Enterprise Gadget Trending

Cellular Antenna ကို ျပန္လည္ဒီဇိုင္းဆင္ထားတဲ့ iPad Mini ရဲ႕ ပံုရိပ္မ်ားေပါက္ၾကားလာ

Zawgyi Version

အသစ္ထြက္ရွိလာမယ့္ iPad mini ရဲ႕ ပံုု႕ကိုၾကည့္လိုက္တဲ့အခ်ိန္မွာ အရင္မ်ိဳးဆက္ေတြနဲ႕ ျခားနားေနတဲ့ hardware ကို ေတြ႕လုိက္ရပါတယ္။ Mr. White ဆိုတဲ့သူက တြစ္တာအေကာင့္မွာ တင္ထားခဲ့တာျဖစ္ပါတယ္။ သူဟာ Apple ထုတ္ကုန္အသစ္ေတြကို ပါ၀င္မယ့္အစိတ္အပိုင္းေတြနဲ႕ တင္ေပးတတ္သူတစ္ေယာက္လုိ႕ လူသိမ်ားပါတယ္။

9to5Mac ရဲ႕ ေတြ႕ရွိခ်က္အရ ပန္းေရာင္ iPad mini ေလးမွာ antenna band ေလးေတြကို ေလးေထာင့္ပံုစံနဲ႕ ေတြ႕ျမင္ရပါတယ္။ လက္ရွိ iPad mini 4 နဲ႕ ဆင္တူပါတယ္။ ဒါေပမယ့္လည္း အနားေကြးထားတဲ့ပံုစံေလးအရ ပလတ္စတစ္နဲ႕ျဖည့္ထားျပီးေတာ့ အခ်က္ျပစနစ္ေလးေတြကို အတြင္းပိုင္းက wireless chip နဲ႕ ခ်ိတ္ဆက္ထားမယ္ထင္ပါတယ္။

Apple က သူ႕ရဲ႕ antenna design ကို တိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္ေနပါတယ္။ ၂၀၁၇ ရဲ႕ iPad Pro model ေတြမွာ cellular connectivity ေကာင္းမြန္ဖို႕အတြက္ band ေလးေတြကို က်ဥ္းထားပါတယ္။ ဒါေၾကာင့္ iPad mini အသစ္ေလးဟာ တိုးတက္မႈအသစ္တစ္ခုလို႕ ဆုိရမွာပါ။

ဒါ့အျပင္ ပံုေလးထဲမွာၾကည့္လုိက္ရင္ iPad mini 4 နဲ႕ ထပ္တူက်ေနပါတယ္။ headphone jack ၊ ေဘးဘက္က အသံခလုတ္၊ Lightning connector ၊ ေအာက္ဘက္က စပီကာႏွစ္လံုး စတာေတြကို ေတြ႕ျမင္ရပါတယ္။ အဲဒီတက္ဘလက္ေလးမွာ အေနာက္ကင္မရာရဲ႕ေဘးက LED flash မပါတဲ့အတြက္ေၾကာင့္ စဥ္းစားစရာပါပဲ။ ဒီအခ်က္က အရင္တုန္းက iPad mini generation တုိင္းမွာ ပါ၀င္ေနက်ျဖစ္ပါတယ္။

ျပီးခဲ့တဲ့လတုန္းက ကာဗာေလးတင္ေပးခဲ့ဖူးပါတယ္။ အဲဒီတုန္းက ကင္မရာေတြကို ေဒါင္လိုက္စီထားသလိုပါပဲ။ ဒါေၾကာင့္ အေနာက္ကင္မရာ LED flash နဲ႕ အလယ္မွာ microphone ေပါက္ပါမယ္လို႕ ေျပာခဲ့ပါတယ္။ စပီကာေလးလံုးအတြက္လည္း ေနရာျမင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တန္ဖိုးနည္းတဲ့ iPad mini အတြက္ feature ျမင့္သလို ျဖစ္ေနပါတယ္။ တစ္နည္းေျပာရမယ္ဆိုရင္ေတာ့ အသစ္ထြက္မယ့္ iPad mini အတြက္ ကာဗာမျဖစ္ေလာက္ပါဘူး။

