Xiaomi က AirDots Pro နားကြပ်ကို ကြေညာ

0
1404





unicode

Xiaomi က AirDots Pro နားကွပျကို ကွညော

Apple AirPods နားကြပ်ဟာ ဒီဇိုင်း အရမ်း လန်းပါတယ်။ အခုတော့ သူနဲ့ ဒီဇိုင်း အရမ်းတူတဲ့ နားကြပ်တစ်ခုကို ရှောင်မီက ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်က Xiaomi AirDots Pro ဖြစ်ပါတယ်။ ရှောင်မီရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့ နားကြပ်ဟာ Apple AirPods ထက် ဈေးအလွန်ချိုသာပါတယ်။

Xiaomi AirDots Pro ဟာ Bluetooth နားကြပ်ဖြစ်ပြီး သူ့ကို Android , iOS Device များနဲ့သာမက Windows Notebooks များနဲ့ပါ ကြိုးမဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဖုန်း ပြောရင်အဆင်ပြေအောင် Active Noise Cancellation နည်းပညာ ထည့်သွင်းထားပါတယ်။ အသံအမိန့်များနဲ့ ခိုင်းစေလို့ရတဲ့ Voice Assistant လည်း ထည့်သွင်းထားပါတယ်။

Mi AirDots Pro မှာ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ နားကြပ်နှစ်ခုဟာ အသံအရည်အသွေး မကျစေဘဲ သီးခြားစီ အလုပ်လုပ်နိုင်တာက အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ နားကြပ်ကို တစ်ဖက်ထဲ တပ်ထားရင်တောင် အသံအရည်အသွေးက အရမ်းလန်းနေပါတယ်။ နားကြပ်မှာ Touch Control များကိုလည်း အသုံးပြုနိုင်ပါတယ်။

သူ့ရဲ့ ဘက်ထရီ သက်တမ်းက ၁၀ နာရီ ဖြစ်ပါတယ်။ အားအပြည့်သွင်းဖို့ တစ်နာရီသာ ကြာပါတယ်။ တရုတ်မှာ ယွမ် ၃၉၉ သတ်မှတ်ထားပြီး ၆၀ ဒေါ်လာလောက်သာ ရှိပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply