Gadget Trending

7th-Generation iPod Touch ကို Apple လုပ်ဆောင်နေသလို 2019 iPhone တွေမှာ USB-C ထည့်သွင်းလာနိုင်

Zawgyi Version










Unicode Version

Apple ကတော့ 7th-generation iPod touch ကို လုပ်ဆောင်နေလောက်ပါပြီလို့ ဂျပန်ဆိုက်တစ်ခုဖြစ်တဲ့ Mac Otakara က ပြောထားပါတယ်။
CES 2019 မှာ supplier အတော်များများကတော့ 7th-generation iPod touch ဟာ လုပ်ဆောင်နေပါပြီလို့ Mac Otakara ကို ပြောကြားသွားခဲ့ပါတယ်။
ဒါပေမယ့် iPod touch လေးကို ဘယ်အချိန်လောက်မှာ ထွက်ရှိလာနိုင်မလဲ။ ဘယ်လိုမျိုး feature တွေ ပါဝင်လာမလဲဆိုတာကိုတော့ ပြောကြားသွားခဲ့ခြင်း မရှိသေးပါဘူး။
iPod touch ကို ၂၀၁၅ ဂျူလိုင်က နောက်ဆုံးအနေနဲ့ hardware တွေ အဆင့်မြှင့်ပေးခဲ့တာပါ။ အဲဒီမှာ A8 chip ၊ 8-megapixel အနောက်ကင်မရာ၊ အရောင်ခြောက်ရောင်ကို မိတ်ဆက်ခဲ့ပါတယ်။
iPod touch လေးကို ၂၀၁၇ ဂျူလိုင်လမှာ 32 နဲ့ 128GB နဲ့ ဈေးနှုန်းအသစ်တွေကို ချပြခဲ့ပါတယ်။ အခုဆိုရင်တော့ iPod touch ကို 32GB version အတွက် ဒေါ်လာ၁၉၉ ၊ 128GB version အတွက် ဒေါ်လာ၂၉၉ ဖြစ်ပါတယ်။ ၉.၇လက်မ iPad ကို ဒေါ်လာ၃၂၉ လောက် ပေးရမှာပါ။
iPod shuffle နဲ့ iPod nano ကို ၂၀၁၇ခုနှစ်မှာ ဆက်မထုတ်တော့တဲ့နောက်မှာ iPod touch နဲ့ iPod family အတွက် စီမံကိန်းတွေဟာ မသေချာမရေရာဖြစ်လာခဲ့ပါတယ်။
iPod ဟာ iPhone နဲ့ iPad ပြီးတဲ့နောက်မှာ ရွေးချယ်စရာတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပေမယ့်လည်း iPod touch ကို ဘယ်အချိန်မှာ hardware အသစ်တွေနဲ့ တွေ့မြင်နိုင်မလဲဆိုတဲ့မေးခွန်းကတော့ အဖြေမဲ့နေခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာ next-generation iPhone တွေကို မျှော်လင့်နေကြတဲ့အချိန်မှာ USB-C port ကို ပါဝင်လာနိုင်မယ်လို့လည်း ထင်ကြေးတွေပေးနေကြပါတယ်။ ဒီဇိုင်းကို ကိုးကားပြီးတော့ ထွက်လာမလား၊ လုံးဝကိုပဲ Lightning ကနေ USB-C ကို ပြောင်းလဲသွားမှာလားဆိုတာကလည်း မသေချာသေးတဲ့အနေအထားမှာပါ။
USB-C ကို 2019 iPhone lineup မှာ feature တစ်ခုအနေနဲ့ ထည့်သွင်းနိုင်မယ်လို့ ကြားနေရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ 2018 iPad Pro model တွေမှာ လုပ်ခဲ့သလိုမျိုးပဲ iPhone အတွက် USB-C port တွေကို မိတ်ဆက်နိုင်ချေရှိတယ်လို့လည်း သုတေသီတွေက ထင်ကြေးပေးနေကြပါတယ်။
Lightning ကနေ USB-C ကို ပြောင်းမယ်ဆိုတာ သတင်းထွက်နေခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။ ဒါပေမယ့်လည်း iPad Pro မှာ ပြောင်းလိုက်တဲ့အတွက်ကြောင့် 2019 iPhone တွေမှာ ပြောင်းလဲနိုင်မှာလားဆိုတာ မျှော်လင့်ချက်ရောင်ခြည်လေး သန်းစေခဲ့တယ်ဆိုရင် မမှားနိုင်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.