Instagram မှ အကောင့်များကြီးကို တစ်ပြိုင်တည်းပို့စ်တင်ရန် ခွင့်ပြုလိုက်
0
169
BERLIN, GERMANY - OCTOBER 05: The Logo of photo and video-sharing social networking service Instagram is displayed on a smartphone on October 05, 2018 in Berlin, Germany. (Photo by Thomas Trutschel/Photothek via Getty Images)
Zawgyi Version
iOS မှာပဲ ရနိုင်မှာပါ။
Unicode Version
iOS မှာပဲ ရနိုင်မှာပါ။
သင့်မှာ Instagram အကောင့်အများကြီးရှိမယ်ဆိုရင်တော့ feature အသစ်လေးက သင့်အတွက် လွယ်ကူစေမှာပါ။ Instagram ရဲ့ iOS version နဲ့ဆိုရင် သုံးစွဲသူတွေကို ပို့စ်တစ်ခုထဲကိုပဲ အကောင့်အားလုံးမှာ တစ်ချိန်တည်း တင်လို့ရအောင် လုပ်ဆောင်ပေးထားတာဆိုတော့ အဆင်ပြေစေမှာပါ။ ဒီအတွက် လုပ်ဆောင်ရမှာကတော့ တင်ချင်တဲ့အကောင့်တွေကို toggle လုပ်ပေးထားရမှာ ဖြစ်ပါတယ်။ “အကောင့်တွေအများကြီးကို ပို့စ်တင်နေရတဲ့သူတွေအတွက် အဆင်ပြေပြေသုံးစေချင်တဲ့ရည်ရွယ်ပါ။”
regram function အကြောင်းကို သတင်းတွေထွက်လာတိုင်းမှာ Instagram က မလုပ်ဖြစ်ကြောင်း ငြင်းခဲ့ပါတယ်။ ဒါဟာ “authenticity” မရှိကြောင်း၊ သုံးစွဲသူတွေရဲ့ ချိတ်ဆက်မှုကို မလေးစားရာရောက်ကြောင်း ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့တဲ့ တွဲဖက်တည်ထောင်သူ Mike Krieger နဲ့ Systrom တို့ဟာ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုးfeature ထွက်ပေါ်လာတာဖြစ်နိုင်ပါတယ်။ regram function မဟုတ်သေးဘူးဆိုပေမယ့်လည်း တစ်ဆင့်တက်လာတယ်လို့တော့ မြင်မိပါတယ်။
feature အသစ်လေးကို Android မှာလည်း မြင်ရနိုင်မယ်လို့ မှန်းထားပါတယ်။ ဒါပေမယ့်လည်း ထုတ်ပေးမယ်လို့တော့ မပြောထားသေးပါဘူး။
Leave a Reply