iPhone, iPad နဲ႕ Mac တို႕ကိုသံုးျပီး ဗြီဒီယိုကေန အသံဖုိင္ဆြဲထုတ္နည္း

0
717

Zawgyi Version

ရုပ္ပံုအေရးမၾကီးေပမယ့္လည္း အသံဖမ္းခ်င္လို႕ iOS device ကေန ဗြီဒီယိုရိုက္ဖူးလား။ ဒါမွမဟုတ္ အသံဖုိင္ေလးပဲလိုခ်င္တဲ့ ဇာတ္ကားတစ္ကားရွိတာမ်ိဳး၊ ျပီးေတာ့ ဖုိင္သက္သက္ခြဲျပီးနားေထာင္ခ်င္တာမ်ိဳးေတြ ၾကံဳဖူးလား။

ဗြီဒီယိုကေန အသံဖိုင္ခြဲထုတ္တယ္ဆိုတာက ရွုပ္ေထြးတယ္လို႕ ထင္လိမ့္မယ္။ ဒါေပမယ့္လည္း အဲဒီလိုမဟုတ္ပါဘူး။ ဘယ္လိုလုပ္ရမလဲဆိုတာ သိခ်င္သြားျပီဆုိရင္ စာကိုအဆံုးထိဖတ္ဖို႕ တာ၀န္ယူလိုက္ပါ။ ေျပာျပဖို႕ ကၽြန္ေတာ္တို႕တာ၀န္ထားပါ။ iPhone, iPad နဲ႕ Mac တို႕ကိုသံုးျပီး ဗြီဒီယိုကေန အသံဖုိင္ဆြဲထုတ္နည္းေလး သိရွိရေတာ့မွာပါ။

Mac ေပၚမွာ ဗြီဒီယိုကေန အသံဖုိင္ဆြဲထုတ္နည္း

Mac ေပၚမွာ QuickTime Player ကိုအသံုးျပဳျပီးေတာ့ ဗြီဒီယိုကေန အသံဖုိင္ဆြဲထုတ္နည္းထက္ လြယ္ကူတာမရွိေလာက္ပါဘူး။

1) QuickTime Player ထဲမွာ ဗြီဒီယိုေလးကို ဖြင့္လုိက္ပါ။

2) menu bar ကေန File ကို ေရြးလိုက္ပါ။

3) Export As ကိုရွာျပီးေတာ့ Audio Only ကို ေရြးလိုက္ပါ။

4) ဖုိင္ကို နာမည္ေပးျပီးေတာ့ သိမ္းခ်င္တဲ့ေနရာေရြးျပီး Save ႏွိပ္လုိက္ပါ။

iPhone or iPad ေပၚမွာ ဗြီဒီယိုကေန အသံဖုိင္ဆြဲထုတ္နည္း

iMovie ကို သံုးျပီးေတာ့ လုပ္လို႕ရတယ္ဆိုေပမယ့္လည္း သင္ထင္ထားတာထက္ေတာင္ ပိုခက္ႏုိင္ပါတယ္။ အျမန္ဆံုးနဲ႕ အလြယ္ဆံုးကေတာ့ third-party app ကို သံုးရမွာပါ။ ဟုတ္ပါတယ္။ App Store ေပၚမွာ ေရြးခ်ယ္စရာေတြ အမ်ားၾကီးရွိပါတယ္။ ဒါေပမယ့္လည္း ေၾကာ္ျငာေတြကို စိတ္မရွိဘဲ ခဏတာ အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ အခမဲ့app ကို သံုးသင့္ပါတယ္။

free app ေတြကို စမ္းသံုးၾကည့္ျပီးေနာက္မွာ MP3 Converter -Audio Extractor က အဆင္ေျပတယ္လို႕ မွတ္ခ်က္ခ်လုိက္ပါတယ္။ သံုးရတာလည္း လြယ္ကူပါတယ္။ app ကိုဖြင့္ျပီးေတာ့ ပံုေတြကို သံုးခြင့္ေပးလုိက္ပါ။ ျပီးရင္ေတာ့ ေအာက္ပါအတုိင္းလုပ္ေဆာင္ရမွာပါ။

1) ေအာက္ေျခအလယ္ေခါင္နားက အေပါင္းသေကၤတေလးကို ႏွိပ္လိုက္ပါ။

2) iCloud or Camera Roll စသျဖင့္ ဗြီဒီယိုေလးကို သိမ္းထားတဲ့ေနရာကို ေရြးေပးလိုက္ပါ။

