Gadget Trending

ရင်းနှီးနေတဲ့ Xiaomi ရဲ့ wireless earbuds အသစ်

Zawgyi Version











AirPods 2

         Wireless charging: Yes

         Bluetooth 5.0: Yes



         Hey Siri: No

         Noise cancellation: No

         Sweat resistance: No

         New design: No


AirPods 3

         Wireless charging: Yes

         Bluetooth 5.0: Yes


         Hey Siri: Yes


         Sweat resistance: Yes

         New design: Yes






Unicode Version

Xiaomi ကတော့ Apple ရဲ့ဒီဇိုင်းတွေကို ကူးချနေတာ ရှက်ရမှန်းမသိပါဘူး။ အခုလည်း AirPods နဲ့ အပြိုင်ဖြစ်လာမယ့် Mi AirDots Pro ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။
CES 2019 မှာ မိတ်ဆက်ခဲ့တဲ့ AirDots Pro ကတော့ wireless earphone အမျိုးအစားဖြစ်ပြီးတော့ AirPods နဲ့ ခွဲခြားရခက်ပါလိမ့်မယ်။ ဒါဟာ ဒုတိယမျိုးဆက်ဖြစ်ပြီးတော့ မူရင်း AirDots ကို ၂၀၁၈ နိုဝင်ဘာလမှာ ထွက်ရှိခဲ့ပါတယ်။
အခုထွက်လာတဲ့မော်ဒယ်လ်ကတော့ မူရင်းထက် AirPods ကို ပုံစံတုထားပါတယ်။


Apple ဟာလိုပဲ Xiaomi ရဲ့ Bluetooth earphone ဟာလည်း သီချင်းရစ်ခြင်း၊ ရပ်ခြင်း၊ personal assistant ခေါ်ခြင်းတွေကို touch နဲ့ လုပ်ဆောင်ရမှာပါ။ beam-forming microphone ၊ လေးနာရီခံမယ့် ဘတ်ထရီ၊ ဆယ်နာရီလောက်အထိ အသုံးခံမယ့် charging case တို့ကိုလည်း ခံစားနိုင်ဦးမှာပါ။
ဘယ်နဲ့ညာဟာ ဆူညံသံကင်းတဲ့ အသံခံစားမှုအစစ်အမှန်ကို ပေးစွမ်းနိုင်ပါတယ်။ တစ်ခုကို နားထဲကနေ ဖယ်လိုက်တောင် အခြားတစ်ခုက အလုပ်လုပ်နေဦးမှာဖြစ်ပြီးတော့ အသံအရည်အသွေးကို မထိခိုက်ဘဲ သူငယ်ချင်းတွေနဲ့ တစ်ဖက်စီနားထောင်လို့ရပါတယ်။
အသံအရည်အသွေးအရဆိုရင်တော့ Mi AirDots Pro တွေဟာ 7mm neodymium iron boron magnetic + titanium-plated diaphragm dynamic ring speaker unit ၊ ANC active noise reduction တို့ကြောင့် ခံစားမှုအပြည့်အဝပေးစွမ်းနိုင်မှာပါ။
AAC codec အထိ ထောက်ပံ့ပေးထားပြီးတော့ iOS ၊ Android မရွေးချိတ်ဆက်နိုင်ပါတယ်။


AirPods နဲ့မတူတာကတော့ IPX4 water resistance ပါဝင်ပါတယ်။ ဒါကြောင့် work out လုပ်နေချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ နောက်ပြီး noise cancellation နဲ့ ဆီလီကွန်အစွပ်လေးတွေ ပါဝင်ပါတယ်။ ဒါတွေက AirPods မှာလည်း ပါဝင်လာတော့မှာပါ။
နောက်တစ်ခုကတော့ လာမယ့် AirPods မော်ဒယ်လ်တွေမှာ နှလုံးခုန်စောင့်ကြည့်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတွေကိုလည်း နားကြပ်လေးကတစ်ဆင့်လုပ်ဆောင်နိုင်တော့မှာပါ။ AirPods တွော Apple ရဲ့ လူကြိုက်များတဲ့ထုတ်ကုန်ဖြစ်ပါတယ်။
AirPods update တွေကို ခန့်မှန်းပေးရမယ်ဆိုရင်တော့ဖြင့်


AirPods 2
 Wireless charging: Yes
 Bluetooth 5.0: Yes
 Apple wireless chip: Yes
 More extended range: Yes
 Hey Siri: No
 Noise cancellation: No
 Sweat resistance: No
 New design: No
 Release date: first half of 2019
AirPods 3
 Wireless charging: Yes
 Bluetooth 5.0: Yes
 Apple wireless chip: Yes
 Hey Siri: Yes
 Noise cancellation: Yes
 Sweat resistance: Yes
 New design: Yes
 More extended range: Yes
 Release date: some time in 2020
Apple က Bluetooth earphone အသေးလေးတွေနဲ့ Google ၊ Amazon တို့ကို ပြိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူတို့ဆီကလည်း ၂၀၁၉မှာ Bluetooth earphone တွေ့ ထပ်မံတွေ့မြင်ရလောက်ပါတယ်။
Xiaomi ရဲ့ AirDots ကတော့ အဖြူ၊ black-clad edition တို့နဲ့ ရရှိနိုင်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ၆၀လောက်ရှိပါလိမ့်မယ်။ AirPods ကတော့ ၁၅၉ဒေါ်လာလောက်ရှိပါတယ်။
စတင်ရောင်းချမယ့်ရက်ကတော့ ဇန်နဝါရီလ ၁၁ရက်ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.