Smartphone Trending

Xiaomi က Redmi Brand ရဲ႕ Logo ကို ျပသ

Xiaomi က ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က Redmi Brand ကို သီးျခား ခြဲထုတ္လိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ စြမ္းရည္ျမင့္ Mi Brand နဲ႔ ခြဲထြက္သြားတာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က Redmi Phone အသစ္ကို ဒီရက္ပိုင္းမွာ ေၾကညာေတာ့မယ္လို႔ ေျပာပါတယ္။ မနက္ျဖန္မွာ ျမင္ရေတာ့မွာပါ။

အခုေတာ့ ေရွာင္မီက Redmi Brand ရဲ႕ လိုဂိုကို ျပသလိုက္ပါတယ္။ လိုဂိုရဲ႕ စာသားက “ Redmi by Xiaomi” ျဖစ္ပါတယ္။ မနက္ျဖန္မွာ Redmi 7 နဲ႔ Redmi Note 7 မ်ားကို ေၾကညာႏုိင္ပါတယ္။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားနဲ႔ ဓါတ္ပံုမ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူတို႔ ႏွစ္လံုးမွာ ႏွစ္ေရာင္စပ္ ဒီဇိုင္းကို အသံုးျပဳထားႏုိင္ပါတယ္။

Redmi Note 7 မွာ ၆.၃ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွာ မွတ္ပံုတင္ထားတဲ့ စာရြက္စာတမ္းမ်ားအရ သိရပါတယ္။ ဘက္ထရီက 3900mAh ျဖစ္ပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 159.2 x 75.2 x 8.1mm ျဖစ္ပါတယ္။

ေရွာင္မီက Redmi Phone တစ္လံုးမွာ 48MP Camera ပါမယ္လို႔ ေျပာထးာပါတယ္။ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွာေတာ့ Redmi 7 မွာ 12MP Camera ပါမယ္လို႔ ေဖာ္ျပထားတဲ့ အတြက္ Redmi Note 7 မွာ 48MP Camera ပါလာႏုိင္ပါတယ္။

Xiaomi က Redmi Brand ရဲ့ Logo ကို ပြသ

Xiaomi က ပြီးခဲ့တဲ့ တစ်ပတ်လောက်က Redmi Brand ကို သီးခြား ခွဲထုတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် Mi Brand နဲ့ ခွဲထွက်သွားတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Redmi Phone အသစ်ကို ဒီရက်ပိုင်းမှာ ကြေညာတော့မယ်လို့ ပြောပါတယ်။ မနက်ဖြန်မှာ မြင်ရတော့မှာပါ။

အခုတော့ ရှောင်မီက Redmi Brand ရဲ့ လိုဂိုကို ပြသလိုက်ပါတယ်။ လိုဂိုရဲ့ စာသားက “ Redmi by Xiaomi” ဖြစ်ပါတယ်။ မနက်ဖြန်မှာ Redmi 7 နဲ့ Redmi Note 7 များကို ကြေညာနိုင်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များနဲ့ ဓါတ်ပုံများလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူတို့ နှစ်လုံးမှာ နှစ်ရောင်စပ် ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။

Redmi Note 7 မှာ ၆.၃ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းများအရ သိရပါတယ်။ ဘက်ထရီက 3900mAh ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 159.2 x 75.2 x 8.1mm ဖြစ်ပါတယ်။

ရှောင်မီက Redmi Phone တစ်လုံးမှာ 48MP Camera ပါမယ်လို့ ပြောထးာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာတော့ Redmi 7 မှာ 12MP Camera ပါမယ်လို့ ဖော်ပြထားတဲ့ အတွက် Redmi Note 7 မှာ 48MP Camera ပါလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.