ကားနဲ႔ တြဲဖက္ သံုးႏိုင္တဲ့ စမတ္နာရီကို ျပသလိုက္တဲ့ Mercedes-Benz

0
258

အနာဂတ္မွာ ေမာင္းသူမဲ့ ကားမ်ား၊ ေမာင္းသူကို ကူညီေပးမယ့္ ကားမ်ား ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ကားမ်ားမွာ ဥာဏ္ရည္တု နည္းပညာမ်ား ထည့္သြင္းလာၾကမွာ ျဖစ္ပါတယ္။ ကားက ပိုင္ရွင္ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ စိတ္ဖိစီးမႈမ်ားကို သိႏိုင္ရင္ ပိုလို႔ေတာင္ ေကာင္းမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ပိုင္ရွင္ဟာ စိတ္ဖိစီးမႈမ်ားေနရင္ ကားက ယာဥ္ေၾကာပိတ္ဆို႔မႈ နည္းတဲ့ လမ္းမ်ားကေန ေမာင္းႏွင္ျခင္းျဖင့္ စိတ္ဖိစီးမႈေလ်ာ့နည္းသြားေအာင္ ကူညီေပးႏုိင္ပါတယ္။ ကားက ပိုင္ရွင္ရဲ႕ သတင္းအခ်က္အလက္မ်ားကို သိႏုိင္တဲ့ စမတ္နာရီ တစ္ခုကို Mercedes-Benz က CES 2019 မွာ ျပသလိုက္ပါတယ္။

သူ႔ရဲ႕ အမည္မွာ Mercedes-Benz Garmin Vívoactive 3 GPS ျဖစ္ၿပီး သူ႔ကို Garmin နဲ႔ ပူးေပါင္းထုတ္လုပ္ထားတာ ျဖစ္ပါတယ္။  စမတ္နာရီက ပိုင္ရွင္ရဲ႕ ႏွလံုးခုန္ႏႈန္းနဲ႔ စိတ္ဖိစီးမႈ အေျခအေနမ်ား အပါအ၀င္ က်န္းမာေရး ေဒတာမ်ားကို တြက္ခ်က္ေပးႏုိင္ၿပီး အဲဒီ သတင္းအခ်က္အလက္မ်ားကို ကားရဲ႕ Dashboard ကို ေပးပို႔ေပးပါတယ္။ အဲဒီ သတင္းအခ်က္အလက္မ်ား အေပၚ မူတည္၍ စီးနင္းသူ သက္ေတာင့္သက္သာ ရွိေအာင္ ေလေအးေပးစက္နဲ႔ မီးအလင္းေရာင္ကို ခ်ိန္ညွိျခင္း၊ သာယာၿငိမ့္ေညာင္းတဲ့ သီခ်င္းမ်ား ဖြင့္ျခင္းမ်ားလို အလုပ္မ်ားကို ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ အဲဒီ စမတ္နာရီဟာ 2020 CLA Coupe ကားမ်ားအတြက္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။

စမတ္နာရီမွာ GPS ပါတဲ့ အတြက္ တည္ေနရာ ေျခရာခံမႈမ်ား ျပဳလုပ္နိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈကို တိုင္းတာတဲ့ လုပ္ေဆာင္ခ်က္မ်ားလည္း ပါပါတယ္။ Garmin ဟာ လုပ္ေဆာင္ခ်က္မ်ားစြာပါတဲ့ စမတ္နာရီမ်ားကို ထုတ္လုပ္ေရာင္းခ်ရာမွာ နာမည္ႀကီးပါတယ္။

unicode

ကားနဲ့ တွဲဖက် သုံးနိုင်တဲ့ စမတ်နာရီကို ပြသလိုက်တဲ့ Mercedes-Benz

အနာဂတ်မှာ မောင်းသူမဲ့ ကားများ၊ မောင်းသူကို ကူညီပေးမယ့် ကားများ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကားများမှာ ဉာဏ်ရည်တု နည်းပညာများ ထည့်သွင်းလာကြမှာ ဖြစ်ပါတယ်။ ကားက ပိုင်ရှင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ စိတ်ဖိစီးမှုများကို သိနိုင်ရင် ပိုလို့တောင် ကောင်းမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပိုင်ရှင်ဟာ စိတ်ဖိစီးမှုများနေရင် ကားက ယာဉ်ကြောပိတ်ဆို့မှု နည်းတဲ့ လမ်းများကနေ မောင်းနှင်ခြင်းဖြင့် စိတ်ဖိစီးမှုလျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ကားက ပိုင်ရှင်ရဲ့ သတင်းအချက်အလက်များကို သိနိုင်တဲ့ စမတ်နာရီ တစ်ခုကို Mercedes-Benz က CES 2019 မှာ ပြသလိုက်ပါတယ်။

သူ့ရဲ့ အမည်မှာ Mercedes-Benz Garmin Vívoactive 3 GPS ဖြစ်ပြီး သူ့ကို Garmin နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စမတ်နာရီက ပိုင်ရှင်ရဲ့ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှု အခြေအနေများ အပါအဝင် ကျန်းမာရေး ဒေတာများကို တွက်ချက်ပေးနိုင်ပြီး အဲဒီ သတင်းအချက်အလက်များကို ကားရဲ့ Dashboard ကို ပေးပို့ပေးပါတယ်။ အဲဒီ သတင်းအချက်အလက်များ အပေါ် မူတည်၍ စီးနင်းသူ သက်တောင့်သက်သာ ရှိအောင် လေအေးပေးစက်နဲ့ မီးအလင်းရောင်ကို ချိန်ညှိခြင်း၊ သာယာငြိမ့်ညောင်းတဲ့ သီချင်းများ ဖွင့်ခြင်းများလို အလုပ်များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်နာရီဟာ 2020 CLA Coupe ကားများအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

စမတ်နာရီမှာ GPS ပါတဲ့ အတွက် တည်နေရာ ခြေရာခံမှုများ ပြုလုပ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာတဲ့ လုပ်ဆောင်ချက်များလည်း ပါပါတယ်။ Garmin ဟာ လုပ်ဆောင်ချက်များစွာပါတဲ့ စမတ်နာရီများကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။

Leave a Reply