Enterprise Social Trending

အန္တရာယ်များတဲ့ Bird Box နဲ့ Tide Pod တို့လို prank မျိုးတွေကို YouTube ban ပြီ

Zawgyi Version













Unicode Version

Netflix Original Bird Box ဟာ အတော်လေးပေါက်သွားပြီးတဲ့နောက်မှာ Bird Box challenge ကို ပြိုင်ဆိုင်ဖို့အတွက် YouTube ပေါ်မှာ ဗွီဒီယိုတွေ အပြိုင်အဆိုင်တင်ကြပါတော့တယ်။ အချို့ဗွီဒီယိုတွေထဲမှာ အိမ်ထဲမှာ မျက်လုံးစည်းထားတာဆိုတော့ ပျော်ဖို့ကောင်းထားပါတယ်။ ဒါပေမယ့် အန္တရာယ်များတဲ့ မျက်လုံးစည်းပြီးကားမောင်းတာမျိုးတွေလည်း ပါဝင်နေပါတယ်။
လူအတော်များများဆီကနေပြီးတော့ အန္တရာယ်များတဲ့ဗွီဒီယိုတွေကို ခွင့်မပြုဖို့အတွက် တောင်းဆိုမှုတွေရထားပြီးတဲ့အချိန်မှာ YouTube ဟာ ban ဖို့လုပ်ဆောင်ခဲ့ပါတယ်။
YouTube က policy ပြောင်းလဲလိုက်တယ်ဆိုတဲ့သတင်းတွေကို blog post မှာ တင်ခဲ့ပါတယ်။
အန္တရာယ်များသော challenges နဲ့ pranks – သတိပေးချက် အကြမ်းဖက်မှု ဒါမှမဟုတ် အန္တရာယ်ရှိတဲ့လုပ်ဆောင်မှုကိုအားပေးတဲ့ အကြောင်းအရာတွေပါဝင်နေမယ်ဆိုရင်တော့ dangerous challenges and pranks လို့ သတ်မှတ်မှာပါ။ YouTube က challenges and pranks တွေရဲ့ အိမ်သဖွယ်လို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရယ်စရာ၊ ပျော်စရာကောင်းတယ်ဆိုတာက အဆင့်တစ်ခုရှိပါတယ်။ ဒါကြောင့် အသက်အန္တရယ်ရှိတဲ့အဆင့်မျိုးတွေအတွက် ဂိုက်လိုင်းတွေပေးဖို့ လိုအပ်လာပါတယ်။ prank လုပ်ဆောင်သူတွေကို ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးရမှာ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ်။ Dangerous Challenges & Pranks FAQ ကို အသေးစိတ်ဖတ်စေချင်ပါတယ်။
YouTube ရဲ့ official policy ကတော့ update လုပ်ထားလိုက်ပါပြီ။ အသစ်ထည့်သွင်းလိုက်တဲ့အရာတွေကို ဖော်ပြရမယ်ဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ်။
• Challenges that encourage acts that have an inherent risk of severe physical harm
• Pranks that make victims believe they’re in physical danger
• Pranks that cause emotional distress to children
• Many worry that YouTube’s guidelines are too ambiguous and will lead to some content being deleted while others are left untouched. As YouTuber Philip Defranco discusses, will this only remove videos involving dangerous stunts such as the Bird Box and Tide Pod challenges or will it also wipe the platform free of everything that includes upsetting a child such as Jimmy Kimmel’s Halloween Candy challenge?
• To enforce these new policies and deter creators from uploading harmful videos, YouTube is using its community guidelines three-strike rule. After the channel has been stricken three times, the video platform can choose to shut it down completely.
• YouTube is giving creators who have previously uploaded this type of content a pass. Over the next two months, any videos that were already uploaded involving harmful pranks or challenges will be deleted without striking the channel.
ကဲ စာဖတ်သူပရိသတ်ကြီးရေ prank လည်း တော်ရုံပဲကောင်းတယ်ဆိုတာ Youtube က သတင်းစကားပါးနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.