စက္ရုပ္ ၀န္ထမ္း ၂၄၃ ေယာက္ကို အလုပ္ထုတ္လိုက္တဲ့ ဂ်ပန္မွ ဟိုတယ္

0
1681

ဂ်ပန္မွ Henna na “Strange” Hotel ဟာ စက္ရုပ္ ၀န္ထမ္းမ်ားကို ခန္႔အပ္ထားတဲ့ ကမာၻ႕ ပထမဆံုး ဟိုတယ္ျဖစ္ပါတယ္။ သူ႔ ဟိုတယ္မွာ ဧည့္ႀကိဳ ေကာင္တာကေန အစ ခရီးေဆာင္အိတ္မ်ား သယ္ေပးျခင္း၊ ဧည့္သည္မ်ားကို လမ္းညႊန္ေပးျခင္း စတဲ့ မတူညီတဲ့ စြမ္းရည္မ်ား ပါတဲ့ စက္ရုပ္ ၀န္ထမ္းမ်ားစြာ ရွိပါတယ္။ ရာဂဏန္းေတာင္ ရွိပါတယ္။ စက္ရုပ္ ၀န္ထမ္းမ်ားကို ထားရွိျခင္းျဖင့္ ၀န္ထမ္းခ သက္သာပါတယ္။

ဒါေပမယ့္လည္း ဟိုတယ္က ေမွ်ာ္မွန္းထားသလို သူ႔ရဲ႕ စက္ရုပ္မ်ားက  မစြမ္းေဆာင္ႏုိင္ဘူး ျဖစ္ေနပါတယ္။ စက္ရုပ္မ်ားေၾကာင့္ ဟိုတယ္ရဲ႕ လုပ္ငန္းေဆာင္တာမ်ားဟာ ပိုမို အဆင္ေျပရမယ့္ အစား ျပႆနာမ်ားစြာ ျဖစ္ပြားေနပါတယ္။ ဧည့္သည္မ်ားရဲ႕ ေမးခြန္းမ်ားကို ေျဖဆိုေပးဖို႔ ခန္႔အပ္ထားတဲ့ Churi အမည္ရ စက္ရုပ္ကလည္း အလုပ္မျဖစ္ဘူးလို႔ သိရပါတယ္။

ဧည့္ႀကိဳ ေကာင္တာမွ ဒိုင္ႏိုေဆာ စက္ရုပ္ ႏွစ္ေကာင္ကိုလည္း အသံုးမက်တဲ့ အတြက္ အလုပ္က ျဖဳတ္လိုက္ပါတယ္။ ဟိုတယ္ အနီးအနားမွ Touritst Attractions မ်ားကို ေျပာျပရတဲ့ စက္ရုပ္ကလည္း မစြံတဲ့ အတြက္ လူသား ၀န္ထမ္းနဲ႔ အစားထိုးလိုက္ပါၿပီ။ စုစုေပါင္း စက္ရုပ္ ၀န္ထမ္း ၂၄၃ ေယာက္ကို အလုပ္ျဖဳတ္လိုက္ၿပီလို႔ သိရပါတယ္။

စက္ရုပ္မ်ားဟာ ကမာၻႀကီးကို ေကာင္းက်ိဳးမ်ားစြာ ယူေဆာင္ေပးလာႏုိင္ပါတယ္။ ဒါေပမယ့္လည္း အနာဂတ္မွာ စက္ရုပ္မ်ားဟာ လူသားေတြရဲ႕ အလုပ္ေတြကို လုယူသြားႏုိင္တယ္ဆိုတဲ့ စိတ္ပူစရာ ကိစၥမ်ားလည္း ရွိၾကပါတယ္။ ဒါ့အျပင္ ပညာရွင္အခ်ိဳ႕က ဥာဏ္ရည္တု နည္းပညာ ပါတဲ့ စက္ရုပ္မ်ားဟာ အနာဂတ္မွာ လူသားမ်ိဳးႏြယ္ကို ဖ်က္ဆီးမယ္လို႔ ေျပာထားၾကပါတယ္။

unicode

စက်ရုပ် ဝန်ထမ်း ၂၄၃ ယောက်ကို အလုပ်ထုတ်လိုက်တဲ့ ဂျပန်မှ ဟိုတယ်

ဂျပန်မှ Henna na “Strange” Hotel ဟာ စက်ရုပ် ဝန်ထမ်းများကို ခန့်အပ်ထားတဲ့ ကမ္ဘာ့ ပထမဆုံး ဟိုတယ်ဖြစ်ပါတယ်။ သူ့ ဟိုတယ်မှာ ဧည့်ကြို ကောင်တာကနေ အစ ခရီးဆောင်အိတ်များ သယ်ပေးခြင်း၊ ဧည့်သည်များကို လမ်းညွှန်ပေးခြင်း စတဲ့ မတူညီတဲ့ စွမ်းရည်များ ပါတဲ့ စက်ရုပ် ဝန်ထမ်းများစွာ ရှိပါတယ်။ ရာဂဏန်းတောင် ရှိပါတယ်။ စက်ရုပ် ဝန်ထမ်းများကို ထားရှိခြင်းဖြင့် ဝန်ထမ်းခ သက်သာပါတယ်။

ဒါပေမယ့်လည်း ဟိုတယ်က မျှော်မှန်းထားသလို သူ့ရဲ့ စက်ရုပ်များက မစွမ်းဆောင်နိုင်ဘူး ဖြစ်နေပါတယ်။ စက်ရုပ်များကြောင့် ဟိုတယ်ရဲ့ လုပ်ငန်းဆောင်တာများဟာ ပိုမို အဆင်ပြေရမယ့် အစား ပြဿနာများစွာ ဖြစ်ပွားနေပါတယ်။ ဧည့်သည်များရဲ့ မေးခွန်းများကို ဖြေဆိုပေးဖို့ ခန့်အပ်ထားတဲ့ Churi အမည်ရ စက်ရုပ်ကလည်း အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။

ဧည့်ကြို ကောင်တာမှ ဒိုင်နိုဆော စက်ရုပ် နှစ်ကောင်ကိုလည်း အသုံးမကျတဲ့ အတွက် အလုပ်က ဖြုတ်လိုက်ပါတယ်။ ဟိုတယ် အနီးအနားမှ Touritst Attractions များကို ပြောပြရတဲ့ စက်ရုပ်ကလည်း မစွံတဲ့ အတွက် လူသား ဝန်ထမ်းနဲ့ အစားထိုးလိုက်ပါပြီ။ စုစုပေါင်း စက်ရုပ် ဝန်ထမ်း ၂၄၃ ယောက်ကို အလုပ်ဖြုတ်လိုက်ပြီလို့ သိရပါတယ်။

စက်ရုပ်များဟာ ကမ္ဘာကြီးကို ကောင်းကျိုးများစွာ ယူဆောင်ပေးလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာ စက်ရုပ်များဟာ လူသားတွေရဲ့ အလုပ်တွေကို လုယူသွားနိုင်တယ်ဆိုတဲ့ စိတ်ပူစရာ ကိစ္စများလည်း ရှိကြပါတယ်။ ဒါ့အပြင် ပညာရှင်အချို့က ဉာဏ်ရည်တု နည်းပညာ ပါတဲ့ စက်ရုပ်များဟာ အနာဂတ်မှာ လူသားမျိုးနွယ်ကို ဖျက်ဆီးမယ်လို့ ပြောထားကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.