အျမန္ႏႈန္းတုိင္းကင္မရာေတြရဲ႕ အုိင္ကြန္ေလးေတြကို ျပသေပးမယ့္ Google Maps

0
1380

Zawgyi Version

Google Maps က အသံုး၀င္တဲ့ feature သစ္တစ္ခုကို မိတ္ဆက္လိုက္ျပန္ျပီ။

speed trap ျပဖို႕အတြက္ Google Maps မွာ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။ Android သံုးစြဲသူတစ္ေယာက္က မွ်ေ၀ထားတဲ့ screenshot ေတြမွာ ေမာင္းႏွင္ရင္းနဲ႕ Map ၾကည့္လုိိက္တဲ့အခါ အျမန္ႏႈန္းတုိင္းကင္မရာေတြရဲ႕ အုိင္ကြန္ေလးေတြကို ေတြ႕ျမင္ရပါတယ္။ ကားေမာင္းေနလို႕ မၾကည့္အားဘူးဆိုေပမယ့္လည္း Google Maps က သင့္ကို အသံနဲ႕အခ်က္ျပေပးသြားမွာျဖစ္ပါတယ္။

Google Maps speed traps

Google Maps သံုးစြဲသူေတြကို ျဖည္းျဖည္းခ်င္းေရာက္လာမယ့္ feature ေလးျဖစ္ပါတယ္။ Reddit သံုးစြဲသူအေတာ္မ်ားမ်ားကေတာ့ အသံုး၀င္ေၾကာင္း ေျပာေနၾကပါျပီ။ ကိုယ္တုိင္လုပ္ေဆာင္ေနစရာတစ္ခုမွ မလိုအပ္ပါဘူး။ ဒီေတာ့ Google Maps မွာ speed trap ေတြမျမင္ရေသးဘူးဆုိရင္လည္း ထည့္ေပးမယ့္အခ်ိန္ေလးကို ေစာင့္ဆုိင္းရံုပါပဲ။

သင္ေရာ ရေနျပီလား။ စစ္ျပီးရင္ ေျပာခဲ့ဦးေနာ္။

Unicode Version

Google Maps က အသုံးဝင်တဲ့ feature သစ်တစ်ခုကို မိတ်ဆက်လိုက်ပြန်ပြီ။
speed trap ပြဖို့အတွက် Google Maps မှာ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ Android သုံးစွဲသူတစ်ယောက်က မျှဝေထားတဲ့ screenshot တွေမှာ မောင်းနှင်ရင်းနဲ့ Map ကြည့်လိုက်တဲ့အခါ အမြန်နှုန်းတိုင်းကင်မရာတွေရဲ့ အိုင်ကွန်လေးတွေကို တွေ့မြင်ရပါတယ်။ ကားမောင်းနေလို့ မကြည့်အားဘူးဆိုပေမယ့်လည်း Google Maps က သင့်ကို အသံနဲ့အချက်ပြပေးသွားမှာဖြစ်ပါတယ်။

Google Maps speed traps


Google Maps သုံးစွဲသူတွေကို ဖြည်းဖြည်းချင်းရောက်လာမယ့် feature လေးဖြစ်ပါတယ်။ Reddit သုံးစွဲသူအတော်များများကတော့ အသုံးဝင်ကြောင်း ပြောနေကြပါပြီ။ ကိုယ်တိုင်လုပ်ဆောင်နေစရာတစ်ခုမှ မလိုအပ်ပါဘူး။ ဒီတော့ Google Maps မှာ speed trap တွေမမြင်ရသေးဘူးဆိုရင်လည်း ထည့်ပေးမယ့်အချိန်လေးကို စောင့်ဆိုင်းရုံပါပဲ။
သင်ရော ရနေပြီလား။ စစ်ပြီးရင် ပြောခဲ့ဦးနော်။

Leave a Reply