ပညာေရးအတြက္ရည္ရြယ္ထုတ္လုပ္မယ့္ Chrome OS သံုး CTL Tx1 တက္ဘလက္

0
429
CTL Chromebook Tablet TX1 Front and Back

Zawgyi Version

အိုရီဂြန္အေျခစိုက္ CTL ကေတာ့ Chromebook Tablet Tx1 ကို မိတ္ဆက္လုိက္ပါတယ္။ သူကေတာ့ ၉.၇လက္မ အၾကမ္းခံ တက္ဘလက္အမ်ိဳးအစားျဖစ္ျပီးေတာ့ Chrome OS ကို သံုးထားပါတယ္။ Wacom EMR stylus ကိုလည္း အသံုးျပဳႏုိင္ဦးမွာပါ။ တက္ဘလက္ေလးကိုေတာ့ ပညာေရးအတြက္ရည္ရြယ္ထားပါတယ္။ Google ရဲ႕ ထုတ္ကုန္ေတြနဲ႕အတူ Chrome OS က ေထာက္ပံ့ေပးထားတဲ့ app ေတြကိုလည္း အသံုးျပဳႏုိင္ဦးမွာပါ။ ဒါ့အျပင္ ဘတ္ထရီသက္တမ္းက ၁၀နာရီအထိခံတဲ့အတြက္ေၾကာင့္ ေက်ာင္းသားေတြအတြက္ အေတာ္ေလးကို အဆင္ေျပပါတယ္။

CTL Tx1 Chrome OS တက္ဘလက္ေလးမွာ ၉.၇လက္မ IPS display ၊ 2048 x 1536 resolution တို႕ကို တြဲဖက္အသံုးျပဳထားပါတယ္။ built-in stylus ေလးကေတာ့ စာေရးသားျခင္း၊ ပံုဆြဲသားျခင္းေတြအတြက္ အေထာက္အကူျပဳမွာျဖစ္သလို app အသံုးျပဳရတာလည္း လြယ္ကူေစမွာပါ။

Stylus အတြက္ ဘတ္ထရီမလိုအပ္ပါဘူး။ ဒီေတာ့ ေက်ာင္းတက္ေနစဥ္အခ်ိန္အတြင္းမွာ သံုးမရေတာ့တာမ်ိဳး မၾကံဳရႏုိင္ပါဘူး။ အစိုဓါတ္နဲ႕ ျပဳတ္က်လို႕ shock ျဖစ္မွာေတြကေနလည္း ခံႏုိင္အဆင့္တစ္ခုအထိ ကာကြယ္ေပးထားပါတယ္။

အတြင္းထဲမွာေတာ့ OP1 hexa-core processor ၊ Cortex-A53 cores ေလးလံုး၊ Cortex-A72 cores ႏွစ္လံုး၊ 4GB RAM ၊ 32GB သိုေလွာင္မႈေတြ ထည့္သြင္းေပးထားပါတယ္။ microSD card လည္းပါ၀င္ေနတဲ့အတြက္ေၾကာင့္ စိတ္ၾကိဳက္အသံုးျပဳႏုိင္ေစမွာပါ။ အေနာက္ကင္မရာ 5-megapixel ၊ အေရွ႕ကင္မရာ 2-megapixel တို႕အျပင္ အားသြင္းဖို႕ USB-C ကို အသံုးျပဳရမွာပါ။

တက္ဘလက္ေလးကို စာသင္ခန္းအတြက္ အၾကမ္းခံႏုိင္ေအာင္ ျပင္ဆင္ထားတယ္လို႕ CTL က ေျပာထားပါတယ္။ Fast Track လို႕ေခၚတဲ့ အလံုးေရမ်ားမ်ားမွာတဲ့ျပည္တြင္းသံုးစြဲသူေတြကို အခမဲ့ပို႕ေဆာင္ေပးမယ့္စနစ္လည္း ရွိပါတယ္။ ငါးရက္အတြင္းပ်က္စီးမႈေတြရွိပါက ျပင္ဆင္ေပးျခင္း၊ ကိုယ္တုိင္ျပင္ဆင္ႏုိင္ေအာင္ကူညီေပးျခင္းေတြလည္း ပါ၀င္ဦးမွာပါ။

