Gadget Trending

AI ပါတဲ့ Xiaomi Yi Home Camera 3 ကို ေၾကညာ

ေရွာင္မီ ရင္းႏွီးျမွပ္ႏွံထားတဲ့ Yi Technology က CES 2019 မွာ Yi Home Camera 3 ကို ေၾကညာလိုက္ပါတယ္။ ေနအိမ္ လံုျခံဳေရး ကင္မရာ ျဖစ္ၿပီး လူနဲ႔ အိမ္ေမြး တိရိစာၦန္မ်ား၊ အရာ၀တၳဳမ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္တဲ့ နည္းပညာမ်ား ပါပါတယ္။ AI Notification က အေရးႀကီးတဲ့ သတင္းအခ်က္အလက္မ်ားကိုသာ ပိုင္ရွင္အား သတင္းပို႔မွာ ျဖစ္ပါတယ္။ သူက ပတ္၀န္းက်င္မွ အသံမ်ားကိုလည္း ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။

ကင္မရာဟာ ေပါ့ပါး ေသးငယ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ ကင္မရာကို အေမရိကန္မွာ ယခုလကုန္တြင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေဒၚလာ ၄၀ သတ္မွတ္ထားပါတယ္။ ကုမၸဏီရဲ႕ Cloud Stoage မွာ ရိုက္ကူးထားတဲ့ ဗီဒီယိုမ်ားကို ၆ လၾကာ သိမ္းဆည္းထားႏိုင္ပါတယ္။

ကင္မရာက Full HD Video မ်ားကို ရိုက္ကူးေပးၿပီး Cloud မွာ အလိုအေလွ်ာက္ သိမ္းဆည္းေပးမွာ ျဖစ္ပါတယ္။ ကင္မရာရဲ႕ အဓိက စြမ္းရည္က လူနဲ႔ အရာ၀တၳဳမ်ားကို ခြဲျခမ္းစိတ္ျဖာရာမွာ အလြန္ ဥာဏ္ရည္ျမင့္မားတာ ျဖစ္ပါတယ္။ အေရးမႀကီးတဲ့ Notification မ်ားကို ပိုင္ရွင္အား အသိေပးမွာ မဟုတ္ပါဘူး။

ေနအိမ္ကို လူစိိမ္းမ်ား ၀င္လာရင္ သတိေပးမွာ ျဖစ္ၿပီး အိမ္ေမြး တိရိစာၦန္မ်ားနဲ႔ အိမ္သားမ်ား ၀င္လာရင္ သတိေပးမွာ မဟုတ္ပါဘူး။ ၁၆ ေပ အကြာအေ၀း အတြင္းမွ အသံမ်ားကိုလည္း သူက ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။

unicode

AI ပါတဲ့ Xiaomi Yi Home Camera 3 ကို ကြေညာ

ရှောင်မီ ရင်းနှီးမြှပ်နှံထားတဲ့ Yi Technology က CES 2019 မှာ Yi Home Camera 3 ကို ကြေညာလိုက်ပါတယ်။ နေအိမ် လုံခြုံရေး ကင်မရာ ဖြစ်ပြီး လူနဲ့ အိမ်မွေး တိရိစ္ဆာန်များ၊ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာများ ပါပါတယ်။ AI Notification က အရေးကြီးတဲ့ သတင်းအချက်အလက်များကိုသာ ပိုင်ရှင်အား သတင်းပို့မှာ ဖြစ်ပါတယ်။ သူက ပတ်ဝန်းကျင်မှ အသံများကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

ကင်မရာဟာ ပေါ့ပါး သေးငယ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ကင်မရာကို အမေရိကန်မှာ ယခုလကုန်တွင် ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၄၀ သတ်မှတ်ထားပါတယ်။ ကုမ္ပဏီရဲ့ Cloud Stoage မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုများကို ၆ လကြာ သိမ်းဆည်းထားနိုင်ပါတယ်။

ကင်မရာက Full HD Video များကို ရိုက်ကူးပေးပြီး Cloud မှာ အလိုအလျှောက် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ အဓိက စွမ်းရည်က လူနဲ့ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာရာမှာ အလွန် ဉာဏ်ရည်မြင့်မားတာ ဖြစ်ပါတယ်။ အရေးမကြီးတဲ့ Notification များကို ပိုင်ရှင်အား အသိပေးမှာ မဟုတ်ပါဘူး။

နေအိမ်ကို လူစိမ်းများ ဝင်လာရင် သတိပေးမှာ ဖြစ်ပြီး အိမ်မွေး တိရိစ္ဆာန်များနဲ့ အိမ်သားများ ဝင်လာရင် သတိပေးမှာ မဟုတ်ပါဘူး။ ၁၆ ပေ အကွာအဝေး အတွင်းမှ အသံများကိုလည်း သူက ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.