Notch ပါလာတဲ့ Lenovo Yoga S940

0
736

မ်က္ႏွာျပင္ အျပည့္ ဒီဇိုင္းကို ဖန္တီးဖို႔ အတြက္ စမတ္ဖုန္းမ်ားမွာ Notch Design ကို အသံုးျပဳလာၾကပါတယ္။ အခုေတာ့ Notch Design ကို လက္ပ္ေတာ့မ်ားမွာပါ အသံုးျပဳလာၾကပါတယ္။ Lenovo က CES 2019 မွာ Notch Design ပါတဲ့ Yoga S940 Laptop ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ေဒၚလာ ၁၆၄၉.၉၉ သတ္မွတ္ထားပါတယ္။ ေမလမွာ ေရာင္းခ်မွာပါ။

သူ႔မွာ ၁၃.၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ HDR400 ကို ေထာက္ပံ့တဲ့ 4K နဲ႔ Full HD Model မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ မ်က္ႏွာျပင္က ေဘာင္ေပ်ာက္ ဒီဇိုင္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွာ Notch ထည့္သြင္းထားၿပီး အဲဒီမွာ Webcam ကို တပ္ဆင္ထားပါတယ္။ ကင္မရာက Windows Hello ကို ေထာက္ပံ့တဲ့ အတြက္ မ်က္ႏွာခြဲျခမ္းစိတ္ျဖာတဲ့ နည္းပညာျဖင့္ Log In ၀င္ႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္လံုး လႈပ္ရွားမႈကေန ကြန္ျပဴတာကို ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းပညာလည္း ပါပါတယ္။

သူ႔ကို ေမာ္ဒယ္မ်ားစြာ ထုတ္လုပ္ထားပါတယ္။ 16GB RAM , 1TB SSD Storage မ်ားအထိ ေရြးခ်ယ္ႏိုင္ပါတယ္။  Intel 8th Gen Core i7 Processor ထည့္သြင္းထားပါတယ္။ USB-C Thunderbolt 3 Port ၂ ခု၊ USB-C Port ၁ ခု ထည့္သြင္းထားပါတယ္။

အျခား Yoga Laptop မ်ားမွာလို Iron Gray ကို အသံုးျပဳထားပါတယ္။ ၀.၅ လက္မ အထူနဲ႔ ၂.၆ ေပါင္ အေလးခ်ိန္ရွိပါတယ္။ သူဟာ လက္ပ္ေတာ့ ၊ တက္ဘလက္  ႏွစ္မ်ိဳးသံုး ကိရိယာေတာ့ မဟုတ္ပါဘူး။ အေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ Dolby Atmos Speaker ႏွစ္လံုး ပါပါတယ္။

unicode

Notch ပါလာတဲ့ Lenovo Yoga S940

မျက်နှာပြင် အပြည့် ဒီဇိုင်းကို ဖန်တီးဖို့ အတွက် စမတ်ဖုန်းများမှာ Notch Design ကို အသုံးပြုလာကြပါတယ်။ အခုတော့ Notch Design ကို လက်ပ်တော့များမှာပါ အသုံးပြုလာကြပါတယ်။ Lenovo က CES 2019 မှာ Notch Design ပါတဲ့ Yoga S940 Laptop ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၁၆၄၉.၉၉ သတ်မှတ်ထားပါတယ်။ မေလမှာ ရောင်းချမှာပါ။

သူ့မှာ ၁၃.၉ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ HDR400 ကို ထောက်ပံ့တဲ့ 4K နဲ့ Full HD Model များ ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်က ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှာ Notch ထည့်သွင်းထားပြီး အဲဒီမှာ Webcam ကို တပ်ဆင်ထားပါတယ်။ ကင်မရာက Windows Hello ကို ထောက်ပံ့တဲ့ အတွက် မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာဖြင့် Log In ဝင်နိုင်ပါတယ်။ ဒါ့အပြင် မျက်လုံး လှုပ်ရှားမှုကနေ ကွန်ပြူတာကို ထိန်းချုပ်နိုင်တဲ့ နည်းပညာလည်း ပါပါတယ်။

သူ့ကို မော်ဒယ်များစွာ ထုတ်လုပ်ထားပါတယ်။ 16GB RAM , 1TB SSD Storage များအထိ ရွေးချယ်နိုင်ပါတယ်။ Intel 8th Gen Core i7 Processor ထည့်သွင်းထားပါတယ်။ USB-C Thunderbolt 3 Port ၂ ခု၊ USB-C Port ၁ ခု ထည့်သွင်းထားပါတယ်။

အခြား Yoga Laptop များမှာလို Iron Gray ကို အသုံးပြုထားပါတယ်။ ဝ.၅ လက်မ အထူနဲ့ ၂.၆ ပေါင် အလေးချိန်ရှိပါတယ်။ သူဟာ လက်ပ်တော့ ၊ တက်ဘလက် နှစ်မျိုးသုံး ကိရိယာတော့ မဟုတ်ပါဘူး။ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ Dolby Atmos Speaker နှစ်လုံး ပါပါတယ်။

Leave a Reply