Enterprise Gadget Trending

ေဖေဖာ္၀ါရီ၂၄ရက္ေန႕တြင္ ျပသေတာ့မယ့္ Microsoft HoloLens 2

Zawgyi Version

ဘာစီလိုနာမွာက်င္းပမယ့္ Mobile World Congress မွာ ထုတ္ကုန္အသစ္ကိုျပသဖို႕အတြက္ ဖိတ္ၾကားစာေရာက္လာခဲ့ပါတယ္။ ျပသမယ့္ထုတ္ကုန္ကေတာ့ Magic Leap ကို ျပိဳင္ဆိုင္မွာပါ။

ဒီႏွစ္ရဲ႕ CES ကေတာ့ AR သတင္းေတြပိုင္းမွာ ၾကီးၾကီးမားမားကေတာ့ မရွိပါဘူး။ ဒါေပမယ့္လည္း AR headset ျဖစ္တဲ့ HoloLens ကို ထုတ္ျပဖို႕အတြက္ Mobile World Congress အထိ ေစာင့္ေနခဲ့ပါတယ္။ MWC မွာ ျပသမယ္ဆုိေတာ့ HoloLens 2 ဟာ ၾကီးၾကီးမားမားတစ္ခုျဖစ္ေလာက္ပါတယ္။

Microsoft စီအီးအို Satya Nadella ကေတာ့ keynote ကို ေျပာၾကားသြားမွာျဖစ္ပါတယ္။ အဲဒီမွာ Kinect နဲ႕ HoloLens တို႕ရဲ႕ ဖန္တီးသူတစ္ေယာက္ျဖစ္တဲ့ Alex Kipman ကိုလည္း တြဲဖက္ေတြ႕ျမင္ရမွာပါ။

image001

Microsoft ဆီက တံု႕ျပန္မႈတစ္စံုတစ္ရာမၾကားရေသးေပမယ့္လည္း HoloLens ကေတာ့ ၂၀၁၉ႏွစ္စပိုင္းမွာ ေတြ႕ျမင္ရဖို႕အတြက္ ေမွ်ာ္လင့္ထားၾကပါတယ္။ HoloLens headset ေတြတုန္းက ယူအက္စ္စစ္တပ္ကိုေထာက္ပံ့ဖို႕အတြက္ ေဒၚလာ၄၈၀မီလ်ံစာခ်ဳပ္ကို ရထားခဲ့ပါတယ္။

original HoloLens AR headset ကိုေတာ့ ၂၀၁၆ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာျဖစ္ျပီးေတာ့ hologram လိုမ်ိဳး 3D graphics ေလးေတြကို လက္ေတြ႕ေလာကထဲကို ျဖန္႕ခ်ိေပးႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း နည္းပညာပိုင္းအရ field of view နည္းပါးတဲ့စိန္ေခၚမႈေတြ ၾကံဳခဲ့ရပါတယ္။ field of view တိုးတက္လာသလို advanced controls ေတြလည္း ယူေဆာင္လာမွာက်ိန္းေသပါတယ္။

Magic Leap ရဲ႕ first-generation AR headset ျဖစ္တဲ့ Magic Leap One ကိုေတာ့ မႏွစ္က ထုတ္လုပ္ခဲ့တာျဖစ္ျပီးေတာ့ developer ေတြနဲ႕ လုပ္ငန္းသံုးေတြအတြက္ ရည္ရြယ္ထားပါတယ္။

တစ္ခ်ိန္တည္းမွာ Microsoft ရဲ႕ Windows 10 အတြက္ VR လုပ္ေဆာင္ေနမႈက အသံျငိမ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ဒီေတာ့ ဘာေတြဆက္ျဖစ္လာႏိုင္မလဲ။

Unicode Version

ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress မှာ ထုတ်ကုန်အသစ်ကိုပြသဖို့အတွက် ဖိတ်ကြားစာရောက်လာခဲ့ပါတယ်။ ပြသမယ့်ထုတ်ကုန်ကတော့ Magic Leap ကို ပြိုင်ဆိုင်မှာပါ။
ဒီနှစ်ရဲ့ CES ကတော့ AR သတင်းတွေပိုင်းမှာ ကြီးကြီးမားမားကတော့ မရှိပါဘူး။ ဒါမေယ့်လည်း AR headset ဖြစ်တဲ့ HoloLens ကို ထုတ်ပြဖို့အတွက် Mobile World Congress အထိ စောင့်နေခဲ့ပါတယ်။ MWC မှာ ပြသမယ်ဆိုတော့ HoloLens 2 ဟာ ကြီးကြီးမားမားတစ်ဖြစ်လောက်ပါတယ်။
Microsoft စီအီးအို Satya Nadella ကတော့ keynote ကို ပြောကြားသွားမှာဖြစ်ပါတယ်။ အဲဒီမှာ Kinect နဲ့ HoloLens တို့ရဲ့ ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ Alex Kipman ကိုလည်း တွဲဖက်တွေ့မြင်ရမှာပါ။

image001


Microsoft ဆီက တုံ့ပြန်မှုတစ်စုံတစ်ရာမကြားရသေးပေမယ့်လည်း HoloLens ကတော့ ၂၀၁၉နှစ်စပိုင်းမှာ တွေ့မြင်ရဖို့အတွက် မျှော်လင့်ထားကြပါတယ်။ HoloLens headset တွေတုန်းက ယူအက်စ်စစ်တပ်ကိုထောက်ပံ့ဖို့အတွက် ဒေါ်လာ၄၈၀မီလျံစာချုပ်ကို ရထားခဲ့ပါတယ်။
original HoloLens AR headset ကိုတော့ ၂၀၁၆ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ hologram လိုမျိုး 3D graphics လေးတွေကို လက်တွေ့လောကထဲကို ဖြန့်ချိပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပညာပိုင်းအရ field of view နည်းပါးတဲ့စိန်ခေါ်မှုတွေ ကြုံခဲ့ရပါတယ်။ field of view တိုးတက်လာသလို advanced controls တွေလည်း ယူဆောင်လာမှာကျိန်းသေပါတယ်။
Magic Leap ရဲ့ first-generation AR headset ဖြစ်တဲ့ Magic Leap One ကိုတော့ မနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ developer တွေနဲ့ လုပ်ငန်းသုံးတွေအတွက် ရည်ရွယ်ထားပါတယ်။
တစ်ချိန်တည်းမှာ Microsoft ရဲ့ Windows 10 အတွက် VR လုပ်ဆောင်နေမှုက အသံငြိမ်နေတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.