Posted on Leave a comment

India မွာ Mi Soundbar အသစ္ကို ေၾကညာလိုက္တဲ့ Xiaomi

Xiaomi က အိႏၵိယမွာ Mi Soundbar အသစ္နဲ႔ အတူ တီဗီ အသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ ေရွာင္မီက Mi.com နဲ႔ Flipkart တို႔ကေန အဲဒီ မိတ္ဆက္ပြဲကို တိုက္ရိုက္ ျပသခဲ့ပါတယ္။ ေရွာင္မီက Mi Soundbar ကို ၃၀ စကၠန္႔အတြင္းမွာ တပ္ဆင္ႏိုင္တယ္လို႔ ေျပာပါတယ္။ သူ႔မွာ 20mm Dome Speaker ၂ လံုး၊ ၂.၅ လက္မ ၀ူဖာ ၂ လံုး ပါပါတယ္။ Bluetooth v4.2, S/PDIF, Optical, Line-in,  3.5mm aux-in စတဲ့ ဆက္သြယ္မႈမ်ား ပါပါတယ္။ သူ႔ကို ဘယ္တီဗီနဲ႔ မဆို တြဲဖက္ အသံုးျပဳႏုိင္တယ္လို႔ ေရွာင္မီက ေျပာပါတယ္။

ေရွာင္မီက Mi Soundbar နဲ႔ တီဗီ အသစ္မ်ားကို လာမယ့္ တစ္ပတ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ Mi Soundbar ကို  ရူပီး ၄၉၉၉ ( ၇၁ ေဒၚလာ) သတ္မွတ္ထားပါတယ္။ ဒီလ ၁၆ ရက္ကေနစၿပီး Mi.com နဲ႔ Mi Home Stores မ်ားကေန ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

တီဗီ တစ္လံုးက Mi LED TV 4A PRO 43 ျဖစ္ၿပီး Full HD Display , 20W Speakers , PatchWall UI , Quad-core Amlogic Processor , 1GB RAM , 8GB Storage မ်ား ထည့္သြင္းထားပါတယ္။ ရူပီး ၂၂ ၉၉၉ ( ၃၂၇ ေဒၚလာ) သတ္မွတ္ထားပါတယ္။

ေနာက္တစ္လံုးမွာ Mi LED TV 4X PRO 55 ျဖစ္ၿပီး သူ႔မွာ 4K HDR Display , 20W Speakers , Android TV OS အေျချပဳ Xiaomi PatchWall UI , 64-bit Quad-core Amlogic Processor , 2GB RAM , 8GB Storage မ်ား ပါပါတယ္။ ပိုေကာင္းတဲ့ Image Processing ထည့္သြင္းထားပါတယ္။ ရူပီး ၃၉ ၉၉၉ ( ၅၆၈ ေဒၚလာ) သတ္မွတ္ထားပါတယ္။

unicode

India မှာ Mi Soundbar အသစ်ကို ကြေညာလိုက်တဲ့ Xiaomi

Xiaomi က အိန္ဒိယမှာ Mi Soundbar အသစ်နဲ့ အတူ တီဗီ အသစ်များကို ကြေညာလိုက်ပါတယ်။ ရှောင်မီက Mi.com နဲ့ Flipkart တို့ကနေ အဲဒီ မိတ်ဆက်ပွဲကို တိုက်ရိုက် ပြသခဲ့ပါတယ်။ ရှောင်မီက Mi Soundbar ကို ၃၀ စက္ကန့်အတွင်းမှာ တပ်ဆင်နိုင်တယ်လို့ ပြောပါတယ်။ သူ့မှာ 20mm Dome Speaker ၂ လုံး၊ ၂.၅ လက်မ ဝူဖာ ၂ လုံး ပါပါတယ်။ Bluetooth v4.2, S/PDIF, Optical, Line-in, 3.5mm aux-in စတဲ့ ဆက်သွယ်မှုများ ပါပါတယ်။ သူ့ကို ဘယ်တီဗီနဲ့ မဆို တွဲဖက် အသုံးပြုနိုင်တယ်လို့ ရှောင်မီက ပြောပါတယ်။

ရှောင်မီက Mi Soundbar နဲ့ တီဗီ အသစ်များကို လာမယ့် တစ်ပတ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ Mi Soundbar ကို ရူပီး ၄၉၉၉ ( ၇၁ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီလ ၁၆ ရက်ကနေစပြီး Mi.com နဲ့ Mi Home Stores များကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

တီဗီ တစ်လုံးက Mi LED TV 4A PRO 43 ဖြစ်ပြီး Full HD Display , 20W Speakers , PatchWall UI , Quad-core Amlogic Processor , 1GB RAM , 8GB Storage များ ထည့်သွင်းထားပါတယ်။ ရူပီး ၂၂ ၉၉၉ ( ၃၂၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

နောက်တစ်လုံးမှာ Mi LED TV 4X PRO 55 ဖြစ်ပြီး သူ့မှာ 4K HDR Display , 20W Speakers , Android TV OS အခြေပြု Xiaomi PatchWall UI , 64-bit Quad-core Amlogic Processor , 2GB RAM , 8GB Storage များ ပါပါတယ်။ ပိုကောင်းတဲ့ Image Processing ထည့်သွင်းထားပါတယ်။ ရူပီး ၃၉ ၉၉၉ ( ၅၆၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.