Enterprise Trending

#10YearChallenge မွာ ပါ၀င္လာတဲ့ Samsung

Zawgyi Version





Unicode Version

Samsung ကတော့ ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ ထုတ်ပြမယ့် ခေါက်ချိုးစမတ်ဖုန်းကို ဘေလ်ဘုတ်တွေထောင်ပြီး ကြော်ငြာနေပါပြီ။ ဒီနေ့မှာတော့ လက်ရှိခေတ်စားနေတဲ့ trend တစ်ခုကို လိုက်လုပ်လိုက်ပါတယ်။
Samsung နယ်သာလန်ကတော့ #10YearChallenge meme ကို အသုံးပြုပြီးတော့ အပေါ်ကပုံလေးကို တင်ခဲ့တာပါ။ original Galaxy S ဖုန်းနဲ့ ၁၀ ဂဏန်းပါဝင်တဲ့ ဖုန်းလေးကို ချိုးပြီးတော့ ပြသထားတာဖြစ်ပါတယ်။ Instagram Stories မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
Teaser လေးကတော့ ခေါက်ချိုးဖုန်းအတွက် အချက်အလက်အသစ်ကို မပြောနိုင်ပါဘူး။ မျှော်လင့်ရတာကတော့ မနှစ်က ပြထားတဲ့ Infinity Flex foldable display ကို ၄.၃လက်မ 1960×480 screen ၊ ဖြန့်လိုက်ရင် ၇.၃လက်မ 2152×1536 display အဖြစ်နဲ့ တွေ့မြင်ရလောက်ပါတယ်။ သတင်းထွက်နေတာကတော့ Galaxy Fold လို့ခေါ်နိုင်ပြီး ၂၀၁၉ နှစ်ဝက်လောက်မှာ တွေ့မြင်ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၁၇၀၀ ရှိပါလိမ့်မယ်။

Samsung #10YearChallenge foldable smartphone teaser

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.