iOS မှာ Virtual Home Button လေး ဘယ်လိုဖန်တီးကြမလဲ
0
523
Zawgyi Version
General ကို နှိပ်ပါ။
Unicode Version
iPhone 6 မှာ app အချို့ကို စမ်းသပ်သုံးစွဲကြည့်ပြီးနောက်မှာ ဖုန်းရဲ့ Home button လေး နှိပ်သလောက်မသွားတော့တာကို ခံစားမိလာတယ်။ အထူးသဖြင့် နှစ်ချက်နှိပ်တဲ့အခါမျိုးမှာပေါ့။ သေချာပါတယ်။ ရက်နည်းနည်းထပ်သုံးလိုက်ရင် လုံးဝကိုနှိပ်လို့ရတော့မှာ မဟုတ်ပါဘူး။
ဒီတော့ iPhone လေးကို power off လုပ်ရတယ်။ ပြန်ဖွင့်ရတယ်။ ဒီတော့ သုံးနေတဲ့ app တွေကနေ ထွက်ချင်ချင်၊ မထွက်ချင်ချင် ထွက်ရတော့တာပေ့ါ။ ပြင်ရင်လည်း အကုန်အကျများဦးမယ်မလား။
ဒါပေမယ့် ကံကောင်းချင်တော့ ပြုတ်ကျသွားလို့ Home button သုံးမရတော့တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရသွားတယ်။ iOS ရဲ့ Assistive Touch feature လေးကို အသုံးပြုပြီးတော့ virtual Home button အနေနဲ့ သုံးခဲ့တာလေ။ ပြီးတော့မှ ပိုက်ဆံစုပြီးတော့ သွားပြင်ခဲ့တာ ကျွန်တော်မှတ်မိနေသေးတယ်။
တကယ်လို့များ သင့်ရဲ့ iPhone Home button လေး ပျက်သွားတာ ဒါမှမဟုတ် မကောင်းတော့တာမျိုး၊ Home button ကို မနှိပ်ချင်တော့တာမျိုးဖြစ်နေတယ်ဆိုရင်တော့ Assistive Touch လေးကို စမ်းသုံးကြည့်လိုက်ပါ။
iPhone or iPad ရဲ့ Settings app လေးကို Launch လုပ်လိုက်ပါ။
General ကို နှိပ်ပါ။
Accessibility ကိုနှိပ်ပါ။
အောက်ဆင်းပြီးတော့ AssistiveTouch လေးကိုရှာနှိပ်ပါ။
AssistiveTouch လေးကို အစိမ်းရောင်လေးဖြစ်သွားအောင် toggle ဖွင့်လိုက်ပါ။
Custom Actions အောက်မှာ Single-Tap ကိုရွေးပါ။
နောက်ပြီးရင်တော့ Home ကို ရွေးပေးပါ။
AssistiveTouch virtual button လေးကတော့ နှိပ်ရင် Home button လေးလိုပဲ အလုပ်လုပ်ပေးမှာပါ။ စိတ်ကြိုက်နေရာမှာ ထားလို့ရပါတယ်။ မရွှေ့မချင်းရှိနေမှာပါ။ app တွေ သုံးနေရင်းလည်း အသုံးပြုနိုင်သလို Control Center သုံးနေလည်း အသုံးပြုနိုင်ဦးမှာပါ။
Leave a Reply