3) ဗြီဒီယိုေလးကို ေရြးေပးျပီးေတာ့ ညာဘက္ေအာက္ေျခနားက Add ကိုႏွိပ္ေပးလိုက္ပါ။

4) ျပီးေတာ့ ဗြီဒီယိုေလးကို ႏွိပ္ျပီးေတာ့ Convert ကို ေရြးလိုက္ပါ။

5) Default Mode (mp3) ကိုေရြးလိုက္ပါ။

m4a file format သံုးခ်င္တယ္ဆုိရင္ေတာ့ free ရပါတယ္။ Advance Mode ကို ေရြးျပီးေတာ့ it as the Output Format ကို ေရြးေပးလိုက္ပါ။ Output Range, Audio Sample စတာေတြလည္း ခ်ိန္ညွိလို္႕ရပါတယ္။

အသံဖုိင္ေလးကို ရဖို႕အတြက္ Converted Media ကို ႏွိပ္လုိက္ပါ။ အဲဒီမွာ နားေထာင္လို႕ရသလို AirDrop နဲ႕လည္း ဖြင့္လို႕ရပါတယ္။ မက္ေဆ့ခ်္ထဲမွာလည္း မွ်ေ၀လို႕ရပါတယ္။

MP3 Converter -Audio Extractor ကေတာ့ ေၾကာ္ျငာေလးေတြပါပါတယ္။ ဒါေပမယ့္လည္း အရမ္းမ်ားပါဘူး။ မၾကိဳက္ရင္ေတာ့ in-app purchase လုပ္ႏုိင္ပါတယ္။ all video formats, all audio formats နဲ႕ time range limit ကင္းလြတ္ျခင္းေတြ ရရွိမွာပါ။

ေနာက္ဆံုးအေနနဲ႕

ဗြီဒီယိုဖိုင္ေတြကို အသံဖုိင္အေနနဲ႕ ဆြဲထုတ္ခ်င္တယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြက အသံုး၀င္ပါတယ္။ ကေလးရယ္ေနတာ၊ ခ်စ္ခင္ရသူက လက္ထပ္ခြင့္တာင္းတာ၊ ကေလးသီခ်င္္းဆိုတာ၊ ေခြးရဲ႕ခ်စ္စဖြယ္အသံ စတာေလးေတြကို သီးသန္႕နားေထာင္ႏုိင္မွာပါ။ လက္ရွိသံုးေနတဲ့နည္းလမ္းေလးေတြရွိရင္လည္း ေျပာခဲ့ပါဦး။

