Gadget Trending

Apple AirPower Wireless Charging Mat ကို စတင္ ထုတ္လုပ္ေနၿပီ

ထုတ္လုပ္ေရာင္းခ်ဖို႔ ကာလရွည္ၾကာ ေစာင့္ဆိုင္းေနရတဲ့ Apple AirPower Wireless Charging Mat ကို စတင္ ထုတ္လုပ္ေနၿပီလို႔ သတင္းထြက္လာပါတယ္။ ChargerLAB က ဒီသတင္းကို တြစ္တာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Apple က AirPower Charging Mat ကို  ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ iPhone 8 , iPhone X မ်ားနဲ႔အတူ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အားသြင္းစက္က အိုင္ဖုန္း သာမက Apple Watch နဲ႔ AirPods မ်ားကိုပါ တစ္ၿပိဳင္နက္ အားသြင္းေပးႏုိင္ပါတယ္။ အဲဒီ အခ်ိန္တုန္းက Apple ဟာ သူ႔ရဲ႕ ေစ်းႏႈန္းကို မေျပာသြားပါဘူး။ ၂၀၁၈ ခုႏွစ္မွာ ေရာင္းခ်ဖို႔ ရည္မွန္းထားတယ္လို႔သာ ေျပာသြားခဲ့တာပါ။

ဒါေပမယ့္လည္း ေမွ်ာ္မွန္းထားသလို မျဖစ္လာခဲ့ပါဘူး။ ၂၀၁၈ ခုႏွစ္ မတ္လမွာ သူ႔ကို ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ ဇြန္လမွာေတာ့ နည္းပညာ အခက္အခဲမ်ားေၾကာင့္ ထုတ္လုပ္ေရာင္းခ်ႏုိင္ျခင္း မရွိေသးဘူးလို႔ သတင္းထြက္လာပါတယ္။

အခုေတာ့ Luxshare Precision က AirPower ကို စတင္ ထုတ္လုပ္ေနတယ္လို႔ သိရပါတယ္။ Luxshare Precision ဟာ Apple USB-C Cables နဲ႔ AirPods မ်ားကို ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။   သိပ္မၾကာခင္မွာ ကုမၸဏီက ေရာင္းခ်မယ့္ သတင္းကို ေၾကညာႏုိင္ပါတယ္။

Ref : theverge

unicode

Apple AirPower Wireless Charging Mat ကို စတင် ထုတ်လုပ်နေပြီ

ထုတ်လုပ်ရောင်းချဖို့ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ Apple AirPower Wireless Charging Mat ကို စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။ ChargerLAB က ဒီသတင်းကို တွစ်တာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Apple က AirPower Charging Mat ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ iPhone 8 , iPhone X များနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အားသွင်းစက်က အိုင်ဖုန်း သာမက Apple Watch နဲ့ AirPods များကိုပါ တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ အဲဒီ အချိန်တုန်းက Apple ဟာ သူ့ရဲ့ ဈေးနှုန်းကို မပြောသွားပါဘူး။ ၂၀၁၈ ခုနှစ်မှာ ရောင်းချဖို့ ရည်မှန်းထားတယ်လို့သာ ပြောသွားခဲ့တာပါ။

ဒါပေမယ့်လည်း မျှော်မှန်းထားသလို မဖြစ်လာခဲ့ပါဘူး။ ၂၀၁၈ ခုနှစ် မတ်လမှာ သူ့ကို ရောင်းချတော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဇွန်လမှာတော့ နည်းပညာ အခက်အခဲများကြောင့် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ သတင်းထွက်လာပါတယ်။

အခုတော့ Luxshare Precision က AirPower ကို စတင် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ Luxshare Precision ဟာ Apple USB-C Cables နဲ့ AirPods များကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကုမ္ပဏီက ရောင်းချမယ့် သတင်းကို ကြေညာနိုင်ပါတယ်။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.