ေရစိုခံတဲ့ Redmi Note 7

0
1003

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Redmi Note 7 ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အထင္ကရ စြမ္းရည္တစ္ခုကို ကုမၸဏီက ေျပာဖို႔ က်န္ခဲ့ပါတယ္။ အဲဒါက Redmi Note 7 ရဲ႕ Ports နဲ႔ Buttons မ်ားဟာ ေရမ၀င္ေအာင္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က အဲဒီ သတင္းကို တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ အတည္ျပဳလိုက္ပါတယ္။

သူက Redmi Note 7 ရဲ႕ ေရအ၀င္ႏိုင္ဆံုး ေနရာမ်ား ျဖစ္တဲ့ SIM Card Tray , USB-C Port , 3.5mm Audio Jack , Buttons , Camera , Loudspeaker မ်ား အားလံုးကို ေရမ၀င္ေအာင္ အင္ဂ်င္နီယာ အဖြဲ႕က အေကာင္းဆံုး ဖန္တီးထားတယ္လို႔ ေျပာပါတယ္။ စပီကာမွာ အလႊာပါးတစ္ထပ္နဲ႔ေတာင္ ကာကြယ္ထားပါေသးတယ္။

Redmi Note 7 ဟာ ေစ်းႏႈန္းခ်ိဳသာေပမယ့္ လီဂြ်န္က ေရွာင္မီရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားအတြက္ အရည္အေသြး စမ္းသပ္တဲ့ စံႏႈန္းအတိုင္း သူ႔ကို စမ္းသပ္ထားတယ္လို႔ ေျပာပါတယ္။ သူတို႔ ဖုန္းရဲ႕ အရည္အေသြးကို စိတ္ခ်ယံုၾကည္တဲ့ အေနနဲ႔ ကုမၸဏီက တရုတ္မွာ Redmi Note 7 ရဲ႕ Warranty ကာလကို သာမာန္ ၁၂ လကေန ၁၈ လအထိ တိုးျမွင့္ေပးလိုက္ပါတယ္။

Redmi Note 7 မွာ IP Certificate မ်ား မရွိပါဘူး။ သူဟာ ေရစက္ ေရေပါက္မ်ားကို ခံႏိုင္ေပမယ့္ ေရ အလြန္စိုရႊဲေအာင္ေတာ့ လုပ္လို႔ မရပါဘူး။ ေရေအာက္ထဲမွာလည္း သံုးလို႔ မရပါဘူး။  မၾကာခင္မွာ တရုတ္ ႏုိင္ငံ ျပင္ပမွာ ေရာင္းခ်မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

unicode

ရေစိုခံတဲ့ Redmi Note 7

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Redmi Note 7 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အထင်ကရ စွမ်းရည်တစ်ခုကို ကုမ္ပဏီက ပြောဖို့ ကျန်ခဲ့ပါတယ်။ အဲဒါက Redmi Note 7 ရဲ့ Ports နဲ့ Buttons များဟာ ရေမဝင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က အဲဒီ သတင်းကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။

သူက Redmi Note 7 ရဲ့ ရေအဝင်နိုင်ဆုံး နေရာများ ဖြစ်တဲ့ SIM Card Tray , USB-C Port , 3.5mm Audio Jack , Buttons , Camera , Loudspeaker များ အားလုံးကို ရေမဝင်အောင် အင်ဂျင်နီယာ အဖွဲ့က အကောင်းဆုံး ဖန်တီးထားတယ်လို့ ပြောပါတယ်။ စပီကာမှာ အလွှာပါးတစ်ထပ်နဲ့တောင် ကာကွယ်ထားပါသေးတယ်။

Redmi Note 7 ဟာ ဈေးနှုန်းချိုသာပေမယ့် လီဂျွန်က ရှောင်မီရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများအတွက် အရည်အသွေး စမ်းသပ်တဲ့ စံနှုန်းအတိုင်း သူ့ကို စမ်းသပ်ထားတယ်လို့ ပြောပါတယ်။ သူတို့ ဖုန်းရဲ့ အရည်အသွေးကို စိတ်ချယုံကြည်တဲ့ အနေနဲ့ ကုမ္ပဏီက တရုတ်မှာ Redmi Note 7 ရဲ့ Warranty ကာလကို သာမာန် ၁၂ လကနေ ၁၈ လအထိ တိုးမြှင့်ပေးလိုက်ပါတယ်။

Redmi Note 7 မှာ IP Certificate များ မရှိပါဘူး။ သူဟာ ရေစက် ရေပေါက်များကို ခံနိုင်ပေမယ့် ရေ အလွန်စိုရွှဲအောင်တော့ လုပ်လို့ မရပါဘူး။ ရေအောက်ထဲမှာလည်း သုံးလို့ မရပါဘူး။ မကြာခင်မှာ တရုတ် နိုင်ငံ ပြင်ပမှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Leave a Reply