Smartphone Trending

Galaxy Unpacked Event ကို ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမည္

Samsung က ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress မတိုင္ခင္ တစ္ပတ္ အလိုမွာ Galaxy S10 Series မ်ားကို ေၾကညာမယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက Galaxy Unpacked Event က်င္းပမယ့္ ေန႔ကို အတည္ျပဳလိုက္ပါတယ္။ လာမယ့္လ ၂၀ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

တြစ္တာမွာ ဗီဒီယိုတစ္ခု တင္ၿပီး ေၾကညာလိုက္တာ ျဖစ္ပါတယ္။ ဗီဒီယိုမွာ အရြယ္ႀကီး နံပါတ္ ၁၀ ကို ျပသထားၿပီး အျခား သတင္းအခ်က္အလက္မ်ားကိုေတာ့ မျပသထားပါဘူး။ ဆမ္ေဆာင္းက Teaser မ်ားမွာ မိတ္ဆက္မယ့္ ဖုန္းမ်ားရဲ႕ Specifications မ်ားကို အရိပ္အျမြက္ ေျပာၾကားေလ့ မရွိပါဘူး။ တြစ္တာမွ ဗီဒီယိုမွာ ပြဲက်င္းပမယ့္ တည္ေနရာကို မေဖာ္ျပထားပါဘူး။ Samsung Newsroom က ဆန္ဖရန္စစၥကိုမွာ က်င္းပမယ္လို႔ ေဖာ္ျပထားပါတယ္။

ယခင္ သတင္းမ်ားအရ တန္ဖိုး အနည္းဆံုး S10 Lite မွာ ၅.၈ လက္မ မ်က္ႏွာျပင္ပါပါတယ္။ သာမာန္ S10 Model မွာ ၆.၁ လက္မ မ်က္ႏွာျပင္နဲ႔ အရြယ္အစား အႀကီးမားဆံုး S10+ မွာ ၆.၄ လက္မ မ်က္ႏွာျပင္မ်ား ပါလာမွာ ျဖစ္ပါတယ္။ ဖုန္း အားလံုးရဲ႕ မ်က္ႏွာျပင္ ထိပ္ပိုင္း အလယ္နားမွာ အေရွ႕ ကင္မရာမ်ားကို ျမွပ္ႏွံထားပါတယ္။ S10 Lite နဲ႔ S10 မွာ အေရွ႕ ကင္မရာ ၁ လံုးစီနဲ႔ S10+ မွာ ၂ လံုး ထည့္သြင္းထားပါတယ္။ 

ယခင္ေပါက္ၾကားထြက္ေပၚလာခဲ့ဖူးတဲ့ သတင္းမ်ားအရ Galaxy S10+ မွာ ၆.၄ လက္မ Super AMOLED Screen ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack ကို ထည့္သြင္းထားပါတယ္။ သူ႔မွာ ထည့္သြင္းထားမယ့္ 7nm Snapdragon 855 Chipset ကို Qualcomm က မၾကာခင္က ေၾကညာၿပီးပါၿပီ။

unicode

Galaxy Unpacked Event ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမည်

Samsung က ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မတိုင်ခင် တစ်ပတ် အလိုမှာ Galaxy S10 Series များကို ကြေညာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ အခုတော့ ဆမ်ဆောင်းက Galaxy Unpacked Event ကျင်းပမယ့် နေ့ကို အတည်ပြုလိုက်ပါတယ်။ လာမယ့်လ ၂၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တွစ်တာမှာ ဗီဒီယိုတစ်ခု တင်ပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဗီဒီယိုမှာ အရွယ်ကြီး နံပါတ် ၁၀ ကို ပြသထားပြီး အခြား သတင်းအချက်အလက်များကိုတော့ မပြသထားပါဘူး။ ဆမ်ဆောင်းက Teaser များမှာ မိတ်ဆက်မယ့် ဖုန်းများရဲ့ Specifications များကို အရိပ်အမြွက် ပြောကြားလေ့ မရှိပါဘူး။ တွစ်တာမှ ဗီဒီယိုမှာ ပွဲကျင်းပမယ့် တည်နေရာကို မဖော်ပြထားပါဘူး။ Samsung Newsroom က ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ်လို့ ဖော်ပြထားပါတယ်။

ယခင် သတင်းများအရ တန်ဖိုး အနည်းဆုံး S10 Lite မှာ ၅.၈ လက်မ မျက်နှာပြင်ပါပါတယ်။ သာမာန် S10 Model မှာ ၆.၁ လက်မ မျက်နှာပြင်နဲ့ အရွယ်အစား အကြီးမားဆုံး S10+ မှာ ၆.၄ လက်မ မျက်နှာပြင်များ ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း အားလုံးရဲ့ မျက်နှာပြင် ထိပ်ပိုင်း အလယ်နားမှာ အရှေ့ ကင်မရာများကို မြှပ်နှံထားပါတယ်။ S10 Lite နဲ့ S10 မှာ အရှေ့ ကင်မရာ ၁ လုံးစီနဲ့ S10+ မှာ ၂ လုံး ထည့်သွင်းထားပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးတဲ့ သတင်းများအရ Galaxy S10+ မှာ ၆.၄ လက်မ Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack ကို ထည့်သွင်းထားပါတယ်။ သူ့မှာ ထည့်သွင်းထားမယ့် 7nm Snapdragon 855 Chipset ကို Qualcomm က မကြာခင်က ကြေညာပြီးပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.