CTL ကေတာ့ Chromebook Tablet Tx1 Chrome OS ေလးကို ယူအက္စ္နဲ႕ ဥေရာပတစ္ခြင္ကို ေနာက္လကုန္မွာ မိတ္ဆက္ဖို႕မွန္းထားပါတယ္။ အျခား Chrome OS တက္ဘလက္ေတြနဲ႕ ေစ်းကြက္မွာ အျပိဳင္ေနရာယူေတာ့မွာပါ။

Unicode Version

အိုရီဂွန်အခြေစိုက် CTL ကတော့ Chromebook Tablet Tx1 ကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ ၉.၇လက်မ အကြမ်းခံ တက်ဘလက်အမျိုးအစားဖြစ်ပြီးတော့ Chrome OS ကို သုံးထားပါတယ်။ Wacom EMR stylus ကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ တက်ဘလက်လေးကိုတော့ ပညာရေးအတွက်ရည်ရွယ်ထားပါတယ်။ Google ရဲ့ ထုတ်ကုန်တွေနဲ့အတူ Chrome OS က ထောက်ပံ့ပေးထားတဲ့ app တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ဒါ့အပြင် ဘတ်ထရီသက်တမ်းက ၁၀နာရီအထိခံတဲ့အတွက်ကြောင့် ကျောင်းသားတွေအတွက် အတော်လေးကို အဆင်ပြေပါတယ်။
CTL Tx1 Chrome OS တက်ဘလက်လေးမှာ ၉.၇လက်မ IPS display ၊ 2048 x 1536 resolution တို့ကို တွဲဖက်အသုံးပြုထားပါတယ်။ built-in stylus လေးကတော့ စာရေးသားခြင်း၊ ပုံဆွဲသားခြင်းတွေအတွက် အထောက်အကူပြုမှာဖြစ်သလို app အသုံးပြုရတာလည်း လွယ်ကူစေမှာပါ။
Stylus အတွက် ဘတ်ထရီမလိုအပ်ပါဘူး။ ဒီတော့ ကျောင်းတက်နေစဉ်အချိန်အတွင်းမှာ သုံးမရတော့တာမျိုး မကြုံရနိုင်ပါဘူး။ အစိုဓါတ်နဲ့ ပြုတ်ကျလို့ shock ဖြစ်မှာတွေကနေလည်း ခံနိုင်အဆင့်တစ်ခုအထိ ကာကွယ်ပေးထားပါတယ်။
အတွင်းထဲမှာတော့ OP1 hexa-core processor ၊ Cortex-A53 cores လေးလုံး၊ Cortex-A72 cores နှစ်လုံး၊ 4GB RAM ၊ 32GB သိုလှောင်မှုတွေ ထည့်သွင်းပေးထားပါတယ်။ microSD card လည်းပါဝင်နေတဲ့အတွက်ကြောင့် စိတ်ကြိုက်အသုံးပြုနိုင်စေမှာပါ။ အနောက်ကင်မရာ 5-megapixel ၊ အရှေ့ကင်မရာ 2-megapixel တို့အပြင် အားသွင်းဖို့ USB-C ကို အသုံးပြုရမှာပါ။
တက်ဘလက်လေးကို စာသင်ခန်းအတွက် အကြမ်းခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ CTL က ပြောထားပါတယ်။ Fast Track လို့ခေါ်တဲ့ အလုံးရေများများမှာတဲ့ပြည်တွင်းသုံးစွဲသူတွေကို အခမဲ့ပို့ဆောင်ပေးမယ့်စနစ်လည်း ရှိပါတယ်။ ငါးရက်အတွင်းပျက်စီးမှုတွေရှိပါက ပြင်ဆင်ပေးခြင်း၊ ကိုယ်တိုင်ပြင်ဆင်နိုင်အောင်ကူညီပေးခြင်းတွေလည်း ပါဝင်ဦးမှာပါ။
CTL ကတော့ Chromebook Tablet Tx1 Chrome OS လေးကို ယူအက်စ်နဲ့ ဥရောပတစ်ခွင်ကို နောက်လကုန်မှာ မိတ်ဆက်ဖို့မှန်းထားပါတယ်။ အခြား Chrome OS တက်ဘလက်တွေနဲ့ ဈေးကွက်မှာ အပြိုင်နေရာယူတော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.