Xiaomi ရဲ႕ မ်က္ႏွာျပင္ေအာက္ fingerprint sensor မွာ ခံစားႏုိင္စြမ္းရွိတဲ့ဧရိယာပိုၾကီးလာ

0
1625

Zawgyi Version

Xiaomi က Oppo နဲ႕ Vivo ကို မ်က္ႏွာျပင္ေအာက္ fingerprint sensor နယ္ပယ္မွာ အႏုိင္ရႏုိင္မလား။

Xiaomi က တရုတ္ျပိဳင္ဘက္ေတြနဲ႕ယွဥ္လုိက္ရင္ မ်က္ႏွာျပင္ေအာက္ fingerprint sensor ကို လုပ္ေဆာင္တာ ေႏွးေကြးတယ္လို႕ ဆိုရမယ္။ မႏွစ္က Mi 8 flagship မွာသာ ထည့္သြင္းေပးခဲ့တာကို ေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္လည္း Weibo မွာ တင္ထားတဲ့ပို႕စ္တစ္ခုအရ သူတို႕ဟာ အဆင့္ပိုျမင့္တဲ့နည္းပညာတစ္ခုကို လုပ္ေဆာင္ေနတယ္လို႕ သတင္းရထားပါတယ္။

fingerprint sensor အသစ္ရဲ႕ သရုပ္ျပဗြီဒီယိုေလးကိုလည္း ပို႕စ္ထဲမွာ ေတြ႕ျမင္ရပါတယ္။ အာရံုခံစားႏုိင္တဲ့ဧရိယာေလးဟာ 25 x 50mm က်ယ္၀န္းပါတယ္။ ဒါေၾကာင့္ လက္မအရြယ္အစားသာရွိတဲ့ေနရာေလးထက္ ပိုမိုက်ယ္ျပန္႕တဲ့ေနရာကို အသံုးျပဳႏုိင္တာေၾကာင့္ unlock လုပ္ရတာ ပိုမိုလြယ္ကူေစမယ္လို႕ ခန္႕မွန္းရပါတယ္။ ဖုန္းကို ေကာက္ကိုင္လုိက္ခ်ိန္မွာ scanner ဘယ္နားမွာလဲဆိုတာ ၾကည့္ေနစရာမလိုေလာက္ေတာ့ဘူး ထင္ပါတယ္။ unlock လုပ္ဖုိ႕အတြက္ ဖုန္းကိုတစ္ခ်က္ထိလိုက္ရင္ ရပါျပီလို႕လည္း ေျပာထားပါတယ္။

ဒီနည္းပညာကို လုပ္ေဆာင္ေနတာက Xiaomi တစ္ဦးတည္းမဟုတ္ပါဘူး။ အရင္ႏွစ္အေစာပိုင္းတုန္းကလည္း Vivo ဟာ  “half-screen” sensor ပါ၀င္တဲ့ Apex လို႕ေခၚတဲ့ concept phone ေလးကို ျပသဖူးပါတယ္။ ဒီအပတ္မွာေတာ့ Oppo ေၾကညာခဲ့တာက အရင္ဖန္တီးခဲ့တာေတြထက္ ၁၅ဆပိုၾကီးတဲ့ fingerprint sensor ပါ၀င္မယ့္ဖုန္းေလးပါ။ ဒါေပမယ့္လည္း Xiaomi ဆီက ဘယ္အခ်ိန္မွာ ေတြ႕ျမင္ရမလဲဆိုတာ ကၽြန္ေတာ္တို႕ သိခြင့္မရေသးပါဘူး။

Vivo လိုမ်ိဳး တရုတ္လုပ္ငန္းေတြကလည္း ဒီနည္းပညာကို မႏွစ္ကတည္းက လုပ္ေဆာင္ေနခဲ့တာပါ။ အခု ၂၀၁၉ေရာက္လာျပီဆိုေတာ့ Samsung လိုမ်ိဳး ႏုိင္ငံတကာလုပ္ငန္းေတြကလည္း လိုက္လုပ္ေဆာင္ႏုိင္ေခ်ရွိေနပါတယ္။ ေမးခြန္းတစ္ခုေမးစရာရွိတာက ဒီနည္းပညာရဲ႕ မ်ိဳးဆက္သစ္အေနနဲ႕ ဘယ္သူ႕ဆီက ပထမဆံုးေတြ႕ျမင္ရမလဲဆိုတာပါပဲ။ အဲဒီနည္းပညာကေရာ ေရာင္းအားေကာင္းေစမယ့္အခ်က္တစ္ခု ျဖစ္လာေစႏုိင္မွာလား။

