Smartphone Trending





၁၂ နှစ် မွေးနေ့ ကျရောက်သွားတဲ့ iPhone

ပထမဆုံး iPhone ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ကြေညာခဲ့တဲ့ အတွက် ယခုလ ၉ ရက်နေ့ဟာ ၁၂ နှစ်ပြည့် အိုင်ဖုန်း မွေးနေ့လို့ ဆိုနိုင်ပါတယ်။ ပထမမျိုးဆက် အိုင်ဖုန်းဟာ ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ သူဟာ ထိတွေ့ မျက်နှာပြင်ပါတဲ့ ပထမဆုံး မိုဘိုင်း ကိရိယာတော့ မဟုတ်ပါဘူး။ သူ့မှာ App များလည်း အင်စတော လုပ်လို့ မရပါဘူး။

ပထမဆုံး အိုင်ဖုန်းရဲ့ အမည်မှာ iPhone 2G ဖြစ်ပြီး ၃.၅ လက်မ မျက်နှာပြင်သာ ပါခဲ့တာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 320×480 pixels သာ ပါပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၁၆၃ ဖြစ်ပါတယ်။ 4GB or 8GB Storage ထည့်ထားပါတယ်။ 2 Megapixel Camera တပ်ဆင်ထားပါတယ်။

သူ့ရဲ့ နောက်မှာတော့ iPhone 3G, the iPhone 3GS, the iPhone 4, the iPhone 5, the iPhone 5S/5C, the iPhone 6/6 Plus, the iPhone 6S/6S Plus, the iPhone 7/7 Plus/SE, the iPhone X/8/8 Plus နဲ့ iPhone XS/XS Max/XR တို့ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အိုင်ဖုန်းများရဲ့ သမိုင်းကြောင်းများကို အောက်ပါ ပုံများမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.