Gmail မှာ Contacts တွေ ဘယ်လိုထည့်ကြမလဲ

0
908

Zawgyi Version


















Unicode Version

Outlook Web App မှာ contacts ထည့်ချင်တယ်ဆိုရင် Outlook app ထဲမှာပဲလုပ်ရတာဆိုတော့ ရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့်လည်း Google ရဲ့ Gmail platform မှာ ပုံစံတစ်မျိုးတွေ့မြင်ရပါတယ်။ ဒီတော့ Gmail ကနေ contacts ဘယ်လိုထည့်ရမလဲဆို စဉ်းစားနေရပြီဆိုရင်တော့ ရပ်လိုက်ပါ။ ဒီလိုလုပ်လို့မရပါဘူး။
Computer ကနေ ထည့်ခြင်း





  1. Google Contact ရဲ့ website (https://contacts.google.com/) ကို သွားလိုက်ပါ။
  2. contacts ထည့်ချင်တဲ့ အကောင့်ဝင်ထားရပါမယ်။
  3. page ရဲ့ ဘယ်ဘက်နားမှာရှိတဲ့ “Create contact” ခလုတ်လေးကို နှိပ်လိုက်ပါ။
  4. contact အသေးစိတ်ကို ထည့်သွင်းပြီးတော့ “Save” နှိပ်လိုက်ပါ။
  5. contact ထည့်သွင်းလိုက်တဲ့အချက်အလက်တွေနဲ့အတူ contact လေးကို သိမ်းဆည်းပါလိမ့်မယ်။
  6. ဒီထက်အသေးစိတ်သိချင်ရင်တော့ Google’s website မှာ ရှိသလို Google’s Gsuite website မှာလည်း ရှိပါတယ်။

Android Device ကနေ ထည့်ခြင်း

  1. Android မှာ “Contacts” app ကို ဖွင့်လိုက်ပါ။
  2. app ရဲ့ ညာဘက်အောက်နားလေးမှာ “+” ခလုတ်လေးကို တွေ့ပါလိမ့်မယ်။ contact ထည့်ဖို့အတွက် နှိပ်လိုက်ပါ။
  3. contact အသေးစိတ်ကို ထည့်သွင်းလိုက်ပါ။ မမြင်ရဘူးဆိုရင် “More fields” ကို နှိပ်ပါ။
  4. ပြီးရင်တော့ “Save” ကို နှိပ်ပြီး အဆုံးသတ်လိုက်ပါ။

iOS Device ကနေ ထည့်ခြင်း

  1. စိတ်မကောင်းစရာတစ်ခုကတော့ Gmail ထဲကို iOS device ကနေ တိုက်ရိုက်ထည့်လို့မရပါဘူး။ ထည့်ချင်တယ်ဆိုရင်တော့ Google Contacts ရဲ့ mobile web version ကို အသုံးပြုရမှာပါ။
  2. ညာဘက်အောက်နားမှာရှိတဲ့ “+” ခလုတ်လေးကို နှိပ်လိုက်ပါ။
  3. contact အသေးစိတ်ကိုထည့်သွင်းပြီးတော့ “Save” နှိပ်လိုက်ပါ။

Leave a Reply