တစကၠန္႕ကို 1,400MB ႏႈန္းျဖင့္ ဓါတ္ပံုေတြကူးေပးႏုိင္တဲ့ 1TB CFexpress card

0
304

Zawgyi Version

ေခတ္ေတြေျပာင္းလာေတာ့ professional removable storage media ကလည္း တိုးတက္ေျပာင္းလဲလာပါတယ္။ CES 2019 ပြဲမွာ ProgradeDigital ဆိုတဲ့ လုပ္ငန္းအသစ္ေလးက ပေရာ္ဖက္ရွင္နယ္ေတြအတြက္ ရည္စူးျပီးထုတ္လုပ္ထားတဲ့ CFexpress ကဒ္ေလးကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီကဒ္ေလးမွာ 1T ပမာဏပါ၀င္ျပီးေတာ့ တစကၠန္႕ကို 1,400MB ႏႈန္းလုပ္ေဆာင္ေပးႏုိင္ပါတယ္။ Nikon Z series ကင္မရာေတြထဲမွာ ထည့္သြင္းျပီးေတာ့ လုပ္ေဆာင္ျပသခဲ့တာျဖစ္ပါတယ္။

သံုးစြဲသူေစ်းကြက္ၾကားမွက ေစ်းေပါျပီး အလြယ္ရႏုိင္တဲ့ SD memory card ေတြ ေနရာယူထားတယ္ဆိုေပမယ့္လည္း professional storage ေတြက လိုအပ္ေနတယ္ဆိုရင္ မမွားပါဘူး။ နည္းပညာျမင့္ DSLR ေတြမွာဆိုရင္ ပိုဆိုးပါတယ္။ format ေတြ ပိုေကာင္းလာတဲ့အတြက္ေၾကာင့္ သိမ္းဆည္းဖို႕အတြက္လည္း ကၽြန္ေတာ္တို႕ စဥ္းစားရပါေတာ့တယ္။

CFexpresses ကေတာ့ XQD နဲ႕ form factor တူပါတယ္။ ပမာဏလည္းမ်ားမ်ားဆံ့သလို လုပ္ေဆာင္ႏုိင္စြမ္းကလည္း ျမင့္မားေနပါတယ္။ CFast 2.0 card ထက္ ႏွစ္ဆေလာက္ပိုျမန္ပါတယ္။ CFast 2.0 cards က တစကၠန္႕ကို 550MB ပဲ ပို႕ႏုိင္တာပါ။ write speed ဆိုရင္ေတာ့ 1,000MB ျဖစ္ပါတယ္။ မက္ေလာက္စရာပါ။

CFexpress ဟာ resolution ျမင့္မားတဲ့ photography ကေန RAW video ေတြအထိ သိမ္းဆည္းေပးႏုိင္မွာပါ။ နည္းပညာေလာကက 8K video အထိ ေရာက္ေနျပီဆိုေတာ့ CFexpress ရဲ႕ ေျခလွမ္းေတြကို ေစာင့္ေမွ်ာ္ၾကည့္လို႕ရႏုိင္မွာပါ။

1TB card ေလးကို CES မွာ ျပသခဲ့ေပမယ့္လည္း ေစ်းႏႈန္း၊ ထြက္ရွိမယ့္ရက္ကို ေျပာမထားေသးပါဘူး။ ကၽြန္ေတာ္တို႕ထပ္မံတင္ဆက္ေပးသြားမွာပါ။

CES memory card ထဲမွာ Lexar ကလည္း 1TB SDXC card ကို ျပသခဲ့ပါတယ္။ V30-rated card ေလးဟာ ျမင္ဖူးသမွ်ထဲမွာေတာ့ အျမန္ဆံုးပါပဲ။ bandwidth နည္းတဲ့ video surveillance မ်ိဳး၊ ကဒ္မခ်ိန္းဘဲ ဓါတ္ပံုေျမာက္မ်ားစြာရိုက္ခ်င္တဲ့သူမ်ိဳးေတြဆိုရင္ အသံုးတည့္မွာပါ။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၅၀၀ ေလာက္ရွိေနပါတယ္။

Unicode Version

ခေတ်တွေပြောင်းလာတော့ professional removable storage media ကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ CES 2019 ပွဲမှာ ProgradeDigital ဆိုတဲ့ လုပ်ငန်းအသစ်လေးက ပရော်ဖက်ရှင်နယ်တွေအတွက် ရည်စူးပြီးထုတ်လုပ်ထားတဲ့ CFexpress ကဒ်လေးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီကဒ်လေးမှာ 1T ပမာဏပါဝင်ပြီးတော့ တစက္ကန့်ကို 1,400MB နှုန်းလုပ်ဆောင်ပေးနိုင်ပါတယ်။ Nikon Z series ကင်မရာတွေထဲမှာ ထည့်သွင်းပြီးတော့ လုပ်ဆောင်ပြသခဲ့တာဖြစ်ပါတယ်။
သုံးစွဲသူဈေးကွက်ကြားမှက ဈေးပေါပြီး အလွယ်ရနိုင်တဲ့ SD memory card တွေ နေရာယူထားတယ်ဆိုပေမယ့်လည်း professional storage တွေက လိုအပ်နေတယ်ဆိုရင် မမှားပါဘူး။ နည်းပညာမြင့် DSLR တွေမှာဆိုရင် ပိုဆိုးပါတယ်။ format တွေ ပိုကောင်းလာတဲ့အတွက်ကြောင့် သိမ်းဆည်းဖို့အတွက်လည်း ကျွန်တော်တို့ စဉ်းစားရပါတော့တယ်။
CFexpresses ကတော့ XQD နဲ့ form factor တူပါတယ်။ ပမာဏလည်းများများဆံ့သလို လုပ်ဆောင်နိုင်စွမ်းကလည်း မြင့်မားနေပါတယ်။ CFast 2.0 card ထက် နှစ်ဆလောက်ပိုမြန်ပါတယ်။ CFast 2.0 cards က တစက္ကန့်ကို 550MB ပဲ ပို့နိုင်တာပါ။ write speed ဆိုရင်တော့ 1,000MB ဖြစ်ပါတယ်။ မက်လောက်စရာပါ။
CFexpress ဟာ resolution မြင့်မားတဲ့ photography ကနေ RAW video တွေအထိ သိမ်းဆည်းပေးနိုင်မှာပါ။ နည်းပညာလောကက 8K video အထိ ရောက်နေပြီဆိုတော့ CFexpress ရဲ့ ခြေလှမ်းတွေကို စောင့်မျှော်ကြည့်လို့ရနိုင်မှာပါ။
1TB card လေးကို CES မှာ ပြသခဲ့ပေမယ့်လည်း ဈေးနှုန်း၊ ထွက်ရှိမယ့်ရက်ကို ပြောမထားသေးပါဘူး။ ကျွန်တော်တို့ထပ်မံတင်ဆက်ပေးသွားမှာပါ။
CES memory card ထဲမှာ Lexar ကလည်း 1TB SDXC card ကို ပြသခဲ့ပါတယ်။ V30-rated card လေးဟာ မြင်ဖူးသမျှထဲမှာတော့ အမြန်ဆုံးပါပဲ။ bandwidth နည်းတဲ့ video surveillance မျိုး၊ ကဒ်မချိန်းဘဲ ဓါတ်ပုံမြောက်များစွာရိုက်ချင်တဲ့သူမျိုးတွေဆိုရင် အသုံးတည့်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ၅၀၀ လောက်ရှိနေပါတယ်။

Leave a Reply