ ေတြ႕ျမင္ဖို႕ ေမွ်ာ္လင့္ထားပါတယ္။ official Unpacked 2019 event ျပီး ေနာက္တစ္လဆိုေတာ့ ေစာင့္ၾကပါဦးစို႕။

Unicode Version

Galaxy S10 ဗားရှင်းသုံးမျိုးအကြောင်းတော့ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့သိထားတာနည်းနေသေးတာကတော့ 5G ဗားရှင်းဖြစ်ပါတယ်။ 5G ဖုန်းကိုတော့ Samsung Galaxy S10 X 5G လို့ ခေါ်ပါလိမ့်မယ်။
ကင်မရာခြောက်လုံးနဲ့တွေ့မြင်ရမယ်လို့ သတင်းတွေကြားထားခဲ့ပါတယ်။ ဆိုလိုတာက အနောက်ကင်မရာလေးလုံးနဲ့ အရှေ့ကင်မရာနှစ်လုံးပါ။ ဒါကတော့ S10 တွေထွက်လာရင် မြင်ရမှာပါ။ ၆.၇လက်မ display ၊ 5000mAh ဘတ်ထရီ်တို့ကိုလည်း မျှော်လင့်ထားလို့ရပါတယ်။ notch တော့ ပါလိမ့်မယ်မထင်ပါဘူး။ ကင်မရာပေါက်ပဲကွင်းထားတဲ့နည်းပညာက ရနေပြီမဟုတ်လား။
5G Samsung Galaxy S10 model လေးကတော့ 256GB onboard storage ပါမယ်လို့ ယုံကြည်ထားပါတယ်။ 1TB ထိရောက်မလားမသေချာပေမယ့်လည်း Galaxy S10+ ကတော့ ပါနိုင်ချေရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။
Galaxy S10 5G ရဲ့ အချက်အလက်တွေကို ပြန်ပြောပြရမယ်ဆိုရင်တော့ ၆.၇လက်မမျက်နှာပြင်၊ အနောက်ကင်မရာလေးလုံး၊ 5000mAh ဘတ်ထရီ၊ 8GB RAM ၊ 5G connectivity တို့ ပါဝင်မှာပါ။ ဈေးနှုန်းကတော့ Samsung Galaxy S10 X 5G က ဒေါ်လာ၁၅၀၀ ကနေ ၁၇၀၀ အထိ ရှိနိုင်ပါတယ်။
ဒေါ်လာ၂၀၀၀ လောက်အထိ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း လအနည်းငယ်အကြာမှာ ဈေးနှုန်းနည်းဖို့တော့ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်တွေက 5G ဖုန်းတွေ ထုတ်တော့မှာမဟုတ်လား။ Huawei ၊ Xiaomi တို့ဆီက မျှော်လင့်လို့ရပါတယ်။
Samsung Galaxy S10 X 5G စမတ်ဖုန်းတွေကို မတ်လမှာ တွေ့မြင်ဖို့ မျှော်လင့်ထားပါတယ်။ official Unpacked 2019 event ပြီး နောက်တစ်လဆိုတော့ စောင့်ကြပါဦးစို့။

Leave a Reply