Gadget Trending

iPhone နဲ့တွဲဖက်အသုံးပြုရမယ့် Nike ရဲ့ ဖိနပ်ကြိုးအလိုလျောက်ချည်ပေးမယ့် sneaker လေးများ

Zawgyi Version






Unicode Version

ဈေးကွက်အမြောက်အများကိုသိမ်းပိုက်နိုင်မယ့် Nike ရဲ့ self-lacing sneakers လေးတွေကို အင်္ဂါနေ့တုန်းက ကြေညာခဲ့ပါတယ်။ သူ့ကိုတော့ စမတ်ဖုန်းနဲ့ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ဗွီဒီယိုလေးထဲမှာတော့ iPhone နဲ့ ထိန်းချုပ်ပြထားပါတယ်။
Twitter ပေါ်မှာတင်ထားတဲ့ ဗွီဒီယိုလေးအရဆိုရင်တော့ အားကစားသမားအမျိုးမျိုးက ဖိနပ်လေးရဲ့ခံစားမှုကို တုံ့ပြန်ထားပါတယ်။ iPhone 7 Plus or 8 Plus ကို အသုံးပြုပြီးတော့ app လေးနဲ့ ဖိနပ်တစ်ဖက်စီကို ချိန်လို့ရပါတယ်။ ပုံထဲမှာ သုံးထားတဲ့ဖုန်းကတော့ iPhone X or XS ဖြစ်ပါတယ်။
Nike ကတော့ 8 a.m. Eastern time မှာ ကြေညာမှာပါ။
ဒီဖိနပ်လေးဟာ 2016 HyperAdapt 1.0 ကို အခြေခံပြီး လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၇၂၀ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒေါ်လာ၃၅၀ ကုန်ကျနိုင်မယ်လို့ ပြောထားပါတယ်။ ဒါဟာ sneaker စီးသူတွေအတွက် ဈေးအင်မတန်များနေပါတယ်။ ဒါပေမယ့်လည်း နည်းပညာမြင့်ဖက်ရှင်တစ်ခုအနေနဲ့ စီးချင်အောင် အတော်လေးတော့ ဆွဲဆောင်ရမှာပါ။
HyperAdapt ကတော့ Nike Mags လို့ခေါ်တဲ့ ၁၉၈၉ခုနှစ်ရဲ့ “Back to the Future Part II” ကို မှီငြမ်းပြီး လုပ်ဆောင်ထားတာပါ။ အဲဒီဇာတ်ကားထဲမှာ hoverboard နဲ့ ကားပျံတွေလည်း ပါဝင်နေခဲ့ပါတယ်။
Nike ကတော့ Apple ရဲ့ အချိန်ကြာမြင့်နေတဲ့ တွဲဖက်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ “Nike + iPod” accessories ဆိုပြီးတော့လည်း လုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း Apple Watch အတွက် Nike-branded model တွေလည်း ထွက်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.