Apple က iPhone XS, XS Max နဲ႔ XR တို႔ အတြက္ Smart Battery Case ကို ေရာင္းခ်

0
675

Apple က အိုင္ဖုန္း အသစ္မ်ားအတြက္ Smart Battery Case ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple Store Website ကေန ၀ယ္ယူႏုိင္ပါၿပီ။ ဖုန္းေမာ္ဒယ္ အားလံုး အတြက္ ၁၂၉ ေဒၚလာ သတ္မွတ္ထားပါတယ္။  အနက္နဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ထားပါတယ္။  Apple က ေက့စ္အသစ္္မ်ားကို ေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားမွာသာ အသံုးျပဳႏိုင္မယ္လို႔ ေျပာတဲ့ အတြက္ ၂၀၁၇ ခုႏွစ္ထုတ္ iPhone X မွာေတာ့ အသံုးျပဳလို႔ မရပါဘူး။

Apple က ေက့စ္ အသစ္မ်ားမွာ Qi Wireless Charging ကို ေထာက္ပ့ံတယ္လို႔ ေျပာတဲ့ အတြက္ ေက့စ္တပ္ထားရင္ေတာင္ ဖုန္းကို ႀကိဳးမဲ့အားသြင္းႏိုင္ပါတယ္။ ေက့စ္မွာ သီးျခား Wireless Charging Coil ကိုလည္း ထည့္သြင္းထားပါတယ္။ USB-C PD Charger နဲ႔ လွ်င္ျမန္စြာ အားသြင္းႏုိင္ပါတယ္။

ေက့စ္မွာ ဘက္ထရီ အပို ထည့္သြင္းထားေပမယ့္ သူ႔ရဲ႕ ပမာဏကို ကုမၸဏီက မေျပာေသးပါဘူး။ Apple က အိုင္ဖုန္း အသစ္မ်ားရဲ႕ ဘက္ထရီ သက္တမ္းဟာ တိုးတက္လာတယ္လို႔ ေျပာခဲ့ပါတယ္။ အင္တာနက္ သံုးရင္ XS မွာ ၂၁ နာရီ ၊ XS Max မွာ ၂၀ နာရီနဲ႔ XR မွာ ၂၂ နာရီ အသံုးခံပါတယ္။ ( ေက့စ္ မတင္ထားရင္ေတာ့ ၁၂ ၊ ၁၃ နဲ႔ ၁၅ နာရီ အသီးသီး အသံုးခံပါတယ္။ )

မူလ ဘက္ထရီ ေက့စ္မ်ားမွာလိုပဲ ေမာ္ဒယ္ အသစ္မွာ iOS နဲ႔ ပူးေပါင္း အလုပ္လုပ္ႏုိင္ပါတယ္။ ေက့စ္နဲ႔ ဖုန္းရဲ႕ ဘက္ထရီ ပမာဏကို Notification Center လို ေနရာမ်ားကေန ၾကည့္ရႈႏိုင္ပါတယ္။ AirPods နဲ႔ Apple Watch မ်ားရဲ႕ အားပမာဏကို ၾကည့္ႏုိင္သလိုမ်ိဳး ျဖစ္ပါတယ္။

Ref : theverge

unicode

Apple က iPhone XS, XS Max နဲ့ XR တို့ အတွက် Smart Battery Case ကို ရောင်းချ

Apple က အိုင်ဖုန်း အသစ်များအတွက် Smart Battery Case ကို ရောင်းချပေးလိုက်ပါတယ်။ Apple Store Website ကနေ ဝယ်ယူနိုင်ပါပြီ။ ဖုန်းမော်ဒယ် အားလုံး အတွက် ၁၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။ Apple က ကေ့စ်အသစ်များကို နောက်ဆုံးထုတ် အိုင်ဖုန်းများမှာသာ အသုံးပြုနိုင်မယ်လို့ ပြောတဲ့ အတွက် ၂၀၁၇ ခုနှစ်ထုတ် iPhone X မှာတော့ အသုံးပြုလို့ မရပါဘူး။

Apple က ကေ့စ် အသစ်များမှာ Qi Wireless Charging ကို ထောက်ပံ့တယ်လို့ ပြောတဲ့ အတွက် ကေ့စ်တပ်ထားရင်တောင် ဖုန်းကို ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ ကေ့စ်မှာ သီးခြား Wireless Charging Coil ကိုလည်း ထည့်သွင်းထားပါတယ်။ USB-C PD Charger နဲ့ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။

ကေ့စ်မှာ ဘက်ထရီ အပို ထည့်သွင်းထားပေမယ့် သူ့ရဲ့ ပမာဏကို ကုမ္ပဏီက မပြောသေးပါဘူး။ Apple က အိုင်ဖုန်း အသစ်များရဲ့ ဘက်ထရီ သက်တမ်းဟာ တိုးတက်လာတယ်လို့ ပြောခဲ့ပါတယ်။ အင်တာနက် သုံးရင် XS မှာ ၂၁ နာရီ ၊ XS Max မှာ ၂၀ နာရီနဲ့ XR မှာ ၂၂ နာရီ အသုံးခံပါတယ်။ ( ကေ့စ် မတင်ထားရင်တော့ ၁၂ ၊ ၁၃ နဲ့ ၁၅ နာရီ အသီးသီး အသုံးခံပါတယ်။ )

မူလ ဘက်ထရီ ကေ့စ်များမှာလိုပဲ မော်ဒယ် အသစ်မှာ iOS နဲ့ ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။ ကေ့စ်နဲ့ ဖုန်းရဲ့ ဘက်ထရီ ပမာဏကို Notification Center လို နေရာများကနေ ကြည့်ရှုနိုင်ပါတယ်။ AirPods နဲ့ Apple Watch များရဲ့ အားပမာဏကို ကြည့်နိုင်သလိုမျိုး ဖြစ်ပါတယ်။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.