Unicode Version

Xiaomi က Oppo နဲ့ Vivo ကို မျက်နှာပြင်အောက် fingerprint sensor နယ်ပယ်မှာ အနိုင်ရနိုင်မလား။
Xiaomi က တရုတ်ပြိုင်ဘက်တွေနဲ့ယှဉ်လိုက်ရင် မျက်နှာပြင်အောက် fingerprint sensor ကို လုပ်ဆောင်တာ နှေးကွေးတယ်လို့ ဆိုရမယ်။ မနှစ်က Mi 8 flagship မှာသာ ထည့်သွင်းပေးခဲ့တာကို တွေ့မြင်ရမှာပါ။ ဒါပေမယ့်လည်း Weibo မှာ တင်ထားတဲ့ပို့စ်တစ်ခုအရ သူတို့ဟာ အဆင့်ပိုမြင့်တဲ့နည်းပညာတစ်ခုကို လုပ်ဆောင်နေတယ်လို့ သတင်းရထားပါတယ်။
fingerprint sensor အသစ်ရဲ့ သရုပ်ပြဗွီဒီယိုလေးကိုလည်း ပို့စ်ထဲမှာ တွေ့မြင်ရပါတယ်။ အာရုံခံစားနိုင်တဲ့ဧရိယာလေးဟာ 25 x 50mm ကျယ်ဝန်းပါတယ်။ ဒါကြောင့် လက်မအရွယ်အစားသာရှိတဲ့နေရာလေးထက် ပိုမိုကျယ်ပြန့်တဲ့နေရာကို အသုံးပြုနိုင်တာကြောင့် unlock လုပ်ရတာ ပိုမိုလွယ်ကူစေမယ်လို့ ခန့်မှန်းရပါတယ်။ ဖုန်းကို ကောက်ကိုင်လိုက်ချိန်မှာ scanner ဘယ်နားမှာလဲဆိုတာ ကြည့်နေစရာမလိုလောက်တော့ဘူး ထင်ပါတယ်။ unlock လုပ်ဖို့အတွက် ဖုန်းကိုတစ်ချက်ထိလိုက်ရင် ရပါပြီလို့လည်း ပြောထားပါတယ်။


ဒီနည်းပညာကို လုပ်ဆောင်နေတာက Xiaomi တစ်ဦးတည်းမဟုတ်ပါဘူး။ အရင်နှစ်အစောပိုင်းတုန်းကလည်း Vivo ဟာ “half-screen” sensor ပါဝင်တဲ့ Apex လို့ခေါ်တဲ့ concept phone လေးကို ပြသဖူးပါတယ်။ ဒီအပတ်မှာတော့ Oppo ကြေညာခဲ့တာက အရင်ဖန်တီးခဲ့တာတွေထက် ၁၅ဆပိုကြီးတဲ့ fingerprint sensor ပါဝင်မယ့်ဖုန်းလေးပါ။ ဒါပေမယ့်လည်း Xiaomi ဆီက ဘယ်အချိန်မှာ တွေ့မြင်ရမလဲဆိုတာ ကျွန်တော်တို့ သိခွင့်မရသေးပါဘူး။
Vivo လိုမျိုး တရုတ်လုပ်ငန်းတွေကလည်း ဒီနည်းပညာကို မနှစ်ကတည်းက လုပ်ဆောင်နေခဲ့တာပါ။ အခု ၂၀၁၉ရောက်လာပြီဆိုတော့ Samsung လိုမျိုး နိုင်ငံတကာလုပ်ငန်းတွေကလည်း လိုက်လုပ်ဆောင်နိုင်ချေရှိနေပါတယ်။ မေးခွန်းတစ်ခုမေးစရာရှိတာက ဒီနည်းပညာရဲ့ မျိုးဆက်သစ်အနေနဲ့ ဘယ်သူ့ဆီက ပထမဆုံးတွေ့မြင်ရမလဲဆိုတာပါပဲ။ အဲဒီနည်းပညာကရော ရောင်းအားကောင်းစေမယ့်အချက်တစ်ခု ဖြစ်လာစေနိုင်မှာလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.