Enterprise Social Trending

၂၀၁၈ဘ႑ာႏွစ္အတြက္ ေဘာနပ္စ္၁၂မီလ်ံရခဲ့လို႕ ေဒၚလာ၁၃၆မီလ်ံအထိပိုင္ဆုိင္ခဲ့တဲ့ စီအီးအိုတင္ကြတ္ခ္

Zawgyi Version

ေရာင္းအားေတြက်ဆင္းျပီး ထုတ္လုပ္မႈေတြေလွ်ာ့ခ်ေနေပမယ့္လည္း ၂၀၁၈ဘ႑ာႏွစ္မွာ တားဂတ္ထိခဲ့တာမို႕ ဘုတ္အဖြဲ႕က CEO Tim cook ကို ေဘာနပ္စ္အေနနဲ႕ ၂၂% တိုးေပးခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၇ခုႏွစ္မွာ ၁၂.၈၃မီလ်ံရွာႏုိင္ခဲ့ျပီး ၂၀၁၈ခုႏွစ္မွာေတာ့ ၁၅.၇မီလ်ံအထိ တိုးတက္သြားခဲ့ပါတယ္။

BusinessInsider ရဲ႕ တင္ျပခ်က္ကိုၾကည့္ရေအာင္။

အေျခခံလစာ ေဒၚလာ၃မီလ်ံ၊ အေရာင္းနဲ႕ ၀င္ေငြတားဂတ္ထိမႈအတြက္ ေဘာနပ္စ္ေဒၚလာ၁၂မီလ်ံ၊ Cook ရဲ႕ private jet အတြက္ ေဒၚလာ၂၉၄၀၈၂ တိုက ပါ၀င္ေနေၾကာင္း သိရပါတယ္။

ပံုကိုၾကည့္လုိက္မယ္ဆိုရင္ေတာ့ မႏွစ္္ကတုန္းက Apple stock ဟာ ေဒၚလာ၁၂၁မီလ်ံ ျဖစ္ေနပါတယ္။ ၂၀၁၈ stock ကို ေဒၚလာ၁၂၁မီလ်ံထည့္လိုက္မယ္ဆိုရင္ေတာ့ အေျခခံလစာ ေဒၚလာ၃မီလ်ံနဲ႕ ေပါင္းရမွာပါ။ performance အေပၚမွာမူတည္ျပီးေပးတဲ့ ေဒၚလာ၁၂မီလ်ံ တို႕ ေပါင္းလုိက္မယ္ဆုိုရင္ေတာ့ Cook အတြက္ ၂၀၁၈ ဘ႑ာႏွစ္ရဲ႕ရေငြဟာ ေဒၚလာ၁၃၆.၆၈မီလ်ံ ျဖစ္သြားပါတယ္။

Apple ကေတာ့ “ဒီလိုဆုေၾကးေငြေတြ ေပးအပ္ျခင္းက သူတို႕ရဲ႕ ၂၀၁၈အတြက္ ေပးဆပ္ခဲ့တဲ့လုပ္အားေတြကို ထင္ဟပ္ေနလိမ့္မယ္လို႕ ကၽြန္ေတာ္တို႕ယံုၾကည္ပါတယ္လို႕ ေျပာထားခဲ့ပါတယ္။ ”

CEO အတြက္္ သီးသန္႕ဖလိုက္စီစဥ္ရာမွာ ေဒၚလာ၂၉၄၀၈၂ အထိ သံုးစြဲခဲ့ျပီးေတာ့ personal security အတြက္ ေဒၚလာ၃၁၀၉၈၁ ကိုလည္း သံုးခဲ့ပါေသးတယ္။ ၂၀၁၇ခုႏွစ္က Cook ဟာ သီးသန္႕ယာဥ္ကို လုုပ္ငန္းေရာ၊ ကိုယ္ပိုင္ခရီးသြားလာမႈအတြက္ပါ သံုးခဲ့တယ္လို႕ ေျပာထားပါတယ္။ သူဟာ စီအီးအိုျဖစ္တဲ့အတြက္ေၾကာင့္ ရာထူးဂုဏ္ပုဒ္နဲ႕လိုက္ေလ်ာညီေထြေအာင္ လုပ္ေဆာင္ေပးရမယ့္ လံုျခံဳေရး၊ ခံစားခြင့္ေတြရွိသင့္တယ္လို႕ ဘုတ္အဖြဲ႕ေတြက ေျပာထားပါတယ္။

အျခားအမႈေဆာင္ေတြကလည္း ေဘာနပ္စ္ၾကီးၾကီးေတြ ရထားပါတယ္။ ဘ႑ာေရးမွဴး Luca Maestri ၊ အေထြေထြအၾကံေပး Kate Adams ၊ အေရာင္းပိုင္းေခါင္းေဆာင္ Angela Ahrendts နဲ႕ Jeff Williams တို႕ကလည္း ေဒၚလာ၂၆မီလ်ံအထိ ရခဲ့ပါတယ္။ သူတို႕ရဲ႕အေျခခံလစာကေတာ့ ေဒၚလာ၁မီလ်ံပါ။

