Wi-Fi 6 ပါဝင်လာနိုင်တဲ့ 2019 iPhone များ

0
661

Zawgyi Version












Unicode Version

ဘာကလေမှ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Blaine Curtis က CES အနှစ်ချုပ်တင်ပြချက်မှာ ပြောခဲ့တာဖြစ်ပါတယ်။
Barclays analyst Blaine Curtis said today in a CES wrap-up report.
802.11ax လို့သိကြတဲ့ Wi-Fi 6 က 802.11ac ရဲ့နောက်မှာ ထွက်ရှိလာတဲ့ Wi-Fi မျိုးဆက်သစ်ဖြစ်ပါတယ်။
ဒီစံနှုန်းအသစ်မှာတော့ data rates မြင့်မြင့်၊ သိုလှောင်မှုပမာဏများများ၊ ဖျော်ဖြေပွဲနဲ့ အားကစားပွဲတွေလို ထူထပ်တဲ့နေရာမျိုးတွေမှာ performance ကောင်းကောင်း၊ စမတ်ဖုန်း၊ တက်ဘလက်နဲ့ ဘတ်ထရီသုံးပစ္စည်းတွေမှာ ဘတ်ထရီအားကို ခြွေတာသုံးစွဲဖို့ အထောက်အကူပြုနိုင်ခြင်း စတဲ့အချက်အလက်တွေလည်း ယူဆောင်လာခဲ့ပါတယ်။
2019 မှာတော့ Wi-Fi 6 ဟာ အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ စမတ်ထုတ်ကုန်တွေနဲ့အတူ အိမ်တွေကို စမတ်ဖြစ်စေတော့မှာပါ။
Wi-Fi 6 ထုတ်ကုန်အတော်များများကတော့ CES မှာ ပြသခဲ့ကြပါတယ်။ အဲဒီအထဲမှာ Netgear ရဲ့ 802.11ax mesh Wi-Fi system အသစ်တွေလည်း ပါဝင်နေပါတယ်။
Apple ကတော့ 802.11ac ကို ထည့်သွင်းထားတဲ့ ပထမဆုံးထုတ်လုပ်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Wi-Fi နည်းပညာကို အစောဆုံးအသုံးပြုတဲ့လုပ်ငန်းတစ်ခုအဖြစ်နဲ့ သိကြပါတယ်။ လက်ရှိမှာတောင် 802.11ax router အတော်များများကို မရနိုင်ပါဘူး။ ဒါပေမယ့်လည်း နောက်နှစ်မှာ ထွက်ရှိလာနိုင်လောက်ပါတယ်။
5G ကတော့ လမ်းကြောင်းပေါ်ရောက်နေပါပြီ။ ဒါပေမယ့်လည်း သတင်းတွေအရတော့ Apple က သုံးမှာမဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ carrier အတွက် အချိန်စောင့်ဖို့လိုအပ်သလို အစောပိုင်းဖြစ်တဲ့အတွက် အဆင်မပြေမှုတွေလည်း ကြုံတွေ့လာရနိုင်လို့ပါ။ Apple က cellular နည်းပညာနဲ့ပတ်သတ်လာရင်တော့ သုံးတာနှေးပါတယ်။ ၂၀၁၂ စက်တင်ဘာလ iPhone 5 ထွက်ခဲ့တုန်းကလည်း 4G LTE ကို မထည့်ပေးခဲ့ပါဘူး။ အခြားစမတ်ဖုန်းထုတ်လုပ်သူတွေက ၂၀၁၀ကတည်းက ထည့်သွင်းပေးထားပါတယ်။
Apple ရဲ့ 2019 iPhone တွေမှာ 2018 iPhone တွေနဲ့တူနေတဲ့သွင်ပြင်တွေရှိပါလိမ့်မယ်။ OLED ဖုန်းနှစ်လုံးကို အရွယ်အစားကွဲပြားပြီးထုတ်ပေးလိမ်မယ့်။ တစ်လုံးကတော့ တန်ဖိုးနည်း LCD ပါ။ iPhone သုံးလုံးအတွက် အချက်အလက်တွေကိုတော့ မကြာခင်မှာ မိတ်ဆက်ပေးနိုင်ကောင်းပါတယ်။ ဒါပေမယ့်လည်း feature တွေက သုံးခုလုံးမတူညီနိုင်လောက်ဘူးလို့ မှန်းမထားပါနဲ့။
မကြာသေးခင်ကထွက်လာတဲ့သတင်းအရတော့ iPhone XS Max နေရာကို ယူမယ့် စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတစ်လုံးမှာ ကင်မရာသုံးလုံး၊ အငယ် OLED iPhone နဲ့ LCD iPhone တို့မှာ ကင်မရာနှစ်လုံးပါလာမယ်လို့ ထင်ကြေးပေးထားပါတယ်။
2019 iPhone တွေထွက်လာဖို့က လိုသေးပါတယ်။ ဒီတော့ ကျွန်တော်တို့ ကောလာဟလသတင်းတွေကို ကျော်ဖြတ်ရဦးမှာပါ။

Leave a Reply