Samsung ကိုယ္တုိင္(မေတာ္တဆ)အတည္ျပဳေပးလိုက္တဲ့ Galaxy S10 design

0
1135

Zawgyi Version

တစ္လေလာက္လိုေသးေပမယ့္လည္း Samsung flagship အသစ္ေလးေတြကေတာ့ ေတာ္ေတာ္ေလးကို ေပါက္ၾကားေနပါျပီ။ အခ်က္အလက္အေသးစိတ္ကေတာ့ မသိရေသးဘူးဆိုေပမယ့္ feature နဲ႕ ဒီဇုိင္းကေတာ့ ေသေအာင္ေပါက္ေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေပါက္ၾကားခ်က္ေတြက မယံုၾကည္ရေလာက္တဲ့သတင္းေပးသူေတြဆိုေတာ့ စိတ္မခ်ရေသးတာမ်ိဳးေတြ ျဖစ္ေနပါတယ္။ ေပါက္ၾကားမႈလို႕ပဲ၊ ခန္႕မွန္းခ်က္လို႕ပဲ ေတြးရမွာပါ။ ကံေကာင္းခ်င္ေတာ့ Samsung ဆီကေန Galaxy S10 နဲ႕ မ်က္ႏွာျပင္မွာ အေပါက္ငယ္သာပါေတာ့မယ့္ဒီဇုိင္းကို ေတြ႕ျမင္ခြင့္ရလိုက္ပါတယ္။

ျပီးခဲ့တဲ့ရက္ေတြတုန္းက One UI ရဲ႕ သြင္ျပင္ေျပာင္းလဲမႈကို ေဖာ္ျပထားတဲ့ေဆာင္းပါး တင္ခဲ့ပါတယ္။ Samsung TouchWiz လို႕သိၾကတဲ့ Samsung Experience ကေတာ့ Android 9 Pie နဲ႕ တြဲဖက္လာမွာျဖစ္ပါတယ္။ update ေလးကို Galaxy S9 နဲ႕ S9+ မွာရမွာဆိုေတာ့ သူတို႕ပံုေတြျဖစ္မယ္လို႕ ေတြးထားမွာေပါ့။ ဒါေပမယ့္လည္း Galaxy S10 ရဲ႕ပံုေတြနဲ႕ ထြက္ေပၚလာခဲ့ပါတယ္။

အရုိးသားဆံုးေျပာရမယ္ဆုိရင္ေတာ့ သတိထားမိခ်င္မွ ထားမိမွာပါ။ ဒါေပမယ့္လည္း Reddit သံုးစြဲသူတစ္ေယာက္က သတိထားမိခဲ့တယ္။ အလင္းအေမွာင္ခ်ိန္လိုက္တဲ့အခါ One UI အေၾကာင္းေျပာထားတဲ့ေဆာင္းပါးမွာ မ်က္ႏွာျပင္ရဲ႕ ညာဘက္အေပၚနားေလးမွာ ကင္မရာေပါက္ေလးပါေနတာကို ေတြ႕လိုက္ပါတယ္။ ေနာက္တစ္ပံုမွာကေတာ့ UI ေျပာင္းမထားေပမယ့္လည္း ေဘာင္ေတြနည္းပါးေနျပီး အေပါက္ေလးကေတာ့ ပါေနတုန္းပါပဲ။ ရွိသမွ် Galaxy ဖုန္းေတြထက္ ေဘာင္ေတြပါးေနတာကို ေတြ႕ျမင္ရမွာပါ။

ဟုတ္ပါတယ္။ ဒီလိုပံုမ်ိဳးေတြကို ထုတ္ျပီးေတာ့ သံသယေတြကို ေျဖရွင္းေပးေနၾကပါတယ္။ ဒီေတာ့ သူတို႕အတည္ျပဳလိုက္တာမ်ားလား။

