ဆယ္ေက်ာ္သက္ေတြရဲ႕အာရံုကိုဖမ္းစားႏုိင္ဖို႕ LOL ဆုိတဲ့ ဗြီဒီယိုအတို platform ကို စမ္းသပ္ေနတဲ့ Facebook

0
566

Zawgyi Version

Facebook က “LOL” လို႕ေခၚတဲ့ platform ကို ဖန္တီးေနပါတယ္။ ဆယ္ေက်ာ္သက္ေတြကို ရည္ရြယ္ထားတဲ့ platform ေလးလည္း ျဖစ္ပါတယ္။ ဗြီဒီယိုcontent ေတြ ေခတ္စားလာတဲ့အတြက္ေၾကာင့္ ဒီ product ေလးျဖစ္ေပၚလာတာ ျဖစ္ပါလိမ့္မယ္။ လက္ရွိမွာေတာ့ ယူအက္စ္ရဲ႕ အထက္တန္းေက်ာင္းက ေက်ာင္းသား၊ေက်ာင္းသူအနည္းငယ္ေလာက္နဲ႕ စမ္းသပ္ေနပါျပီ။ ဒါေပမယ့္လည္း သူတို႕ရဲ႕စီမံကိန္းက ဘယ္လိုျဖစ္မလဲဆိုတာ မရွင္းလင္းေသးပါဘူး။

ဆယ္ေက်ာ္သက္စမ္းသပ္သူေတြထဲမွာ မိဘျဖစ္သူေတြရဲ႕ခြင့္ျပဳခ်က္နဲ႕ public beta သံုးေနသူေတြပါ၀င္ေနပါတယ္။ သူတို႕ေတြကကေတာ့ လက္ရွိမွာ LOL product ကို ျမင္ေနရျပီးေတာ့ Watch tab ထဲမွာ ေတြ႕ျမင္ရတာပါ။ လက္ရွိမွာေတာ့ Watch ထဲမွာ မေပၚေသးတဲ့သူေတြလည္း ရွိေနပါတယ္။

LOL ကို စမ္းသပ္ေနေၾကာင္းေတာ့ အတည္ျပဳေပးျပီးသားပါ။ ဆယ္ေက်ာ္သက္ေတြကို ဦးတည္ထားတဲ့product ေလးကေတာ့ အေစာပိုင္းအဆင့္ပဲ ရွိပါေသးတယ္လို႕ ေျပာထားပါတယ္။ screenshot ေတြကိုၾကည့္လိုက္တဲ့ပံုအရေတာ့ “Piping Hot Content” ၊ “Look Mom No Hands” စတဲ့ အမ်ိဳးအစားနာမည္ေလးေတြလည္း ေတြ႕လိုက္ရတယ္။

themed collection ေတြကေတာ့ content အသစ္ေတြကို သံုးစြဲသူေတြနဲ႕မိတ္ဆက္ေပးတဲ့ carousel ေလးထဲမွာ ေတြ႕ျမင္ရမွာပါ။ “For You” ဆိုတဲ့အပိုင္းေလးကေတာ့ သံုးစြဲသူအၾကိဳက္လိုက္ေပးမယ့္ေနရာေလးပါ။ ဘယ္လိုမ်ိဳးအရာေတြျမင္ခ်င္လဲဆိုတာကို ကိုယ္တုိင္ေရြးခ်ယ္ေပးလို႕ရပါတယ္။ Content ေတြကို feed တစ္ခုတည္းမွာျမင္ရမွာျဖစ္ျပီးေတာ့ ဗြီဒီယိုအသစ္ေတြကို scroll လုပ္ျပီးၾကည့္ႏုိင္မွာပါ။ ခလုတ္ကေတာ့ သံုးခုရွိျပီး react ေပးလို႕ရပါတယ္။

ကိုယ္ပိုင္ content ေတြကို upload ၊ share လုပ္ႏုိင္မွာျဖစ္ျပီးေတာ့ အျခားသံုးစြဲသူေတြနဲ႕လည္း မွ်ေ၀ႏုိင္ဦးမွာပါ။ “meme discovery” app လို႕ေတာင္ ေခၚလို႕ရဦးမယ္ထင္တယ္။ ဆယ္ေက်ာ္သက္ေတြၾကားထဲမွာ နာမည္ၾကီးေအာင္ေတာ့ အခ်ိန္္လိုအပ္ဦးမယ္ထင္ပါတယ္။

