လေးနှစ်လုံးလုံး private tweets တွေကို public ဖြစ်စေခဲ့တဲ့ Twitter Android bug
0
361
Zawgyi Version
Unicode Version
နည်းပညာလုပ်ငန်းတွေက စကားလုံးအသစ်ထွင်ရတာ သဘောကျတတ်ပါတယ်။ ဥပမာ – unlimited လို့ရေးထားခြင်းက limited လို့ ပြောချင်တာမျိုး။ အခုလည်း Twitter က “private” ကနေ “public” ဖြစ်စေခဲ့ပြီ။ Android မှာသာ အကျိုးသက်ရောက်ခဲ့တဲ့ bug လေးကို အပြစ်တင်ရမလိုလိုပါပဲ။ bug လေးဆိုပေမယ့်လည်း နှစ်ပေါင်းများစွာရှိနေခြင်းက ပိုအရေးပါတဲ့ကိစ္စမဟုတ်လား။ ဆိုလိုချင်တာက Twitter က မသိခဲ့ဘူးပေ့ါ။
အကောင့်ကို private လုပ်ထားခြင်းအားဖြင့် tweet တွေကို ကာကွယ်ထားလို့ရတယ်လို့ Twitter က ပြောထားပါတယ်။ ဒီတော့ သုံးစွဲသူတွေက tweet တွေကို မြင်စေချင်တဲ့သူတွေကိုပဲ ခွင့်ပြုပေးရမှာပါ။ ကံမကောင်းစွာနဲ့ပဲ Android သမားတွေအတွက် ၂၀၁၄ခုနှစ်ကတည်းက ယနေ့အချိန်အထိ bug လေးကြောင့် ဒီလိုတွေမဖြစ်ခဲ့ပါဘူး
Twitter က အသေးစိတ်တော့ပြောထားခြင်းမရှိပါဘူး။ သုံးစွဲသူတွေကိုအသိမပေးဘဲ Protect Your Tweets settings လေးကို ပိတ်ထားသလိုဖြစ်နေခဲ့တာပါ။ Twitter ကတော့ အီးမေးလ်လိပ်စာပြောင်းဖို့အတည်ပြုခဲ့ပါတယ်။
Bug လေးကို လေးနှစ်အတွင်းမှာ သိခဲ့လားဆိုတာလည်း Twitter က မပြောထားပါဘူး။ ပြောထားတာကတော့ privacy settings မှာ တစ်ချက်စစ်ကြည့်ပါတဲ့။ သုံးစွဲသူဘယ်လောက်ကို ထိခိုက်ထားသလဲဆိုတာကတော့ မပြောထားတဲ့အတွက်ကြောင့် မသိရသေးပါဘူး။ တစ်နည်းပြောရမယ်ဆိုရင်တော့ Android သမားတစ်ယောက်ဖြစ်နေမယ်ဆိုရင် အခုပဲ settings ကို စစ်လိုက်ပါ။
Leave a Reply