Social Trending
တရုတ်အတွက်ထုတ်ထားတဲ့ဖုန်းတွေပေါ်မှာ iPhone XS eSIM သုံးရအောင်လုပ်နိုင်တဲ့ ဟက်ကာများ
Zawgyi Version
Unicode Version
တရုတ်အတွက် eSIM ကို official support မလုပ်ထားသေးပါဘူး။ ဒါပေမယ့်လည်း သုံးချင်တဲ့ဟက်ကာတွေကတော့ အဆင်ပြေအောင် လုပ်လိုက်နိုင်ပါပြီ။ ChargerLAB ရဲ့ တင်ပြချက်အရ တရုတ်ဟက်ကာတွေဟာ iPhone XS တစ်လုံးကို eSIM အသုံးပြုပြီးတော့ China Unicom ကွန်ရက်နဲ့ချိတ်ဆက်နိုင်ခဲ့ပါတယ်။ official support မလိုအပ်ဘဲ လုပ်ဆောင်သွားတာဖြစ်ပါတယ်။
iPhone XS လေးကို standard SIM card နဲ့ China Mobile ကို ချိတ်ဆက်ထားပါတယ်။ eSIM ကတော့ China Unicom နဲ့ ချိတ်ထားတာပါ။ ဘာတွေကြောင့်လဲဆိုတာကတော့ အသေးစိတ်မသိရသေးပါဘူး။ အများသုံးဖြစ်လောက်တဲ့အနေအထားမှာလည်း မရှိလောက်ဘူးလို့ မှန်းထားပါတယ်။ China Unicom ကလည်း ပိတ်ပင်ပါလိမ့်မယ်။
တရုတ်မှာ official eSIM support မရှိတဲ့အတွက်ကြောင့် iPhone XS, iPhone XS Max နဲ့ iPhone XR တို့ကို dual-SIM tray နဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒီတော့ iPhone တစ်လုံးတည်းမှာ carriers နှစ်ခုသုံးလို့ရသွားပါတယ်။ Android အများစု လုပ်နိုင်နေတဲ့အရာလို့လည်း ပြောနိုင်ပါတယ်။
နောက်တစ်ခုစဉ်းစားစရာရှိတာက eSIM အတွက် China Unicom ကို သုံးထားတယ်ဆိုတော့ eSIM လုပ်နေပြီလား။ Apple Watch Series 3 တုန်းက LTE ဗားရှင်းအတွက် နည်းပညာလုပ်ထားဖူးပါတယ်။ ဒါပေမယ့်လည်း တရုတ်အစိုးရနဲ့အဆင်မပြေတာကြောင့် ဈေးကွက်မရခဲ့ပါဘူး။
ဒီနည်းလမ်းသာ ကျွန်တော်တို့ရခဲ့မယ်ဆိုရင်တော့ official support ကို မျှော်နေစရာမလိုတော့ဘူးပေ့ါ။ ခက်တာက ကျွန်တော်တို့ဆီမှာ ရခဲ့ရင်တောင် ဘယ်လိုသုံးကြမလဲ 😀
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.