ဒါရိုက္တာ Andrea Jung, Al Gore နဲ႕ Bob Iger တို႕ကေတာ့ ခံစားခြင့္ေတြေပးတဲ့ေကာ္မတီ၀င္ေတြျဖစ္ၾကပါတယ္။

Cook ရဲ႕ stock ေတြကေတာ့ ၂၀၁၁ခုႏွစ္က ရခဲ့တာေတြျဖစ္ပါတယ္။ ဒါ့အျပင္ မယူရေသးတဲ့ share က ၁.၅မီလ်ံရွိေနပါေသးတယ္။ လက္ရွိေပါက္ေစ်းအရဆိုရင္ေတာ့ ေဒၚလာ၁၈၉မီလ်ံပါ။

Highlights ေတြကို ၾကည့္ရရင္

         Cook ဟာ ၂၀၁၈ခုႏွစ္ ဘ႑ာႏွစ္မွာ $15,682,219 ရခဲ့ပါတယ္။

         median ၀န္ထမ္းေတြက $55,426 ရခဲ့ပါတယ္။

         ၀န္ထမ္းစုစုေပါင္းရဲ႕တစ္၀က္ကေတာ့ ခုန median ၀န္ထမ္းေတြထက္ ရေငြပိုမ်ားသလို တစ္၀က္ကေတာ့ ရေငြနည္းခဲ့ပါတယ္။

         Apple ကေတာ့ လက္ရွိမွာ ၀န္ထမ္း 132,000 ရွိပါတယ္။

“Cook ရဲ႕ ေဒၚလာ၁၅.၇မီလ်ံ ဆိုတာက median ၀န္ထမ္းေတြရဲ႕ ၂၈၃ဆ ျဖစ္ပါတယ္”လို႕ Business Insider က တင္ျပခဲ့ပါတယ္။

၂၀၁၈ ဘ႑ာႏွစ္ကေတာ့ စက္တင္ဘာ ၂၉မွာ အဆံုးသတ္ခဲ့ပါတယ္။ အားလပ္ရက္ရာသီမွာေတာ့ ၂၀၁၉ရဲ႕ ပထမဆံုးကြာတားအတြက္ ဘ႑ာေရးအေျခအေနေတြ သံုးသပ္ထားတဲ့ဖုိင္ေတြ ထြက္လာခဲ့ပါတယ္။

Cook ကေတာ့ အလွဴအတန္းေတြလုပ္သြားဖို႕ စီစဥ္ေနပါတယ္။ မႏွစ္ကတုန္းကလည္း ေဒၚလာ၅မီလ်ံေလာက္ လွဴဒါန္းခဲ့တယ္လို႕ ေဖာ္ျပထားပါတယ္။

၂၀၁၁ခုႏွစ္တည္းက စီအီးအိုျဖစ္လာခဲ့တာမို႕ သူ႕မွာ stock နဲ႕ေျပာရရင္ ေဒၚလာ၆၅၀မီလ်ံ ပုိင္ဆုိင္ေနပါျပီ။

Unicode Version

ရောင်းအားတွေကျဆင်းပြီး ထုတ်လုပ်မှုတွေလျှော့ချနေပေမယ့်လည်း ၂၀၁၈ဘဏ္ဍာနှစ်မှာ တားဂတ်ထိခဲ့တာမို့ ဘုတ်အဖွဲ့က CEO Tim cook ကို ဘောနပ်စ်အနေနဲ့ ၂၂% တိုးပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၇ခုနှစ်မှာ ၁၂.၈၃မီလျံရှာနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ၁၅.၇မီလျံအထိ တိုးတက်သွားခဲ့ပါတယ်။
BusinessInsider ရဲ့ တင်ပြချက်ကိုကြည့်ရအောင်။
အခြေခံလစာ ဒေါ်လာ၃မီလျံ၊ အရောင်းနဲ့ ဝင်ငွေတားဂတ်ထိမှုအတွက် ဘောနပ်စ်ဒေါ်လာ၁၂မီလျံ၊ Cook ရဲ့ private jet အတွက် ဒေါ်လာ၂၉၄၀၈၂ တိုက ပါဝင်နေကြောင်း သိရပါတယ်။


