Social Trending

iPhone နဲ့ iPad အတွက် iOS 12.1.3 Beta 4 ထွက်ရှိ

Zawgyi Version






Unicode Version

ပိတ်ရက်တွေတိုက်သွားတာကြောင့် ရက်၂၀လောက် ကြန့်ကြာသွားခဲ့ပါတယ်။
Apple က beta 4 ကို beta 3 ထွက်အပြီး သုံးရက်အကြာမှာ ထပ်မံထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် iOS 12.1.3 ကို မကြာခင်မှာ တွေ့မြင်ရတော့မယ်လို့ ပြောနေသလိုပါပဲ။ ကျွန်တော်တို့ခန့်မှန်းပေးရမယ်ဆိုရင် iOS 12.1.3 ကို နောက်အပတ်တွေထဲမှာ သုံးစွဲသူတွေရဲ့လက်ထဲကို ထည့်ပေးတော့မှာပါ။
iOS 12.1.3 beta တွေမှာ bug fix ၊ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ထားမှုတွေ၊ security patche တွေထည့်သွင်းပေးထားလို့ iPhone, iPad နဲ့ iPod touch သုံးစွဲသူတွေအတွက် သုံးစွဲရတာအဆင်ပြေစေမှာပါ။
iOS 12.1.3 beta သွင်းထားပြီး developer တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ Settings > General > Software Update section ကိုသွားပြီးတော့ နောက်ဆုံးထွက် iOS 12.1.3 beta 4 OTA update ကို ရယူနိုင်ပါပြီ။
iTunes ကနေ IPSW restore လုပ်မယ်ဆိုရင်တော့ developer.apple.com ကို သွားပြီးတော့ iPhone, iPad or iPod touch အတွက် IPSW file ကို ဒေါင်းလုတ်ဆွဲလိုက်ပါ။ ပြီးရင်တော့ Windows PC or Mac မှာ iTunes ကို အသုံးပြုပြီးတော့ firmware လေးကို restore လုပ်လိုက်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.