ေအာက္တုိဘာလတုန္းက Ming-Chi Kuo ေျပာခဲ့တာကေတာ့ Apple က iPad mini အသစ္အတြက္ျပင္ဆင္ေနျပီး ၂၀၁၉ ပထမႏွစ္၀က္ေလာက္မွာ ျမင္ရလိမ့္မယ္လို႕ ေျပာထားပါတယ္။ မွန္ခဲ့မယ္ဆိုရင္ေတာ့ ေမာ္ဒယ္လ္အသစ္ကို ေတြ႕ျမင္ရမွာပါ။ ပိုမိုျမန္ဆန္တဲ့ processor ၊ အျခားတုိးတက္မႈေလးေတြကို ခံစားဖို႕ျပင္ထားပါ။

iPad mini 4 ကေတာ့ စက္တင္ဘာ ၂၀၁၅မွာ ထြက္ရွိခဲ့တာျဖစ္ျပီး ေဒၚလာ၃၉၉ နဲ႕ ၀ယ္ယူႏုိင္ေနပါတယ္။

Mr. White ဆိုတဲ့သူတစ္ေယာက္ကေတာ့ iPad mini 5 logic board ကို အရင္လတုန္းက ရွယ္ထားပါတယ္။ ဒါက iPhone 6s ေမာ္ဒယ္လ္ေတြမွာသံုးထားတဲ့ Apple A9 chip ကို သံုးထားမယ္လို႕ ေျပာေနတာပါ။ iPad mini 4 တုန္းက Apple A8 chip သံုးထားပါတယ္။ ဒါေၾကာင့္ သူတို႕ျပထားတဲ့ပံုက အရင္အေဟာင္း ဒါမွမဟုတ္ မထြက္ေတာ့မယ့္ ေမာ္ဒယ္လ္လို႕လည္း သံုးသပ္ထားၾကပါ။ မျမင္လုိက္ရတဲ့ Apple prototype ေတြလည္း ဒုနဲ႕ေဒးရွိတယ္ဆိုတာ ေမ့ထားလို႕မရပါဘူး။

iPad mini အသစ္ေလးကသာ ထြက္လာေတာ့မယ္ဆုိရင္ မတ္လမွာ ျမင္ရႏုိင္ပါတယ္။ အရင္တုန္းက iPad ေတြလည္း ဒီလမွာ ထုတ္ျပခဲ့တာမို႕ပါ။

