Enterprise Social Trending

Facebook ကို Uninstall လုပ္ခြင့္မေပးတဲ့ အခ်ိဳ႕ Samsung ဖုန္းမ်ား

Zawgyi Version

Facebook အတြက္ ကံေကာင္းတဲ့ႏွစ္တစ္ႏွစ္မဟုတ္တာ ေသခ်ာပါတယ္။ Samsung လည္း ဒီလိုပဲျဖစ္ေနပါတယ္။ သူ႕ရဲ႕ဖုန္းအခ်ိဳ႕မွာ Facebook ကို uninstall လုပ္ဖို႕အတြက္ ျငင္းဆန္ေနတယ္လို႕ သတင္းေတြကေဖာ္ျပထားပါတယ္။

တင္ျပခ်က္ေတြအရ Galaxy S8 အပါအ၀င္ အခ်ိဳ႕ဖုန္းေတြဟာ Facebook ကို တန္းသြင္းျပီးသားျဖစ္ပါတယ္။ ဒါက ပံုမွန္မဟုတ္ပါဘူး။ uninstall လုပ္ဖို႕ၾကိဳးစားလိုက္တဲ့အခါမွာ disable ျဖစ္သြားျပီးေတာ့ uninstall လုပ္ထားသလို ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း မဟုတ္ပါဘူး။

Facebook ေျပာၾကားခ်က္အရဆိုရင္ deactivate လုပ္လိုက္တဲ့ Facebook app က uninstall လုပ္ထားသလိုပါပဲတဲ့။ ဒါေပမယ့္လည္း ဒီလိုျဖစ္ရပ္ေတြဟာ Privacy ျငိေနတဲ့လုပ္ငန္းတစ္ခုအတြက္ သံုးစြဲသူေတြက စိတ္ခ်ရတဲ့အေနအထားမွာ ရွိႏုိင္မွာတဲ့လား။ ၀ယ္တဲ့အခ်ိန္တုန္းက Facebook ကို uninstall လုပ္မရဘူးလို႕လည္း မေျပာထားပါဘူး။ ဒီေတာ့ Facebook အရွဳပ္ေတာ္ပံုထဲမွာ မပါခ်င္တဲ့သူေတြအတြက္ေတာ့ အိပ္မက္ဆိုးတစ္ခုျဖစ္ေနမွာပါ။ အရင္တုန္းကေျပာၾကားခ်က္ေတြအရဆိုရင္ Facebook ဆီကိုေဒတာပို႕ဖို႕အတြက္ အေကာင့္မရွိလည္း ဖုန္းထဲမွာ app သြင္းထားရင္ရေနတယ္လို႕ ေျပာၾကပါတယ္။

ဒီေနရာမွာေတာ့ Apple နဲ႕ iPhone ေတြရဲ႕ အားသာခ်က္လို႕ ဆိုရမလားပဲ။ iPhone ေတြဟာ ဘယ္လိုမ်ိဳး third-party app ေတြနဲ႕မွ တြဲဖက္ထားတာမရွိပါဘူး။ သံုးစြဲသူကို စိတ္ၾကိဳက္ install လုပ္ခြင့္ေပးထားပါတယ္။ ဒါေၾကာင့္လည္း privacy ကို အသားေပးလုပ္ေဆာင္ထားတယ္ဆိုျပီး ရဲရဲ၀ံ့၀ံ့ေျပာႏုိင္ေနတာေပ့ါ။

ဒီနည္းလမ္းကေတာ့ ပိုေကာင္းတယ္လို႕ျမင္မိတယ္။ Facebook ကို ဖ်က္လို႕မရတဲ့ဖုန္းတစ္လံုးကို ကိုင္ထားမိျပီဆိုရင္ေတာ့ ဖုန္းအသစ္၀ယ္ဖုိ႕ကလြဲျပီး ေရြးစရာရွိပါဦးမလား။

Unicode Version

Facebook အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်မဟုတ်တာ သေချာပါတယ်။ Samsung လည်း ဒီလိုပဲဖြစ်နေပါတယ်။ သူ့ရဲ့ဖုန်းအချို့မှာ Facebook ကို uninstall လုပ်ဖို့အတွက် ငြင်းဆန်နေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
တင်ပြချက်တွေအရ Galaxy S8 အပါအဝင် အချို့ဖုန်းတွေဟာ Facebook ကို တန်းသွင်းပြီးသားဖြစ်ပါတယ်။ ဒါက ပုံမှန်မဟုတ်ပါဘူး။ uninstall လုပ်ဖို့ကြိုးစားလိုက်တဲ့အခါမှာ disable ဖြစ်သွားပြီးတော့ uninstall လုပ်ထားသလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။
Facebook ပြောကြားချက်အရဆိုရင် deactivate လုပ်လိုက်တဲ့ Facebook app က uninstall လုပ်ထားသလိုပါပဲတဲ့။ ဒါပေမယ့်လည်း ဒီလိုဖြစ်ရပ်တွေဟာ Privacy ငြိနေတဲ့လုပ်ငန်းတစ်ခုအတွက် သုံးစွဲသူတွေက စိတ်ချရတဲ့အနေအထားမှာ ရှိနိုင်မှာတဲ့လား။ ဝယ်တဲ့အချိန်တုန်းက Facebook ကို uninstall လုပ်မရဘူးလို့လည်း မပြောထားပါဘူး။ ဒီတော့ Facebook အရှုပ်တော်ပုံထဲမှာ မပါချင်တဲ့သူတွေအတွက်တော့ အိပ်မက်ဆိုးတစ်ခုဖြစ်နေမှာပါ။ အရင်တုန်းကပြောကြားချက်တွေအရဆိုရင် Facebook ဆီကိုဒေတာပို့ဖို့အတွက် အကောင့်မရှိလည်း ဖုန်းထဲမှာ app သွင်းထားရင်ရနေတယ်လို့ ပြောကြပါတယ်။
ဒီနေရာမှာတော့ Apple နဲ့ iPhone တွေရဲ့ အားသာချက်လို့ ဆိုရမလားပဲ။ iPhone တွေဟာ ဘယ်လိုမျိုး third-party app တွေနဲ့မှ တွဲဖက်ထားတာမရှိပါဘူး။ သုံးစွဲသူကို စိတ်ကြိုက် install လုပ်ခွင့်ပေးထားပါတယ်။ ဒါကြောင့်လည်း privacy ကို အသားပေးလုပ်ဆောင်ထားတယ်ဆိုပြီး ရဲရဲဝံ့ဝံ့ပြောနိုင်နေတာပေ့ါ။
ဒီနည်းလမ်းကတော့ ပိုကောင်းတယ်လို့မြင်မိတယ်။ Facebook ကို ဖျက်လို့မရတဲ့ဖုန်းတစ်လုံးကို ကိုင်ထားမိပြီဆိုရင်တော့ ဖုန်းအသစ်ဝယ်ဖို့ကလွဲပြီး ရွေးစရာရှိပါဦးမလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.