Posted on Leave a comment

တရုတ္ အစိုးရအတြက္ သူလွ်ိဳ လုပ္ေပးေနတယ္လို႔ ယူဆတဲ့ အတြက္ Huawei ရဲ႕ အရာရွိ ထိန္းသိမ္းခံရ

တရုတ္ အစိုးရအတြက္ သူလွ်ိဳ လုပ္ေပးေနတယ္လို႔ ယူဆတဲ့ အတြက္ Huawei ရဲ႕ အရာရွိ တစ္ဦးကို ပိုလန္မွာ ထိန္းသိမ္းလိုက္တယ္လို႔ TVPInfo က ေဖာ္ျပပါတယ္။ အဲဒီ ကိစၥေၾကာင့္ တရုတ္နဲ႔ အေမရိကန္တို႔ အၾကားက တင္းမာမႈမ်ား ပိုဆိုးသြားပါတယ္။ ထိန္းသိမ္းခံရသူဟာ တရုတ္ လူမ်ိဳး ျဖစ္ၿပီး ေရာင္းခ်မႈ ဒါရိုက္တာ အျဖစ္ တာ၀န္ယူထားတာပါ။ သူနဲ႔အတူ ပိုလန္ လံုျခံဳေရး ေအဂ်င္စီမွ အဆင့္ျမင့္ အရာရွိေဟာင္းတစ္ဦးကိုပါ ထိန္းသိမ္းထားပါတယ္။

ပိုလန္ တန္ျပန္ ေထာက္လွမ္းေရး ေအဂ်င္စီဟာ Huawei ရဲ႕ ပိုလန္ ရံုးခ်ဳပ္နဲ႔ သံသယရွိသူမ်ားရဲ႕ အိမ္မ်ားကို ရွာေဖြၿပီးၿပီလို႔ ထင္ရပါတယ္။ သူတို႔ဟာ ဟြာေ၀းရဲ႕ ရံုးခန္းကေန စာရြက္စာတမ္းမ်ားနဲ႔ အီလက္ထေရာနစ္ ေဒတာမ်ားကို ရယူသြားတယ္လို႔ The Wall Street Journal က ေျပာပါတယ္။

သူတို႔ ႏွစ္ဦးကို သံုးလၾကာ ထိန္းသိမ္းထားမွာ ျဖစ္ၿပီး ၁၀ ႏွစ္အထိ ေထာင္ဒဏ္က်ခံရႏိုင္ပါတယ္။ ဟြာေ၀းရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက “ Huawei ဟာ အဲဒီ ကိစၥကို သိပါတယ္။ စံုစမ္းေနပါတယ္။ လက္ရွိအခ်ိန္မွာ ဘာမွ မေျပာႏုိင္ေသးပါဘူး။ ဟြာေ၀းဟာ သူ အလုပ္လုပ္တဲ့ ႏုိင္ငံတိုင္းရဲ႕ ဥပေဒမ်ားကို လိုက္နာပါတယ္။ ႏိုင္ငံတိုင္းက ၀န္ထမ္းမ်ားကိုလည္း ဥပေဒကို လိုက္နာဖို႔ ညႊန္ၾကားထားပါတယ္။ “ လို႔ ေျပာပါတယ္။

ဟြာေ၀းရဲ႕ စမတ္ဖုန္းမ်ား၊ ဆက္သြယ္ေရး ကိရိယာမ်ားကို ႏုိင္ငံမ်ားစြာမွာ ေရာင္းခ်ေပးထားပါတယ္။ အခ်ိဳ႕ႏုိင္ငံမ်ားက ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားဟာ လံုျခံဳေရး အတြက္ စိတ္မခ်ရဘူးလို႔ ထင္ေနၾကပါတယ္။ အေမရိကန္ကလည္း သူ႔ႏိုင္ငံထဲမွာ ဟြာေ၀းရဲ႕ ဆက္သြယ္ေရး ကိရိယာမ်ားကို ပိတ္ပင္ေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

unicode

တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေတယ်လို့ ယူဆတဲ့ အတွက် Huawei ရဲ့ အရာရှိ ထိန်းသိမ်းခံရ

တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေတယ်လို့ ယူဆတဲ့ အတွက် Huawei ရဲ့ အရာရှိ တစ်ဦးကို ပိုလန်မှာ ထိန်းသိမ်းလိုက်တယ်လို့ TVPInfo က ဖော်ပြပါတယ်။ အဲဒီ ကိစ္စကြောင့် တရုတ်နဲ့ အမေရိကန်တို့ အကြားက တင်းမာမှုများ ပိုဆိုးသွားပါတယ်။ ထိန်းသိမ်းခံရသူဟာ တရုတ် လူမျိုး ဖြစ်ပြီး ရောင်းချမှု ဒါရိုက်တာ အဖြစ် တာဝန်ယူထားတာပါ။ သူနဲ့အတူ ပိုလန် လုံခြုံရေး အေဂျင်စီမှ အဆင့်မြင့် အရာရှိဟောင်းတစ်ဦးကိုပါ ထိန်းသိမ်းထားပါတယ်။

ပိုလန် တန်ပြန် ထောက်လှမ်းရေး အေဂျင်စီဟာ Huawei ရဲ့ ပိုလန် ရုံးချုပ်နဲ့ သံသယရှိသူများရဲ့ အိမ်များကို ရှာဖွေပြီးပြီလို့ ထင်ရပါတယ်။ သူတို့ဟာ ဟွာဝေးရဲ့ ရုံးခန်းကနေ စာရွက်စာတမ်းများနဲ့ အီလက်ထရောနစ် ဒေတာများကို ရယူသွားတယ်လို့ The Wall Street Journal က ပြောပါတယ်။

သူတို့ နှစ်ဦးကို သုံးလကြာ ထိန်းသိမ်းထားမှာ ဖြစ်ပြီး ၁၀ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။ ဟွာဝေးရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက “ Huawei ဟာ အဲဒီ ကိစ္စကို သိပါတယ်။ စုံစမ်းနေပါတယ်။ လက်ရှိအချိန်မှာ ဘာမှ မပြောနိုင်သေးပါဘူး။ ဟွာဝေးဟာ သူ အလုပ်လုပ်တဲ့ နိုင်ငံတိုင်းရဲ့ ဥပဒေများကို လိုက်နာပါတယ်။ နိုင်ငံတိုင်းက ဝန်ထမ်းများကိုလည်း ဥပဒေကို လိုက်နာဖို့ ညွှန်ကြားထားပါတယ်။ “ လို့ ပြောပါတယ်။

ဟွာဝေးရဲ့ စမတ်ဖုန်းများ၊ ဆက်သွယ်ရေး ကိရိယာများကို နိုင်ငံများစွာမှာ ရောင်းချပေးထားပါတယ်။ အချို့နိုင်ငံများက ဟွာဝေးရဲ့ ထုတ်ကုန်များဟာ လုံခြုံရေး အတွက် စိတ်မချရဘူးလို့ ထင်နေကြပါတယ်။ အမေရိကန်ကလည်း သူ့နိုင်ငံထဲမှာ ဟွာဝေးရဲ့ ဆက်သွယ်ရေး ကိရိယာများကို ပိတ်ပင်တော့မယ်လို့ သတင်းထွက်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.