Unicode Version

အသစ်ထွက်ရှိလာမယ့် iPad mini ရဲ့ ပုံ့ကိုကြည့်လိုက်တဲ့အချိန်မှာ အရင်မျိုးဆက်တွေနဲ့ ခြားနားနေတဲ့ hardware ကို တွေ့လိုက်ရပါတယ်။ Mr. White ဆိုတဲ့သူက တွစ်တာအကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ Apple ထုတ်ကုန်အသစ်တွေကို ပါဝင်မယ့်အစိတ်အပိုင်းတွေနဲ့ တင်ပေးတတ်သူတစ်ယောက်လို့ လူသိများပါတယ်။
9to5Mac ရဲ့ တွေ့ရှိချက်အရ ပန်းရောင် iPad mini လေးမှာ antenna band လေးတွေကို လေးထောင့်ပုံစံနဲ့ တွေ့မြင်ရပါတယ်။ လက်ရှိ iPad mini 4 နဲ့ ဆင်တူပါတယ်။ ဒါပေမယ့်လည်း အနားကွေးထားတဲ့ပုံစံလေးအရ ပလတ်စတစ်နဲ့ဖြည့်ထားပြီးတော့ အချက်ပြစနစ်လေးတွေကို အတွင်းပိုင်းက wireless chip နဲ့ ချိတ်ဆက်ထားမယ်ထင်ပါတယ်။
Apple က သူ့ရဲ့ antenna design ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နေပါတယ်။ ၂၀၁၇ ရဲ့ iPad Pro model တွေမှာ cellular connectivity ကောင်းမွန်ဖို့အတွက် band လေးတွေကို ကျဉ်းထားပါတယ်။ ဒါကြောင့် iPad mini အသစ်လေးဟာ တိုးတက်မှုအသစ်တစ်ခုလို့ ဆိုရမှာပါ။
ဒါ့အပြင် ပုံလေးထဲမှာကြည့်လိုက်ရင် iPad mini 4 နဲ့ ထပ်တူကျနေပါတယ်။ headphone jack ၊ ဘေးဘက်က အသံခလုတ်၊ Lightning connector ၊ အောက်ဘက်က စပီကာနှစ်လုံး စတာတွေကို တွေ့မြင်ရပါတယ်။ အဲဒီတက်ဘလက်လေးမှာ အနောက်ကင်မရာရဲ့ဘေးက LED flash မပါတဲ့အတွက်ကြောင့် စဉ်းစားစရာပါပဲ။ ဒီအချက်က အရင်တုန်းက iPad mini generation တိုင်းမှာ ပါဝင်နေကျဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ကာဗာလေးတင်ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကင်မရာတွေကို ဒေါင်လိုက်စီထားသလိုပါပဲ။ ဒါကြောင့် အနောက်ကင်မရာ LED flash နဲ့ အလယ်မှာ microphone ပေါက်ပါမယ်လို့ ပြောခဲ့ပါတယ်။ စပီကာလေးလုံးအတွက်လည်း နေရာမြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်ဖိုးနည်းတဲ့ iPad mini အတွက် feature မြင့်သလို ဖြစ်နေပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ အသစ်ထွက်မယ့် iPad mini အတွက် ကာဗာမဖြစ်လောက်ပါဘူး။
အောက်တိုဘာလတုန်းက Ming-Chi Kuo ပြောခဲ့တာကတော့ Apple က iPad mini အသစ်အတွက်ပြင်ဆင်နေပြီး ၂၀၁၉ ပထမနှစ်ဝက်လောက်မှာ မြင်ရလိမ့်မယ်လို့ ပြောထားပါတယ်။ မှန်ခဲ့မယ်ဆိုရင်တော့ မော်ဒယ်လ်အသစ်ကို တွေ့မြင်ရမှာပါ။ ပိုမိုမြန်ဆန်တဲ့ processor ၊ အခြားတိုးတက်မှုလေးတွေကို ခံစားဖို့ပြင်ထားပါ။
iPad mini 4 ကတော့ စက်တင်ဘာ ၂၀၁၅မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒေါ်လာ၃၉၉ နဲ့ ဝယ်ယူနိုင်နေပါတယ်။


Mr. White ဆိုတဲ့သူတစ်ယောက်ကတော့ iPad mini 5 logic board ကို အရင်လတုန်းက ရှယ်ထားပါတယ်။ ဒါက iPhone 6s မော်ဒယ်လ်တွေမှာသုံးထားတဲ့ Apple A9 chip ကို သုံးထားမယ်လို့ ပြောနေတာပါ။ iPad mini 4 တုန်းက Apple A8 chip သုံးထားပါတယ်။ ဒါကြောင့် သူတို့ပြထားတဲ့ပုံက အရင်အဟောင်း ဒါမှမဟုတ် မထွက်တော့မယ့် မော်ဒယ်လ်လို့လည်း သုံးသပ်ထားကြပါ။ မမြင်လိုက်ရတဲ့ Apple prototype တွေလည်း ဒုနဲ့ဒေးရှိတယ်ဆိုတာ မေ့ထားလို့မရပါဘူး။
iPad mini အသစ်လေးကသာ ထွက်လာတော့မယ်ဆိုရင် မတ်လမှာ မြင်ရနိုင်ပါတယ်။ အရင်တုန်းက iPad တွေလည်း ဒီလမှာ ထုတ်ပြခဲ့တာမို့ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.