48MP Camera ပါလာမယ့္ Realme 3 လာမည္

0
679

Realme က ၿပီးခဲ့တဲ့ ႏွစ္က အစေကာင္းခဲ့ပါတယ္။ ေစ်းႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္း ငါးလံုးကို ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ စံခ်ိန္သစ္မ်ားစြာလည္း တင္သြားခဲ့ပါတယ္။ ဒီႏွစ္မွာလည္း တာထြက္ေကာင္းေအာင္ ကုမၸဏီက ပြဲၾကမ္းႏိုင္ပါတယ္။ လာမယ့္ သံုးလအတြင္းမွာ Realme 3 ကို ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။

Realme 3 မွာ 48MP Camera ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Realme 3 Series ဟုတ္လား၊ မဟုတ္ဘူးလား ဆိုတာကိုေတာ့ ေသခ်ာ မသိရေသးပါဘူး။ Indian Express နဲ႔ အင္တာဗ်ဴး တစ္ခုမွာ Realme ရဲ႕ စီအီးအို ျဖစ္သူ Madhav Sheth က ၂၀၁၉ ခုႏွစ္အတြက္ အစီအစဥ္ အခ်ိဳ႕ကုိ ေျပာသြားခဲ့ပါတယ္။

Realme 3 အျပင္ Realme A1 ကိုလည္း ျမင္ရႏိုင္ပါတယ္။ Realme A1 ဟာ အလြန္ ေစ်းသက္သာတဲ့ Realme C1 နဲ႔ ဆဲလ္ဖီး အသားေပး Realme U1 တို႔အၾကားမွ အလယ္အလတ္ စမတ္ဖုန္း ျဖစ္ႏိုင္ပါတယ္။ ကုမၸဏီဟာ ပထမဆံုး ၇ လ အတြင္းမွာ စမတ္ဖုန္း အလံုးေရ ၄ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာလည္း ေရာင္းအား ဆက္ေကာင္းႏိုင္ပါတယ္။

unicode

48MP Camera ပါလာမယ့် Realme 3 လာမည်

Realme က ပြီးခဲ့တဲ့ နှစ်က အစကောင်းခဲ့ပါတယ်။ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်း ငါးလုံးကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ စံချိန်သစ်များစွာလည်း တင်သွားခဲ့ပါတယ်။ ဒီနှစ်မှာလည်း တာထွက်ကောင်းအောင် ကုမ္ပဏီက ပွဲကြမ်းနိုင်ပါတယ်။ လာမယ့် သုံးလအတွင်းမှာ Realme 3 ကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Realme 3 မှာ 48MP Camera ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Realme 3 Series ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။ Indian Express နဲ့ အင်တာဗျူး တစ်ခုမှာ Realme ရဲ့ စီအီးအို ဖြစ်သူ Madhav Sheth က ၂၀၁၉ ခုနှစ်အတွက် အစီအစဉ် အချို့ကို ပြောသွားခဲ့ပါတယ်။

Realme 3 အပြင် Realme A1 ကိုလည်း မြင်ရနိုင်ပါတယ်။ Realme A1 ဟာ အလွန် ဈေးသက်သာတဲ့ Realme C1 နဲ့ ဆဲလ်ဖီး အသားပေး Realme U1 တို့အကြားမှ အလယ်အလတ် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီဟာ ပထမဆုံး ၇ လ အတွင်းမှာ စမတ်ဖုန်း အလုံးရေ ၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း ရောင်းအား ဆက်ကောင်းနိုင်ပါတယ်။

Leave a Reply