ဒေါ်လာ၁၀၀၀တန် LV wireless earbud

0
237

Zawgyi Version








Unicode Version

ဒီနားကြပ်လေးတွေကတော့ Master & Dynamic’s MW07 ကို rebrand လုပ်ထားတဲ့ဗားရှင်းဖြစ်ပါတယ်။


Louis Vuitton ဆိုတာကတော့ audio ပိုင်းမှာ luxury brand အဖြစ်နဲ့ တွေ့မြင်ရတော့မှာပါ။ ပြင်သစ်ဖက်ရှင်လုပ်ငန်းနဲ့ နယူးယောက်အခြေစိုက် Master & Dynamic တို့ပူးပေါင်းပြီးတော့ LV ရဲ့ ပထမဆုံးသော earbud တွေကို ဖန်တီးခဲ့ပါတယ်။ Louis Vuitton Horizon Earphone တွေကတော့ ဒီဇိုင်းလေးမျိုးနဲ့ရောက်လာမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၉၉၅လို့ ခန့်မှန်းထားပါတယ်။


LV Horizon Earphones တွေရဲ့ အချက်အလက်တွေကို တစ်ချက်ရှိုးကြည့်ပါဦး။ Master & Dynamic ရဲ့ MW07 earbuds နဲ့ တစ်ထေရာတည်းပါပဲ။ custom 10mm high-performance Beryllium driver ၊ playback ဆက်တိုက်နားထောင်ချိန် ၃.၅နာရီကို ပေးစွမ်းထားပါတယ်။ အကြီးမားဆုံးခြားနားချက်ကတော့ Louis Vuitton ရဲ့ အမှတ်အသားဖြစ်တဲ့ “LV” လေး ပါဝင်လာခြင်းပါပဲ။ charging case လေးကလည်း ခြားနားမှုကို ခံစားရပါတယ်။ MW07 တုန်းက ဒေါ်လာ၂၉၉ သာပေးခဲ့ရပါတယ်။ အခုဈေးနဲ့ အတော်လေးခြားနားနေတာကို တွေ့မြင်ရမှာပါ။


LV branding အရမ်းကြိုက်တဲ့သူဆိုရင်တော့ ပြီးခဲ့တဲ့လက ကြေညာထားတဲ့ second generation Tambour Horizon smartwatch လေးလည်း ရှိသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၂၂၅၀-၈၅၀၀ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.