Enterprise Trending

Product အသစ်တွေကို မကြာခင်မြင်ရမယ်လို့ MWC 2019 မှာ Sony Mobile အမှုဆောင်ပြောကြားခဲ့

Zawgyi Version






Unicode Version

Sony Mobile ကတော့ စမတ်ဖုန်းလုပ်ငန်းတွေအပြိုင်အဆိုင်ဖြစ်လာတဲ့အချိန်မှာ သုံးစွဲသူတွေရဲ့လက်ထဲရောက်ဖို့အတွက် အားပြိုင်နိုင်ခြင်း သိပ်မရှိဘူးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးပါဘူး။ CES 2019 မှာ မားကတ်တင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ Don Mesa ကတော့ မကြာခင်မှာ ထုတ်ကုန်အသစ်တွေကို ကြေညာဖို့ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ Mobile World Congress မှာဆိုတော့ နောက်လထဲမှာပေါ့။
သူပြောသွားတာကတော့ အသေးစိတ်မဟုတ်ပေမယ့်လည်း သတင်းတွေထွက်နေတာကတော့ Xperia XZ4 ပါ။ ပေါက်ကြားနေတဲ့ပုံရိပ်လေးတွေလည်း ရှိထားပါတယ်။ အနောက်မှာကင်မရာသုံးလုံးပါဝင်မှာ ဖြစ်ပေမယ့်လည်း လက်ဗွေစနစ်ကိုတော့ တွေ့မြင်ရမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
သူပြောသွားတဲ့အထဲမှာ ကင်မရာခံစားမှုကောင်းကောင်း ပေးချင်တယ်ဆိုတာ ပါနေပါတယ်။ နောက်ပြီး ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းကို ပထမဆုံးပြသမယ့်ခြေလှမ်းလည်း တွေ့မြင်ရမယ်လို့ ပြောထားပါတယ်။
Sony Mobile ဟာ Xperia Compact brand အောက်ကနေ ဖုန်းသေးလေးတွေ ထုတ်လုပ်တော့မှာမဟုတ်ပါဘူး။ လူတွေက မျက်နှာပြင်ကြီးကြီးလိုချင်နေကြတယ်လေ။ ဒါကြောင့် လုပ်ငန်းအတွက် အကျိုးအမြတ်ရချင်တယ်ဆိုရင်တော့ မျက်နှာပြင်ကြီးတဲ့ဖုန်းလေးတွေထုတ်ရမှာ မလွဲပါပဲ။
နောက်ပြီး 5G ထုတ်မလားဆိုတာက မသေချာသေးပါဘူး။ ဒါပေမယ့်လည်း ခံစားမှုကောင်းကောင်းလိုချင်တယ်ဆိုရင် မလောတာကောင်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.