Gadget Trending

iPad Pro မှာ ဘာတွေလုပ်နိုင်သလဲဆိုတာကိုပြသထားတဲ့ဗွီဒီယိုတွေကို တင်လိုက်တဲ့ Apple

Zawgyi Version



Unicode Version

သောကြာနေ့တုန်းက သူ့ရဲ့ YouTube channel မှာ Apple က ဗွီဒီယိုလေးတွေ တင်ပေးခဲ့ပါတယ်။ ဒါတွေကတော့ iPad Pro မှာ ဘယ်လိုတွေအသုံးပြုနိုင်သလဲဆိုတာကို ပြောပြပေးထားတာပါ။ စုစုပေါင်း ငါးခုရှိပါတယ်။ presentation ဖန်တီးခြင်း၊ podcast တစ်ခုလုပ်ခြင်းနဲ့ မှတ်စုထုတ်ခြင်းတွေလည်း ပါဝင်နေပါတယ်။ တစ်စုတည်းကြည့်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘလတုန်းက ၁၁လက်မနဲ့ ၁၂.၉လက်မအရွယ် iPad Pro မော်ဒယ်လ်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ USB-C connectivity နဲ့ Apple Pencil 2 တို့လို feature အသစ်တွေ ပါဝင်နေပါတယ်။ ဗားရှင်းအသေးကတော့ ဒေါ်လာ၇၉၉ ဖြစ်ပြီးတော့ အကြီးက ဒေါ်လာ၉၉၉ ဖြစ်ပါတယ်။ အားလုံးကတော့ လက်ပ်တော့အစားထိုးအနေနဲ့ ဝင်ရောက်လာတာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.