ပုံကိုကြည့်လိုက်မယ်ဆိုရင်တော့ မနှစ်ကတုန်းက Apple stock ဟာ ဒေါ်လာ၁၂၁မီလျံ ဖြစ်နေပါတယ်။ ၂၀၁၈ stock ကို ဒေါ်လာ၁၂၁မီလျံထည့်လိုက်မယ်ဆိုရင်တော့ အခြေခံလစာ ဒေါ်လာ၃မီလျံနဲ့ ပေါင်းရမှာပါ။ performance အပေါ်မှာမူတည်ပြီးပေးတဲ့ ဒေါ်လာ၁၂မီလျံ တို့ ပေါင်းလိုက်မယ်ဆိုရင်တော့ Cook အတွက် ၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ရငွေဟာ ဒေါ်လာ၁၃၆.၆၈မီလျံ ဖြစ်သွားပါတယ်။
Apple ကတော့ “ဒီလိုဆုကြေးငွေတွေ ပေးအပ်ခြင်းက သူတို့ရဲ့ ၂၀၁၈အတွက် ပေးဆပ်ခဲ့တဲ့လုပ်အားတွေကို ထင်ဟပ်နေလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်လို့ ပြောထားခဲ့ပါတယ်။ ”
CEO အတွက် သီးသန့်ဖလိုက်စီစဉ်ရာမှာ ဒေါ်လာ၂၉၄၀၈၂ အထိ သုံးစွဲခဲ့ပြီးတော့ personal security အတွက် ဒေါ်လာ၃၁၀၉၈၁ ကိုလည်း သုံးခဲ့ပါသေးတယ်။ ၂၀၁၇ခုနှစ်က Cook ဟာ သီးသန့်ယာဉ်ကို လုပ်ငန်းရော၊ ကိုယ်ပိုင်ခရီးသွားလာမှုအတွက်ပါ သုံးခဲ့တယ်လို့ ပြောထားပါတယ်။ သူဟာ စီအီးအိုဖြစ်တဲ့အတွက်ကြောင့် ရာထူးဂုဏ်ပုဒ်နဲ့လိုက်လျောညီထွေအောင် လုပ်ဆောင်ပေးရမယ့် လုံခြုံရေး၊ ခံစားခွင့်တွေရှိသင့်တယ်လို့ ဘုတ်အဖွဲ့တွေက ပြောထားပါတယ်။
အခြားအမှုဆောင်တွေကလည်း ဘောနပ်စ်ကြီးကြီးတွေ ရထားပါတယ်။ ဘဏ္ဍာရေးမှူး Luca Maestri ၊ အထွေထွေအကြံပေး Kate Adams ၊ အရောင်းပိုင်းခေါင်းဆောင် Angela Ahrendts နဲ့ Jeff Williams တို့ကလည်း ဒေါ်လာ၂၆မီလျံအထိ ရခဲ့ပါတယ်။ သူတို့ရဲ့အခြေခံလစာကတော့ ဒေါ်လာ၁မီလျံပါ။
ဒါရိုက်တာ Andrea Jung, Al Gore နဲ့ Bob Iger တို့ကတော့ ခံစားခွင့်တွေပေးတဲ့ကော်မတီဝင်တွေဖြစ်ကြပါတယ်။
Cook ရဲ့ stock တွေကတော့ ၂၀၁၁ခုနှစ်က ရခဲ့တာတွေဖြစ်ပါတယ်။ ဒါ့အပြင် မယူရသေးတဲ့ share က ၁.၅မီလျံရှိနေပါသေးတယ်။ လက်ရှိပေါက်ဈေးအရဆိုရင်တော့ ဒေါ်လာ၁၈၉မီလျံပါ။
Highlights တွေကို ကြည့်ရရင်
 Cook ဟာ ၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်မှာ $15,682,219 ရခဲ့ပါတယ်။
 median ဝန်ထမ်းတွေက $55,426 ရခဲ့ပါတယ်။
 ဝန်ထမ်းစုစုပေါင်းရဲ့တစ်ဝက်ကတော့ ခုန median ဝန်ထမ်းတွေထက် ရငွေပိုများသလို တစ်ဝက်ကတော့ ရငွေနည်းခဲ့ပါတယ်။
 Apple ကတော့ လက်ရှိမှာ ဝန်ထမ်း 132,000 ရှိပါတယ်။
“Cook ရဲ့ ဒေါ်လာ၁၅.၇မီလျံ ဆိုတာက median ဝန်ထမ်းတွေရဲ့ ၂၈၃ဆ ဖြစ်ပါတယ်”လို့ Business Insider က တင်ပြခဲ့ပါတယ်။
၂၀၁၈ ဘဏ္ဍာနှစ်ကတော့ စက်တင်ဘာ ၂၉မှာ အဆုံးသတ်ခဲ့ပါတယ်။ အားလပ်ရက်ရာသီမှာတော့ ၂၀၁၉ရဲ့ ပထမဆုံးကွာတားအတွက် ဘဏ္ဍာရေးအခြေအနေတွေ သုံးသပ်ထားတဲ့ဖိုင်တွေ ထွက်လာခဲ့ပါတယ်။
Cook ကတော့ အလှူအတန်းတွေလုပ်သွားဖို့ စီစဉ်နေပါတယ်။ မနှစ်ကတုန်းကလည်း ဒေါ်လာ၅မီလျံလောက် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၁ခုနှစ်တည်းက စီအီးအိုဖြစ်လာခဲ့တာမို့ သူ့မှာ stock နဲ့ပြောရရင် ဒေါ်လာ၆၅၀မီလျံ ပိုင်ဆိုင်နေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.