Enterprise Trending





1. Shanghai (PVG)

2. Hong Kong (HKG)

3. Taipei (TPE)

4. London (LHR)

5. South Korea (ICN)

6. Singapore (SIN)

7. Munich (MUC)

8. Tokyo (HND)

9. Beijing (PEK)

10. Israel (TLV)


unicode

ဆန်ဖရန်စစ္စကို ကနေ ရှန်ဟိုင်း အတွက် လေယာဉ်လက်မှတ် ၅၀ နေ့တိုင်း ဝယ်တဲ့ Apple

Apple ဟာ San Francisco International Airport မှာ United Airlines ရဲ့ အကြီး ဆုံး ဖောက်သည် ဖြစ်ပါတယ်။ လေကြောင်းလိုင်းရဲ့ သတင်းအချက်အလက်များအရ Apple ဟာ နှစ်တိုင်း လေယာဉ်လက်မှတ်ဖိုး ဒေါ်လာ သန်း ၁၅၀ လောက် သုံးပါတယ်။ ရှန်ဟိုင်းကို သွားတဲ့ Business အဆင့် လက်မှတ် ၅၀ ကို နေ့စဉ်ဝယ်ပါတယ်။

တရုတ်မှာ Apple အတွက် ဖုန်း အစိတ်အပိုင်း ထုတ်လုပ်သူများစွာ ရှိပါတယ်။ အဲဒီအတွက် Shanghai Pudong Airport ကို ဝန်ထမ်းများစွာ စေလွှတ်နေတာ ဖြစ်ပါတယ်။ Apple ဟာ Shanghai Pudong Airport ကနေ Shanghai ကို သွားတဲ့ လေယာဉ်စားရိတ်အတွက် နှစ်စဉ် ဒေါ်လာ ၃၅ သန်း အသုံးပြုပါတယ်။

Apple ဝန်ထမ်းများ အသွားအများဆုံး လမ်းကြောင်း ၁၀ ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. Shanghai (PVG)
  2. Hong Kong (HKG)
  3. Taipei (TPE)
  4. London (LHR)
  5. South Korea (ICN)
  6. Singapore (SIN)
  7. Munich (MUC)
  8. Tokyo (HND)
  9. Beijing (PEK)
  10. Israel (TLV)

Apple ဟာ ကမ္ဘာအဝန်းမှာ ဝန်ထမ်းပေါင်း ၁၃၀ ၀၀ ကျော် ရှိပါတယ်။ Apple ဟာ Bay Area မှာလည်း United Airlines ရဲ့ အကြီးဆုံး ဖောက်သည်ဖြစ်ပါတယ်။ Facebook , Google တို့ဟာ United Airlines မှာ နှစ်စဉ် ဒေါ်လာ ၃၄ သန်း သုံးကြပြီး Apple ရဲ့ သန်း ၁၅၀ ထက် အများကြီး နည်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.