Posted on Leave a comment

ေျခေထာက္မ်ား ပါတဲ့ ကားကို ဖန္တီးေနတဲ့ ဟြန္ဒိုင္း

ဟြန္ဒိုင္းက CES 2019 မွာ Elevate လို႔ အမည္ေပးထားတဲ့ Concept Vehicle ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ေကြးညႊတ္ႏိုင္တဲ့ ေျခေထာက္ေလးေခ်ာင္း ပါပါတယ္။ Transformer ရုပ္ရွင္ကားထဲက စက္ရုပ္ ကားမ်ားနဲ႔ေတာင္ တူပါတယ္။ သူက ညီညာေျဖာင့္ျဖဴးတဲ့ လမ္းမ်ားမွာ ေမာင္းႏွင္ရင္ ေျခေထာက္မ်ားကို ေခါက္ထားႏုိင္တဲ့ အတြက္ သာမာန္ ကားတစ္စီးလိုပဲ ျဖစ္ပါတယ္။

မညီညာတဲ့ လမ္းမ်ား၊ ေက်ာက္တံုးမ်ား၊ ေတာင္မ်ား၊ ေလွခါးထစ္မ်ားကို ျဖတ္ရင္ေတာ့ ေျခေထာက္မ်ားကို ဆန္႔ထုတ္လိုက္ၿပီး လူသြားသလို သြားႏိုင္တာ ျဖစ္ပါတယ္။ သူက လူလမ္းေလွ်ာက္သလို သြားျခင္း၊ တြားသြားျခင္းမ်ားကို ျပဳလုပ္နိုင္ပါတယ္။  အေရးေပၚ ကယ္ဆယ္ေရး လုပ္ငန္းမ်ားမွာလည္း ကားကို အသံုးခ်ႏုိင္ပါတယ္။

Wheel Chair အသံုးျပဳတဲ့ မသန္စြမ္းသူမ်ား စီးနင္းဖို႔လည္း အလြန္ အဆင္ေျပပါတယ္။ ေလွခါးေပၚ တက္ၿပီး အိမ္ေပါက္၀ အထိ မသန္စြမ္းသူကို ေခၚေဆာင္ေပးႏုိင္ပါတယ္။ ဟြန္ဒိုင္းက ဒီနည္းပညာဟာ အျခား ၿဂိဳလ္မ်ားကို စူးစမ္းေလ့လာမႈမ်ားအတြက္ပါ အသံုး၀င္မယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ေအာက္မွာ ေလ့လာပါ။

ဟြန္ဒိုင္းရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ John Suh က “ ဆူနာမီနဲ႔ ငလ်င္မ်ား လႈပ္ခတ္တဲ့ အခါမွာ လက္ရွိ ကယ္ဆယ္ေရး ယာဥ္မ်ားရဲ႕ စြမ္းရည္ဟာ အကန္႔အသတ္မ်ား ရွိပါတယ္။ Elevate ကေတာ့ အပ်က္အဆီးမ်ား ၾကားထဲသြားမလား၊ ေရငုပ္မလား ၊ စြယ္စံု သံုးႏိုင္ပါတယ္။ “ လို႔ ေျပာပါနတယ္။

unicode

ခြေထောက်များ ပါတဲ့ ကားကို ဖန်တီးနေတဲ့ ဟွန်ဒိုင်း


ဟွန်ဒိုင်းက CES 2019 မှာ Elevate လို့ အမည်ပေးထားတဲ့ Concept Vehicle ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ကွေးညွှတ်နိုင်တဲ့ ခြေထောက်လေးချောင်း ပါပါတယ်။ Transformer ရုပ်ရှင်ကားထဲက စက်ရုပ် ကားများနဲ့တောင် တူပါတယ်။ သူက ညီညာဖြောင့်ဖြူးတဲ့ လမ်းများမှာ မောင်းနှင်ရင် ခြေထောက်များကို ခေါက်ထားနိုင်တဲ့ အတွက် သာမာန် ကားတစ်စီးလိုပဲ ဖြစ်ပါတယ်။

မညီညာတဲ့ လမ်းများ၊ ကျောက်တုံးများ၊ တောင်များ၊ လှေခါးထစ်များကို ဖြတ်ရင်တော့ ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး လူသွားသလို သွားနိုင်တာ ဖြစ်ပါတယ်။ သူက လူလမ်းလျှောက်သလို သွားခြင်း၊ တွားသွားခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း ကားကို အသုံးချနိုင်ပါတယ်။

Wheel Chair အသုံးပြုတဲ့ မသန်စွမ်းသူများ စီးနင်းဖို့လည်း အလွန် အဆင်ပြေပါတယ်။ လှေခါးပေါ် တက်ပြီး အိမ်ပေါက်၀ အထိ မသန်စွမ်းသူကို ခေါ်ဆောင်ပေးနိုင်ပါတယ်။ ဟွန်ဒိုင်းက ဒီနည်းပညာဟာ အခြား ဂြိုလ်များကို စူးစမ်းလေ့လာမှုများအတွက်ပါ အသုံးဝင်မယ်လို့ ပြောပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို အောက်မှာ လေ့လာပါ။

ဟွန်ဒိုင်းရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ John Suh က “ ဆူနာမီနဲ့ ငလျင်များ လှုပ်ခတ်တဲ့ အခါမှာ လက်ရှိ ကယ်ဆယ်ရေး ယာဉ်များရဲ့ စွမ်းရည်ဟာ အကန့်အသတ်များ ရှိပါတယ်။ Elevate ကတော့ အပျက်အဆီးများ ကြားထဲသွားမလား၊ ရေငုပ်မလား ၊ စွယ်စုံ သုံးနိုင်ပါတယ်။ “ လို့ ပြောပါနတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.