Galaxy S10 ကိုေတာ့ ေဖေဖာ္၀ါရီလ ၂၀ရက္ေန႕မွာ ေၾကညာမွာပါ။ MWC 2019 မစခင္ေလးေပ့ါ။ တစ္ခုတည္းမဟုတ္ပါဘူး။ Samsung ရဲ႕ ေကြးညြတ္စမတ္ဖုန္းကိုလည္း ျမင္ရပါလိမ့္မယ္။ Galaxy S10 ေမာ္ဒယ္လ္ေလးမ်ိဳးကေတာ့ ဘတ္ထရီေတြပိုေကာင္းလာဖို႕ ေမွ်ာ္လင့္ပါတယ္။ Galaxy S10 5G မွာဆုိရင္ 5,000 mAh ၊ Galaxy F/Galaxy Fold မွာဆိုရင္ 3,100 mAh ႏွစ္လံုးလို႕ ထင္ေၾကးေပးထားၾကပါတယ္။

Unicode Version

တစ်လလောက်လိုသေးပေမယ့်လည်း Samsung flagship အသစ်လေးတွေကတော့ တော်တော်လေးကို ပေါက်ကြားနေပါပြီ။ အချက်အလက်အသေးစိတ်ကတော့ မသိရသေးဘူးဆိုပေမယ့် feature နဲ့ ဒီဇိုင်းကတော့ သေအောင်ပေါက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါက်ကြားချက်တွေက မယုံကြည်ရလောက်တဲ့သတင်းပေးသူတွေဆိုတော့ စိတ်မချရသေးတာမျိုးတွေ ဖြစ်နေပါတယ်။ ပေါက်ကြားမှုလို့ပဲ၊ ခန့်မှန်းချက်လို့ပဲ တွေးရမှာပါ။ ကံကောင်းချင်တော့ Samsung ဆီကနေ Galaxy S10 နဲ့ မျက်နှာပြင်မှာ အပေါက်ငယ်သာပါတော့မယ့်ဒီဇိုင်းကို တွေ့မြင်ခွင့်ရလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေတုန်းက One UI ရဲ့ သွင်ပြင်ပြောင်းလဲမှုကို ဖော်ပြထားတဲ့ဆောင်းပါး တင်ခဲ့ပါတယ်။ Samsung TouchWiz လို့သိကြတဲ့ Samsung Experience ကတော့ Android 9 Pie နဲ့ တွဲဖက်လာမှာဖြစ်ပါတယ်။ update လေးကို Galaxy S9 နဲ့ S9+ မှာရမှာဆိုတော့ သူတို့ပုံတွေဖြစ်မယ်လို့ တွေးထားမှာပေါ့။ ဒါပေမယ့်လည်း Galaxy S10 ရဲ့ပုံတွေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။
အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ သတိထားမိချင်မှ ထားမိမှာပါ။ ဒါပေမယ့်လည်း Reddit သုံးစွဲသူတစ်ယောက်က သတိထားမိခဲ့တယ်။ အလင်းအမှောင်ချိန်လိုက်တဲ့အခါ One UI အကြောင်းပြောထားတဲ့ဆောင်းပါးမှာ မျက်နှာပြင်ရဲ့ ညာဘက်အပေါ်နားလေးမှာ ကင်မရာပေါက်လေးပါနေတာကို တွေ့လိုက်ပါတယ်။ နောက်တစ်ပုံမှာကတော့ UI ပြောင်းမထားပေမယ့်လည်း ဘောင်တွေနည်းပါးနေပြီး အပေါက်လေးကတော့ ပါနေတုန်းပါပဲ။ ရှိသမျှ Galaxy ဖုန်းတွေထက် ဘောင်တွေပါးနေတာကို တွေ့မြင်ရမှာပါ။
ဟုတ်ပါတယ်။ ဒီလိုပုံမျိုးတွေကို ထုတ်ပြီးတော့ သံသယတွေကို ဖြေရှင်းပေးနေကြပါတယ်။ ဒီတော့ သူတို့အတည်ပြုလိုက်တာများလား။
Galaxy S10 ကိုတော့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ကြေညာမှာပါ။ MWC 2019 မစခင်လေးပေ့ါ။ တစ်ခုတည်းမဟုတ်ပါဘူး။ Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်းကိုလည်း မြင်ရပါလိမ့်မယ်။ Galaxy S10 မော်ဒယ်လ်လေးမျိုးကတော့ ဘတ်ထရီတွေပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ Galaxy S10 5G မှာဆိုရင် 5,000 mAh ၊ Galaxy F/Galaxy Fold မှာဆိုရင် 3,100 mAh နှစ်လုံးလို့ ထင်ကြေးပေးထားကြပါတယ်။

Leave a Reply