သင့္ အိမ္အထိလာၿပီး ဟင္းခ်က္စရာမ်ား ေရာင္းေပးမယ့္ ေမာင္းသူမဲ့ ကား

0
352

စားေသာက္ကုန္မ်ား ေရာင္းခ်ေပးတဲ့ Stop & Shop က ဒီေဆာင္းရာသီက စၿပီး ေမာင္းသူမဲ့ ကားျဖင့္ ဟင္းခ်က္စရာမ်ားကို ေရာင္းခ်ေပးမယ့္ ၀န္ေဆာင္မႈကို ေဘာ့စတြန္မွာ ျပဳလုပ္္ေပးမယ္လို ေၾကညာလိုက္ပါတယ္။ ေမာင္းသူမဲ့ ကားမွာ ေစ်းေရာင္းေပးမယ့္ ၀န္ထမ္းလည္း မပါတဲ့ အတြက္ Cashier-less Store နည္းပညာလည္း ထည့္သြင္းထားပါတယ္။

သူက Radio-frequency identification (RFID) နဲ႔ ဥာဏ္ရည္တု နည္းပညာမ်ားကို အသံုးျပဳထားၿပီး သင္ ယူထားတဲ့ ကုန္ပစၥည္းမ်ားကို သိပါတယ္။ ကုန္က်စားရိတ္မ်ားကို သင္ ခ်ိတ္ဆက္ထားတဲ့ အေကာင့္ကေန ျဖတ္သြားမွာ ျဖစ္ၿပီး စကၠန္႔ပိုင္းအတြင္းမွာ ဒစ္ဂ်စ္တယ္ ေျပစာကို သင့္ စမတ္ဖုန္းထံ ေပးပို႔ေပးမွာ ျဖစ္ပါတယ္။ စတိုးဆိုင္မ်ားမွာလို ေငြေပးေခ်ဖို႔ တန္းစီရတာမ်ိဳးု မရွိေတာ့ပါဘူး။

စားေသာက္ကုန္မ်ားကို လတ္ဆတ္ေစဖို႔ ေမာင္းသူမဲ့ ကားမွာ အပူခ်ိန္ကို ထိန္းညွိတဲ့ စနစ္ပါပါတယ္။ ေမာင္းသူမဲ့ ကားကို Robomart ရံုးကေန ေစာင့္ၾကည့္ေနမွာ ျဖစ္ၿပီး လိုအပ္ရင္ အေ၀းကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Uber ကို ေခၚသလိုပဲ သူ႔ကို Smartphone App ကေန အခ်ိန္မေရြး ေခၚႏိုင္ပါတယ္။

ကား ေရာက္လာရင္ တံခါးကို ကုဒ္တစ္ခုနဲ႔ ဖြင့္ရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ လိုခ်င္တဲ့ ဟင္းခ်က္စရာမ်ားကို ၀ယ္ႏုိင္ပါၿပီ။ ပစၥည္း မျပတ္ေစဖုိ႔ ကုန္ပစၥည္းမ်ားကို တစ္ေန႔တာလံုး ျပန္ျဖည့္ေပးထားမွာ ျဖစ္ပါတယ္။ ေမာင္းသူမဲ့ ကားမွာ ဘက္ထရီကို အသံုးျပဳထားပါတယ္။

unicode

သင့် အိမ်အထိလာပြီး ဟင်းချက်စရာများ ရောင်းပေးမယ့် မောင်းသူမဲ့ ကား

စားသောက်ကုန်များ ရောင်းချပေးတဲ့ Stop & Shop က ဒီဆောင်းရာသီက စပြီး မောင်းသူမဲ့ ကားဖြင့် ဟင်းချက်စရာများကို ရောင်းချပေးမယ့် ဝန်ဆောင်မှုကို ဘော့စတွန်မှာ ပြုလုပ်ပေးမယ်လို ကြေညာလိုက်ပါတယ်။ မောင်းသူမဲ့ ကားမှာ ဈေးရောင်းပေးမယ့် ဝန်ထမ်းလည်း မပါတဲ့ အတွက် Cashier-less Store နည်းပညာလည်း ထည့်သွင်းထားပါတယ်။

သူက Radio-frequency identification (RFID) နဲ့ ဉာဏ်ရည်တု နည်းပညာများကို အသုံးပြုထားပြီး သင် ယူထားတဲ့ ကုန်ပစ္စည်းများကို သိပါတယ်။ ကုန်ကျစားရိတ်များကို သင် ချိတ်ဆက်ထားတဲ့ အကောင့်ကနေ ဖြတ်သွားမှာ ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ဒစ်ဂျစ်တယ် ပြေစာကို သင့် စမတ်ဖုန်းထံ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ စတိုးဆိုင်များမှာလို ငွေပေးချေဖို့ တန်းစီရတာမျိုးု မရှိတော့ပါဘူး။

စားသောက်ကုန်များကို လတ်ဆတ်စေဖို့ မောင်းသူမဲ့ ကားမှာ အပူချိန်ကို ထိန်းညှိတဲ့ စနစ်ပါပါတယ်။ မောင်းသူမဲ့ ကားကို Robomart ရုံးကနေ စောင့်ကြည့်နေမှာ ဖြစ်ပြီး လိုအပ်ရင် အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်။ Uber ကို ခေါ်သလိုပဲ သူ့ကို Smartphone App ကနေ အချိန်မရွေး ခေါ်နိုင်ပါတယ်။

ကား ရောက်လာရင် တံခါးကို ကုဒ်တစ်ခုနဲ့ ဖွင့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လိုချင်တဲ့ ဟင်းချက်စရာများကို ဝယ်နိုင်ပါပြီ။ ပစ္စည်း မပြတ်စေဖို့ ကုန်ပစ္စည်းများကို တစ်နေ့တာလုံး ပြန်ဖြည့်ပေးထားမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ကားမှာ ဘက်ထရီကို အသုံးပြုထားပါတယ်။

Leave a Reply