က်န္ရွိေနတဲ့ မိုဘုိင္းလ္သံုးစြဲသူမ်ားကို iPhone or Android ေျပာင္းသံုးရန္ Microsoft ေျပာၾကား

0
1708

Zawgyi Version

ႏွစ္ေပါင္းမ်ားစြာၾကိဳးစားျပီးေနာက္မွာ ကန္႕သတ္ခ်က္ေပါင္းမ်ားစြာနဲ႕ရင္ဆုိင္ရတယ္။ ရွိေနတဲ့ရင္းျမစ္ေလးကို လိုခ်င္တဲ့ပံုစံသြင္းရတာအဆင္မေျပေၾကာင္း အမွန္တရားကို လက္ခံရမယ့္အခ်ိန္ေရာက္လာျပီလား။ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း Microsoft စီအီးအို Satya Nadella ကေတာ့ ရဲရင့္ျခင္းဆိုတာကို ေဖာ္ျပလိုက္ပါတယ္။ Cortana ဟာ Amazon Alexa ဒါမွမဟုတ္ Google Assistant တို႕ထက္ digital assistant တုိက္ပြဲမွာ အႏိုင္ရလာမွာမဟုတ္ေၾကာင္း မၾကာေသးခင္တုန္းက က်င္းပခဲ့တဲ့ Microsoft’s Redmond campus က ပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ Windows 10 Mobile ကလည္း iOS နဲ႕ Android ကို မယွဥ္ႏုိင္မွန္း နားလည္သေဘာေပါက္သြားျပီနဲ႕တူပါတယ္။

နည္းပညာနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့သူေတြေတာင္မွ လက္ေတြ႕ျဖစ္ေနတဲ့အရာေတြကို ျမင္ႏုိင္စြမ္းရွိဖုိ႕ ခက္ခဲပါတယ္။ အမွန္တရားက ခါးသီးပါတယ္။ အသစ္အဆန္းနဲ႕ ေအာင္ျမင္ျခင္းဆိုတာ ထိပ္တန္းအလႊာေတြပဲ လုပ္ေဆာင္ႏိုင္တဲ့အရာမ်ိဳးပါ။

Cortana ဟာ digital assistant တစ္ခုျဖစ္ျပီးေတာ့ သူ႕ကိုလုပ္ေဆာင္ဖုိ႕အတြက္ စာေရးသူေတြ၊ ဖန္တီးရွင္ေတြ၊ အေတာ္မ်ားမ်ားကို ခန္႕ထားခဲ့ေပမယ္လည္း ထင္သေလာက္ေတာ့ အလုပ္ျဖစ္မလာခဲ့ပါဘူး။ ဒီေတာ့ Cortana ကို ထီးထီးရပ္တည္မယ့္အစား Alexa or Google Assistant နဲ႕ တြဲဖက္လိုက္ရပါတယ္။

Microsoft က software အေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ Windows 10 Mobile FAQ ထဲမွာဆိုရင္ Windows 10 Mobile OS ဟာ ဒီဇင္ဘာ၁၀ရက္ေန႕မွာ ေထာက္ပံ့မႈရပ္သြားမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ ဒီေတာ့ Android or iOS ေျပာင္းသံုးၾကပါလို႕ ေျပာထားပါတယ္။

ဒါက ထူးျခားတဲ့ ေမွ်ာ္လင့္မထားတဲ့ ျဖစ္ရပ္ဆန္း မဟုတ္ပါဘူး။ ၂၀၁၇ ဂ်ဴလုိင္လမွာ Windows Phone 8.1 support ကို အဆံုးသတ္ခဲ့ပါတယ္။ mobile အတြက္ လုပ္ေဆာင္မယ့္အစား iOS နဲ႕ Android ဖုန္းေတြမွာ အသံုးျပဳရမယ့္ app နဲ႕ service ေတြကို ဦးတည္ခဲ့ပါတယ္။