ဟုတ္ပါတယ္။ Facebook ဟာ ဆယ္ေက်ာ္သက္ေတြရဲ႕ႏွလံုးသားကိုသိမ္းပိုက္ဖို႕ ၾကိဳးစားေနရတာပါ။ Facebook ေတာင္မွေပါ့။ ျပီးခဲ့တဲ့ ၂၀၁၈ ေမလတုန္းက Facebook ဟာ ဆယ္ေက်ာ္သက္ေတြၾကားမွာ ၅၁% နဲ႕ နံပါတ္ေလးေနရာကိုသာ ရထားတာပါ။

Unicode Version

Facebook က “LOL” လို့ခေါ်တဲ့ platform ကို ဖန်တီးနေပါတယ်။ ဆယ်ကျော်သက်တွေကို ရည်ရွယ်ထားတဲ့ platform လေးလည်း ဖြစ်ပါတယ်။ ဗွီဒီယိုcontent တွေ ခေတ်စားလာတဲ့အတွက်ကြောင့် ဒီ product လေးဖြစ်ပေါ်လာတာ ဖြစ်ပါလိမ့်မယ်။ လက်ရှိမှာတော့ ယူအက်စ်ရဲ့ အထက်တန်းကျောင်းက ကျောင်းသား၊ကျောင်းသူအနည်းငယ်လောက်နဲ့ စမ်းသပ်နေပါပြီ။ ဒါပေမယ့်လည်း သူတို့ရဲ့စီမံကိန်းက ဘယ်လိုဖြစ်မလဲဆိုတာ မရှင်းလင်းသေးပါဘူး။
ဆယ်ကျော်သက်စမ်းသပ်သူတွေထဲမှာ မိဘဖြစ်သူတွေရဲ့ခွင့်ပြုချက်နဲ့ public beta သုံးနေသူတွေပါဝင်နေပါတယ်။ သူတို့တွေကကတော့ လက်ရှိမှာ LOL product ကို မြင်နေရပြီးတော့ Watch tab ထဲမှာ တွေ့မြင်ရတာပါ။ လက်ရှိမှာတော့ Watch ထဲမှာ မပေါ်သေးတဲ့သူတွေလည်း ရှိနေပါတယ်။
LOL ကို စမ်းသပ်နေကြောင်းတော့ အတည်ပြုပေးပြီးသားပါ။ ဆယ်ကျော်သက်တွေကို ဦးတည်ထားတဲ့product လေးကတော့ အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်လို့ ပြောထားပါတယ်။ screenshot တွေကိုကြည့်လိုက်တဲ့ပုံအရတော့ “Piping Hot Content” ၊ “Look Mom No Hands” စတဲ့ အမျိုးအစားနာမည်လေးတွေလည်း တွေ့လိုက်ရတယ်။
themed collection တွေကတော့ content အသစ်တွေကို သုံးစွဲသူတွေနဲ့မိတ်ဆက်ပေးတဲ့ carousel လေးထဲမှာ တွေ့မြင်ရမှာပါ။ “For You” ဆိုတဲ့အပိုင်းလေးကတော့ သုံးစွဲသူအကြိုက်လိုက်ပေးမယ့်နေရာလေးပါ။ ဘယ်လိုမျိုးအရာတွေမြင်ချင်လဲဆိုတာကို ကိုယ်တိုင်ရွေးချယ်ပေးလို့ရပါတယ်။ Content တွေကို feed တစ်ခုတည်းမှာမြင်ရမှာဖြစ်ပြီးတော့ ဗွီဒီယိုအသစ်တွေကို scroll လုပ်ပြီးကြည့်နိုင်မှာပါ။ ခလုတ်ကတော့ သုံးခုရှိပြီး react ပေးလို့ရပါတယ်။
ကိုယ်ပိုင် content တွေကို upload ၊ share လုပ်နိုင်မှာဖြစ်ပြီးတော့ အခြားသုံးစွဲသူတွေနဲ့လည်း မျှဝေနိုင်ဦးမှာပါ။ “meme discovery” app လို့တောင် ခေါ်လို့ရဦးမယ်ထင်တယ်။ ဆယ်ကျော်သက်တွေကြားထဲမှာ နာမည်ကြီးအောင်တော့ အချိန်လိုအပ်ဦးမယ်ထင်ပါတယ်။
ဟုတ်ပါတယ်။ Facebook ဟာ ဆယ်ကျော်သက်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ဖို့ ကြိုးစားနေရတာပါ။ Facebook တောင်မှပေါ့။ ပြီးခဲ့တဲ့ ၂၀၁၈ မေလတုန်းက Facebook ဟာ ဆယ်ကျော်သက်တွေကြားမှာ ၅၁% နဲ့ နံပါတ်လေးနေရာကိုသာ ရထားတာပါ။

Leave a Reply