Unicode Version

ရုပ်ပုံအရေးမကြီးပေမယ့်လည်း အသံဖမ်းချင်လို့ iOS device ကနေ ဗွီဒီယိုရိုက်ဖူးလား။ ဒါမှမဟုတ် အသံဖိုင်လေးပဲလိုချင်တဲ့ ဇာတ်ကားတစ်ကားရှိတာမျိုး၊ ပြီးတော့ ဖိုင်သက်သက်ခွဲပြီးနားထောင်ချင်တာမျိုးတွေ ကြုံဖူးလား။
ဗွီဒီယိုကနေ အသံဖိုင်ခွဲထုတ်တယ်ဆိုတာက ရှုပ်ထွေးတယ်လို့ ထင်လိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီလိုမဟုတ်ပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်သွားပြီဆိုရင် စာကိုအဆုံးထိဖတ်ဖို့ တာဝန်ယူလိုက်ပါ။ ပြောပြဖို့ ကျွန်တော်တို့တာဝန်ထားပါ။ iPhone, iPad နဲ့ Mac တို့ကိုသုံးပြီး ဗွီဒီယိုကနေ အသံဖိုင်ဆွဲထုတ်နည်းလေး သိရှိရတော့မှာပါ။
Mac ပေါ်မှာ ဗွီဒီယိုကနေ အသံဖိုင်ဆွဲထုတ်နည်း
Mac ပေါ်မှာ QuickTime Player ကိုအသုံးပြုပြီးတော့ ဗွီဒီယိုကနေ အသံဖိုင်ဆွဲထုတ်နည်းထက် လွယ်ကူတာမရှိလောက်ပါဘူး။
1) QuickTime Player ထဲမှာ ဗွီဒီယိုလေးကို ဖွင့်လိုက်ပါ။
2) menu bar ကနေ File ကို ရွေးလိုက်ပါ။
3) Export As ကိုရှာပြီးတော့ Audio Only ကို ရွေးလိုက်ပါ။
4) ဖိုင်ကို နာမည်ပေးပြီးတော့ သိမ်းချင်တဲ့နေရာရွေးပြီး Save နှိပ်လိုက်ပါ။
iPhone or iPad ပေါ်မှာ ဗွီဒီယိုကနေ အသံဖိုင်ဆွဲထုတ်နည်း
iMovie ကို သုံးပြီးတော့ လုပ်လို့ရတယ်ဆိုပေမယ့်လည်း သင်ထင်ထားတာထက်တောင် ပိုခက်နိုင်ပါတယ်။ အမြန်ဆုံးနဲ့ အလွယ်ဆုံးကတော့ third-party app ကို သုံးရမှာပါ။ ဟုတ်ပါတယ်။ App Store ပေါ်မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ကြော်ငြာတွေကို စိတ်မရှိဘဲ ခဏတာ အသုံးပြုချင်တယ်ဆိုရင်တော့ အခမဲ့app ကို သုံးသင့်ပါတယ်။
free app တွေကို စမ်းသုံးကြည့်ပြီးနောက်မှာ MP3 Converter -Audio Extractor က အဆင်ပြေတယ်လို့ မှတ်ချက်ချလိုက်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ app ကိုဖွင့်ပြီးတော့ ပုံတွေကို သုံးခွင့်ပေးလိုက်ပါ။ ပြီးရင်တော့ အောက်ပါအတိုင်းလုပ်ဆောင်ရမှာပါ။
1) အောက်ခြေအလယ်ခေါင်နားက အပေါင်းသင်္ကေတလေးကို နှိပ်လိုက်ပါ။
2) iCloud or Camera Roll စသဖြင့် ဗွီဒီယိုလေးကို သိမ်းထားတဲ့နေရာကို ရွေးပေးလိုက်ပါ။
3) ဗွီဒီယိုလေးကို ရွေးပေးပြီးတော့ ညာဘက်အောက်ခြေနားက Add ကိုနှိပ်ပေးလိုက်ပါ။
4) ပြီးတော့ ဗွီဒီယိုလေးကို နှိပ်ပြီးတော့ Convert ကို ရွေးလိုက်ပါ။
5) Default Mode (mp3) ကိုရွေးလိုက်ပါ။
m4a file format သုံးချင်တယ်ဆိုရင်တော့ free ရပါတယ်။ Advance Mode ကို ရွေးပြီးတော့ it as the Output Format ကို ရွေးပေးလိုက်ပါ။ Output Range, Audio Sample စတာတွေလည်း ချိန်ညှိလို့်ရပါတယ်။
အသံဖိုင်လေးကို ရဖို့အတွက် Converted Media ကို နှိပ်လိုက်ပါ။ အဲဒီမှာ နားထောင်လို့ရသလို AirDrop နဲ့လည်း ဖွင့်လို့ရပါတယ်။ မက်ဆေ့ချ်ထဲမှာလည်း မျှဝေလို့ရပါတယ်။
MP3 Converter -Audio Extractor ကတော့ ကြော်ငြာလေးတွေပါပါတယ်။ ဒါပေမယ့်လည်း အရမ်းများပါဘူး။ မကြိုက်ရင်တော့ in-app purchase လုပ်နိုင်ပါတယ်။ all video formats, all audio formats နဲ့ time range limit ကင်းလွတ်ခြင်းတွေ ရရှိမှာပါ။
နောက်ဆုံးအနေနဲ့
ဗွီဒီယိုဖိုင်တွေကို အသံဖိုင်အနေနဲ့ ဆွဲထုတ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးဝင်ပါတယ်။ ကလေးရယ်နေတာ၊ ချစ်ခင်ရသူက လက်ထပ်ခွင့်တာင်းတာ၊ ကလေးသီချင်းဆိုတာ၊ ခွေးရဲ့ချစ်စဖွယ်အသံ စတာလေးတွေကို သီးသန့်နားထောင်နိုင်မှာပါ။ လက်ရှိသုံးနေတဲ့နည်းလမ်းလေးတွေရှိရင်လည်း ပြောခဲ့ပါဦး။

Leave a Reply