ဒီေတာ့ Cortana ရဲ႕ နယ္ပယ္တစ္ခု ေန၀င္ခ်ိန္ကို ေရာက္သြားခဲ့ပါျပီ။ သံုးစြဲသူေတြ အၾကိဳက္ေတြ႕ေနဆဲျဖစ္တဲ့ Windows 7 ကို support ရပ္မယ္ဆိုတာကလည္း ပြဲတစ္ခုျဖစ္ေစခဲ့ပါတယ္။

Unicode Version

နှစ်ပေါင်းများစွာကြိုးစားပြီးနောက်မှာ ကန့်သတ်ချက်ပေါင်းများစွာနဲ့ရင်ဆိုင်ရတယ်။ ရှိနေတဲ့ရင်းမြစ်လေးကို လိုချင်တဲ့ပုံစံသွင်းရတာအဆင်မပြေကြောင်း အမှန်တရားကို လက်ခံရမယ့်အချိန်ရောက်လာပြီလား။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Microsoft စီအီးအို Satya Nadella ကတော့ ရဲရင့်ခြင်းဆိုတာကို ဖော်ပြလိုက်ပါတယ်။ Cortana ဟာ Amazon Alexa ဒါမှမဟုတ် Google Assistant တို့ထက် digital assistant တိုက်ပွဲမှာ အနိုင်ရလာမှာမဟုတ်ကြောင်း မကြာသေးခင်တုန်းက ကျင်းပခဲ့တဲ့ Microsoft’s Redmond campus က ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ Windows 10 Mobile ကလည်း iOS နဲ့ Android ကို မယှဉ်နိုင်မှန်း နားလည်သဘောပေါက်သွားပြီနဲ့တူပါတယ်။
နည်းပညာနယ်ပယ်မှာ အောင်မြင်နေတဲ့သူတွေတောင်မှ လက်တွေ့ဖြစ်နေတဲ့အရာတွေကို မြင်နိုင်စွမ်းရှိဖို့ ခက်ခဲပါတယ်။ အမှန်တရားက ခါးသီးပါတယ်။ အသစ်အဆန်းနဲ့ အောင်မြင်ခြင်းဆိုတာ ထိပ်တန်းအလွှာတွေပဲ လုပ်ဆောင်နိုင်တဲ့အရာမျိုးပါ။
Cortana ဟာ digital assistant တစ်ခုဖြစ်ပြီးတော့ သူ့ကိုလုပ်ဆောင်ဖို့အတွက် စာရေးသူတွေ၊ ဖန်တီးရှင်တွေ၊ အတော်များများကို ခန့်ထားခဲ့ပေမယ်လည်း ထင်သလောက်တော့ အလုပ်ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ Cortana ကို ထီးထီးရပ်တည်မယ့်အစား Alexa or Google Assistant နဲ့ တွဲဖက်လိုက်ရပါတယ်။
Microsoft က software အကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Windows 10 Mobile FAQ ထဲမှာဆိုရင် Windows 10 Mobile OS ဟာ ဒီဇင်ဘာ၁၀ရက်နေ့မှာ ထောက်ပံ့မှုရပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီတော့ Android or iOS ပြောင်းသုံးကြပါလို့ ပြောထားပါတယ်။
ဒါက ထူးခြားတဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဆန်း မဟုတ်ပါဘူး။ ၂၀၁၇ ဂျူလိုင်လမှာ Windows Phone 8.1 support ကို အဆုံးသတ်ခဲ့ပါတယ်။ mobile အတွက် လုပ်ဆောင်မယ့်အစား iOS နဲ့ Android ဖုန်းတွေမှာ အသုံးပြုရမယ့် app နဲ့ service တွေကို ဦးတည်ခဲ့ပါတယ်။
ဒီတော့ Cortana ရဲ့ နယ်ပယ်တစ်ခု နေဝင်ချိန်ကို ရောက်သွားခဲ့ပါပြီ။ သုံးစွဲသူတွေ အကြိုက်တွေ့နေဆဲဖြစ်တဲ့ Windows 7 ကို support ရပ်မယ်ဆိုတာကလည်း ပွဲတစ်ခုဖြစ်စေခဲ့ပါတယ်။

Leave a Reply